ဖက်ရှင်ဆိုင် ပူးပေါင်းဖွင့်လှစ်မယ့် လွှမ်းပိုင်နဲ့ Bobby Soxer

အဆိုတော်လွှမ်းပိုင်နှင့် ထက်ထက်(Bobby Soxer)တို့ နှစ်ဦး စပ်တူဖွင့်မည့် High Skool ဖက်ရှင်ဆိုင်ကို တာမွေမြို့နယ် ကျိက္ကဆံလမ်းရှိ အထက(၄) တာမွေကျောင်းရှေ့တွင် နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း  အဆိုတော်လွှမ်းပိုင်က ပြောသည်။ 

‘‘အဓိကကတော့ ဒီလိုအင်္ကျီ ဆိုင်ဖွင့်ဖြစ်တာကတော့ ကိုယ်ပိုင် Clothing Brand တစ်ခုကို လုပ် ချင်တယ်ပေါ့။ ကျွန်တော်တို့ပရိ သတ်တွေအတွက်ပဲ ရည်ရွယ်ပြီး ထုတ်တာမျိုးမဟုတ်ဘဲ လူတိုင်း နေ့စဉ်နေ့တိုင်း လူငယ်တွေ သူတို့ ရဲ့နေ့စဉ်လှုပ်ရှားမှုမှာ ဝတ်လို့ရ မယ့်၊ ဝတ်လို့ အဆင်ပြေမယ့် အင်္ကျီပုံစံမျိုးပေါ့။ ပွဲသွားရင်ပဲဖြစ် ဖြစ်၊ ဘယ်ပဲသွားသွားပေါ့။ အ ဆင်ပြေအောင် ယောက်ျားလေးနဲ့ မိန်းကလေးအတွက် ရည်ရွယ်ပြီး စီးပွားရေးတစ်ခုလုပ်ဖို့ တိုင်ပင် ဖြစ်ရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့ တာပါ’’ဟု အဆိုပါဆိုင်ဖြစ်ပေါ် လာပုံကို ၎င်းက ပြောသည်။ 

ဆိုင်ဖွင့်လှစ်ရန် တစ်နှစ်ခန့် ကြာ ပြင်ဆင်ခဲ့ကြောင်း ဆိုသည်။ 

‘‘ကျွန်တော်တို့ဆီမှာ အဓိက ရနိုင်တာက လူငယ်တွေအတွက် ကျွန်တော်တို့ဝတ်သလို ပုံစံမျိုး တွေ အဓိကက Street Wear ပေါ့။ Street Fashion တွေကို ကြိုက်တဲ့ လူငယ်တွေအတွက် Street Wear တွေကို တင်သွား မယ်။ ယောက်ျားလေး၊ မိန်းက လေးအတွက် အစုံရမှာပေါ့။ ဒီဆိုင်မှာ ဆိုင်စစဖွင့်ချင်းမှာ ကိုယ်ပိုင် Brand အင်္ကျီမထုတ်သေးဘူး။ ဆိုင်ဖွင့်ပြီး တစ်လ၊ နှစ်လလောက် နေမှ ကိုယ်ပိုင် Brand ကို စထုတ် မှာပါ။ အခုလောလောဆယ်က တော့ လူငယ်တွေ ဝတ်နေတဲ့ Street Wear ဒီဇိုင်းတွေကို အရင် ထုတ်မှာပါ’’ဟု လွှမ်းပိုင်က ပြော သည်။ 

အားလုံးဝယ်ယူအားပေးနိုင် မည့်ဈေးနှုန်းအတိုင်းအတာဖြင့် ရောင်းချရန် သတ်မှတ်ထားပြီး အနုပညာရှင်ဖွင့်သည့် ဆိုင်ဖြစ် သောကြောင့် ဈေးကြီးသည်ဆို ခြင်းမျိုး မဖြစ်စေရဟု လွှမ်းပိုင်က ဆိုသည်။ 

Top News