ကျိုက်ထိုတွင် ကားနှင့်မျက်နှာချင်းဆိုင်တိုက်၍ ဆိုင်ကယ်စီးသူနှစ်ဦး သေဆုံး

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းကော့ဘိန်းကျေး ရွာ မိုင်တိုင် ၁၁၂/၅ အနီးတွင် နိုဝင်ဘာ ၁၀ ရက်ညနေ ၅ နာရီ ခန့်က ကားနှင့်ဆိုင်ကယ်တို့ လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်ရာမှ ဆိုင်ကယ်စီးသူနှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ကျိုက်ထိုမြို့မရဲစခန်းမှ ရဲအရာရှိက ပြောသည်။

အဝေးပြေး လမ်းအတိုင်း မော်လမြိုင်ဘက်မှ ကျိုက်ထို ဘက်သို့ ဇင်မင်းဆိုသူမောင်းနှင် လာသော မီနီကူးပါးအစိမ်းရောင် ကားနှင့် တစ်ဖက်ယာဉ်ကြောမှ အမည်မသိအမျိုးသားမောင်းနှင်

ပြီး နောက်တွင် အမျိုးသားတစ်ဦးလိုက်ပါစီးနင်းလာသော ဆူဇူကီးစမတ်ဆိုင်ကယ်တို့ လမ်းလယ်၌ မျက်နှာချင်းဆိုင်တိုက်ခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦးစလုံး အခင်းဖြစ်နေရာတွင် သေဆုံးပြီး ယာဉ်မောင်းသူလည်း ဒဏ်ရာများရရှိခဲ့ကြောင်း  ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

‘‘သေဆုံးသူတွေက ဘယ်သူ ဘယ်ဝါဆိုတာ မသိသေးပါဘူး။ နေရပ်လိပ်စာစုံစမ်းနေဆဲပါ’’ ဟု အဆိုပါရဲအရာရှိက ပြောသည်။

အမျိုးသားနှစ်ဦး၏ အ လောင်းကို ကျိုက်ထိုမြို့နယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး သေဆုံး သူများ၏ နေရပ်လိပ်စာကို စုံစမ်းနေကြောင်း၊ ယာဉ်မောင်းနှင့်ဆိုင်ကယ် မောင်းသူနှစ်ဦးကို ကျိုက်ထိုမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။