ပလက်ဝဒေသတိုက်ပွဲကြောင့် ဒေသခံစစ်ဘေးရှောင်ဦးရေ တိုးလာ

ကုလားတန်မြစ်ဘေးရှိ စစ်ရှောင်မိသားစုတစ်စုကို တွေ့ရစဉ် (ဓာတ်ပုံ − Kyaw Aungkhumi)

တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့(AA)တို့ကြား ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့် စစ်ဘေးရှောင်သူဦးရေ တိုးလာနေပြီး လူဦးရေ ၇၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရကြောင်း ပလက် ၀မြို့နယ် ကြက်ခြေနီအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပလက်ဝမြို့နယ် ကုလား တန်မြစ်အထက်ပိုင်းရှိ ကုန်ပြင် ကျေးရွာအနီးတွင် တပ်မတော်ခြေ မြန်တပ်ရင်း (၃၇၈)နှင့် AA အဖွဲ့ တို့ နိုဝင်ဘာ ၂ ရက်ကစ၍ တိုက်ပွဲဖြစ်ခဲ့ပြီး ကုန်ပြင်နှင့်အနီး တစ်ဝိုက်ကျေးရွာများရှိ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရသည်။

နိုဝင်ဘာ ၁၁ ရက်စာရင်းအ ရ အိမ်ထောင်စု ၆၇ စုမှ အမျိုး သား ၃၄၆ ဦး၊ အမျိုးသမီး ၃၂၂ဦး ပေါင်း ၆၆၈ ဦးသည် ရှင်းလက်ဝ၊ ဘဲဒင်းဝ၊ အထက်ဘလိုင်၊ ကရ မိတ်ကျေးရွာနှင့် ဒိုးချောင်းဝကျေး ရွာတို့သို့  ရွှေ့ပြောင်းနေထိုင်ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

ဒေသခံများသည် တောင် ယာစပါးရိတ်သိမ်းခါနီး တိမ်း ရှောင်ရခြင်းကြောင့် စားဝတ်နေ ရေးအခက်အခဲကြုံတွေ့နေရကာ ကူညီထောက်ပံ့လိုသူများအနေ ဖြင့် ပလက်ဝမြို့နယ်လူမှုရေးအ သင်းဖုန်းနံပါတ် ၀၉- ၇၉၆၈၇၇ ၁၂၉ သို့ ဆက်သွယ်နိုင်ကြောင်း ချင်း ပြည်နယ်အစိုးရက နိုဝင်ဘာ ၉ ရက်တွင် သတင်းထုတ်ပြန်ထား သည်။

More in News Section

Top News