မန္တလေး သဇင်ဘီစကွတ်စက်ရုံ ဘွိုင်လာပေါက်ကွဲရာမှ မီးလောင်မှုဖြစ်

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ၀ိုင်းဝန်းငြိမ်းသတ်နေစဉ် (ဓာတ်ပုံ − စည်သူလင်း)

မန္တလေးမြို့ ပြည်ကြီး တံခွန်မြို့နယ်ရှိ သဇင်ဘီစကွတ် စက်ရုံတွင် နိုဝင်ဘာ ၁၁ ရက် နေ့လယ်က ဘွိုင်လာပေါက်ကွဲရာ မှ မီးလောင်မှုဖြစ်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ယောမင်းကြီးလမ်း (၆၉)လမ်းနှင့် လမ်း (၇၀)ကြားရှိ သဇင်ဘီစကွတ်စက် ရုံတွင် ဘွိုင်လာပေါက်ကွဲပြီး အနီးရှိ လောင်စာများကို မီးကူးစက် ရာမှတစ်ဆင့် ပေ ၄၀၊ ပေ ၂၀၀ ကျယ်ဝန်းသော RC တစ်ထပ် တိုက်စက်ရုံတစ်ရုံ မီးလောင်ပျက်စီးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

နာရီဝက်ခန့်အကြာ မီး လောင်ကျွမ်းမှုတွင် ထိခိုက်ဒဏ် ရာရမှုနှင့် သေဆုံးမှုမရှိဘဲ အ ဆောက်အအုံနှင့် အတွင်းပစ္စည်း စုစုပေါင်း ကျပ်သိန်း ၁၈၀ ကျော် ဖိုး ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီး ဌာနမှတ်တမ်းများ၌   ဖော်ပြ သည်။

မီးလောင်မှုအတွက် စက်ရုံ မန်နေဂျာကို မီးပေါ့ဆမှုပုဒ်မ ၂၈၅ ဖြင့် ပြည်ကြီးတံခွန်မြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားသည်။

နိုဝင်ဘာ ၇ ရက်ကလည်း မန္တလေးမြို့ ချမ်းမြသာစည်မြို့ နယ် အောင်သာယာရပ်ကွက်ရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ဂက်စ် အိုးအနီးရှိ ပလတ်ခုံအပူလွန်ကဲ ရာမှ အဆောက်အအုံတစ်လုံး မီး လောင်ခဲ့သည်။

Top News