သိမ်းဆည်းခံလယ်ယာမြေအရေး ရန်ကုန်တိုင်းအစိုးရနှင့်လွှတ်တော် ဖြေရှင်းနိုင်မှု အားနည်းဟုဝေဖန်

ရန်ကုန်တိုင်းရှိ လယ်ယာမြေပြဿနာနှင့် အမှုအခင်းဆိုင်ရာသတင်းစာရှင်းလင်းပွဲကို ကော့မှူးမြို့နယ်၌ ပြုလုပ်ခဲ့သည်။ (ဓာတ်ပုံ − နိုင်လင်း)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ သည် လယ်ယာမြေသိမ်းဆည်းခံ ရသည့်တောင်သူလယ်သမားများ အရေး ဖြေရှင်းဆောင်ရွက်နိုင်မှု အားနည်းနေကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ဝေဖန်သည်။ 

ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမြေပြဿနာများ၊ လယ်ယာမြေဆိုင်ရာ အမှုအခင်းများ နှင့်ပတ်သက်၍ သတင်းစာရှင်း လင်းပွဲတစ်ရပ်ကို နိုဝင်ဘာ ၁၁ ရက်က ကော့မှူးမြို့နယ်၌ ပြုလုပ် ရာ ဒေါ်စုစုနွေးက ယင်းသို့ ပြော ကြားသည်။ 

‘‘ကျွန်မတို့ ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့က တောင်သူ လယ်သမားတွေရဲ့မြေယာပြဿ နာဖြေရှင်းမှုဟာ ကျန်တဲ့တိုင်းတွေ ထက် အင်မတန် အားနည်းပါ တယ်။ အလုပ်မလုပ်ဘူးလို့ ကျွန်မပြောချင်ပါတယ်’’ဟု ၎င်းက ပြောသည်။  ယင်းသတင်းစာရှင်းလင်းပွဲ ကို လယ်သိမ်းခံတောင်သူများ၏ တောင်းဆိုချက်အရ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂက ဦး ဆောင်ကျင်းပကြောင်း ဒေါ်စုစု နွေးက ဆိုသည်။ သတင်းစာရှင်း လင်းပွဲသို့ သန်လျင်၊ တွံတေးနှင့် ကော့မှူးမြို့နယ်တို့ရှိ လယ်သိမ်း ခံတောင်သူများတက်ရောက်ကာ ၎င်းတို့ကြုံနေရသည့် အခက်အ ခဲများကို ပြောကြားသည်။ 

‘‘ကျွန်တော်တို့နိုင်ငံတော်အ တိုင်ပင်ခံရုံးရော၊ သမ္မတရုံးရော အဆင့်ဆင့်ကို တင်ပြတယ်။ တိုင်းဒေသကြီးအစိုးရရော၊ လွှတ်တော် ကိုယ်စားလှယ်တွေရော တင်ပြ တယ်။ ၉၆ ခုနှစ်ကတည်းက သိမ်း ထားတဲ့ လယ်တွေ ၂၁ နှစ်ရှိပြီ။ အခုထက်ထိပြန်မရဘူး’’ဟု တွံ တေးမြို့နယ် ဘုရားကြီးကျေးရွာမှ လယ်သိမ်းခံတောင်သူတစ်ဦးက ပြောသည်။ 

လက်ရှိ ဒီချုပ်အစိုးရလက် ထက်တွင် လယ်ယာမြေအငြင်း ပွားမှုပြဿနာများ ဖြေရှင်းရာ၌ တရားမျှတမှုနှင့် ပြေလည်နိုင်မှု ဘက်သို့ ဦးတည်ရမည့်အစား တဖြည်းဖြည်းပို၍ ဆိုးရွားသည့် အခြေအနေသို့ ဦးတည်နေ ကြောင်း မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂက ယင်းသ တင်းစာရှင်းပွဲ၌ ထုတ်ပြန်သည့် သဘောထားကြေညာချက်တွင် ဖော်ပြသည်။ 

‘‘ကော့မှူးမှာဆိုရင်လည်း လယ်ယာမြေအငြင်းပွားမှုဖြေရှင်း မှုတွေက အစိုးရသစ်လက်ထက် မှာ ပိုပြီးအားနည်းလာတယ်။ ပြည်သူလူထုအခက်အခဲကို ဥပဒေအ ရ အကာအကွယ်မပြုတာတွေရှိ နေတယ်။ ဒါကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေနဲ့ ပြဿနာတစ် စုံတစ်ရာရှိလာရင် ကွင်းဆင်းစစ် ဆေးပြီးတော့ မှန်မှန်ကန်ကန်ဆုံး ဖြတ်ပေးပါလို့   တောင်းဆိုပါ တယ်’’ဟု ဒေါ်စုစုနွေးက ပြော သည်။  လယ်သိမ်းခံ တောင်သူများ ၏သိမ်းဆည်းခံမြေများပြန်လည် ပေးအပ်နိုင်ရေးနှင့် လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်တို့က ကြိုးပမ်းဆောင်ရွက်နေသော် လည်း အခက်အခဲအချို့ကြောင့် မျှော်လင့်သည်ထက် ပိုမို အချိန်ယူဆောင်ရွက်နေရကြောင်း ကော့မှူးမြို့နယ် ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာအေးက ပြောသည်။ 

‘‘ကျွန်မတို့ဘက်က လုပ် ဆောင်နိုင်တဲ့ ကိစ္စတွေရှိသလို မ လုပ်ဆောင်နိုင်တဲ့ ကိစ္စတွေလည်း ရှိတဲ့အတွက် ဝေဖန်မှုတွေက တော့ ရှိမှာပါပဲ။ တော်တော်များ များကတော့ စိစစ်နေပါတယ်။ ဝန်ကြီးချုပ်ကလည်း ဒါတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်ဖို့ တိုက်တွန်းထားတာရှိပါတယ်’’ ဟု​ ၎င်းက ပြောသည်။ 

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူဦးဆောင်သည့် လယ် ယာမြေနှင့် အခြားမြေများ သိမ်း ဆည်းခံရမှု  ပြန်လည်စိစစ်ရေး ဗဟိုကော်မတီက ယခုနှစ် ဧပြီ ၁၂ ရက်တွင် ထုတ်ပြန်သည့် စာရင်းအရ ဗဟိုကော်မတီသို့ ပေးပို့ထား သည့် တိုင်ကြားစာ စုစုပေါင်း ၁,၅၇၁ မှုရှိသည်။ 

ထို့ပြင် ယခင်အစိုးရလက် ထက် မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီက စိစစ်နိုင်ခဲ့ခြင်း မရှိသော မြေကိစ္စအမှုတွဲ ၃,၆၂၂ မှုလည်း ကျန်ရှိနေကြောင်း ယင်း ထုတ်ပြန်ချက်၌ ပါရှိသည်။ ထုတ် ပြန်ချက်တွင် ပါရှိသည့် အချက် အလက်များအရ မြေယာအငြင်း ပွားမှုနှင့်ပတ်သက်သည့် တိုင်စာ သည် ရန်ကုန်တိုင်းဒေသကြီး၌ အများဆုံးဖြစ်သည်။ 

More in News Section

Top News