အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် UWSA ဥက္ကဋ္ဌတို့ ပန်ဆန်းတွင် တွေ့ဆုံဆွေးနွေး

အစိုးရကိုယ်စားလှယ်အဖွဲ့အား UWSA ဥက္ကဋ္ဌက ကြိုဆိုနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − Nyi Rang Facebook)

 နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦး ဆောင်သော အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ‘၀’လက်နက်ကိုင် အဖွဲ့(UWSA)ဥက္ကဋ္ဌ ဦးပေါက်ယူ ချန်း ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက်တွင် ‘၀’ဒေသပန်ဆန်း၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယ တာဝန်ခံ ဦးညီရန်းက ပြောကြား သည်။

အစိုးရနှင့် UWSA တို့ ‘၀’ တပ်ဖွဲ့ဌာနချုပ်ပန်ဆန်း၌ သုံးနာ ရီကြာ တွေ့ဆုံဆွေးနွေးပြီး တွေ့ ဆုံပွဲ မှတ်တမ်းဓာတ်ပုံများနှင့် ဆွေးနွေးသည့် အကြောင်းအရာ များကိုလည်း ဦးညီရန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော် ပြခဲ့သည်။


‘‘အဓိကကတော့ နယ်စပ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ယုံ ကြည်မှု အပြန်အလှန် တည် ဆောက်ခဲ့ကြတာပါ’’ဟု ဦးညီရန်း ကဆိုသည်။

UWSA နှင့် တွေ့ဆုံပွဲသို့ အစိုးရဘက်မှ တပ်မတော်ကိုယ် စားလှယ် လေးဦးထက်မနည်း တက်ရောက်ခဲ့သည်။ ထို့ပြင် ငြိမ်း ချမ်းရေးကော်မရှင်ဒုဥက္ကဋ္ဌ ဦး သိန်းဇော်၊ ကော်မရှင်အတွင်းရေး မှူးဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး (ငြိမ်း)နှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူများလည်း တက်ရောက်သည်။

ထို့ပြင် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ်မစ္စတာဆွန်းကော် ရှန်းလည်း အစိုးရနှင့် UWSA ကိုယ်စားလှယ်များကို ပန်ဆန်းမြို့၌ လာရောက်တွေ့ဆုံသည်။

သို့ရာတွင် အစိုးရနှင့်UWSA  တို့၏ ဆွေးနွေးပွဲသို့ တရုတ်ကိုယ် စားလှယ် တက်ရောက်ခဲ့ခြင်းမရှိ ဟု ဦးညီရန်းက အတည်ပြုပြော ကြားသည်။

မစ္စတာဆွန်းကော်ရှန်းသည် ပြီးခဲ့သည့်လက တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် နေပြည် တော်၌ တွေ့ဆုံထားပြီး ယခုလ ၉ ရက်တွင် တရုတ်နိုင်ငံ၌ မြောက် ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးထားသည်။ ၎င်း အနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အောင်မြင်ရေး ကူညီပေးမည်ဟု ထုတ်ဖော်ပြော ဆိုထားသည်။

 အစိုးရကိုယ်စားလှယ်အဖွဲ့ သည် မိုင်းလားအဖွဲ့နှင့်လည်း လာမည့်ရက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသည်။ အစိုးရကိုယ် စားလှယ်အဖွဲ့၏ ‘၀’နှင့် မိုင်းလား ခရီးစဉ်သည် နိုဝင်ဘာ ၁၃ ရက် အထိဖြစ်သည်။

Top News