တစုတစည်းတည်းနေရာချပေးရန် တိမ်းရှောင်ဟိန္ဒူဘာသာဝင်များက တောင်းဆို

အကြမ်းဖက်တိုက်ခိုက် မှုဖြစ်စဉ်များကြောင့် စစ်တွေမြို့ သို့ တိမ်းရှောင်နေသော ဟိန္ဒူဘာ သာဝင်များက ၎င်းတို့အား နေရာ ပြန်လည်ချထားရာတွင် တစုတ စည်းတည်းနေရာချထားပေးရန် တောင်းဆိုကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းဖော်ပြ သည်။ 


ပြည်ထောင်စုဝန်ကြီးဒေါက် တာဖေမြင့်နှင့် ရခိုင်ပြည်နယ်ဝန် ကြီးချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၁၁ ရက်က စစ်တွေမြို့အားကစား ကွင်းရှိ ကယ်ဆယ်ရေးစခန်း၌ ခေတ္တခိုလှုံနေသော ဟိန္ဒူဘာသာ ဝင်များအား သွားရောက်တွေ့ဆုံ ရာ ဟိန္ဒူဘာသာဝင်များက ယခု ကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။ 

ဟိန္ဒူ ဘာသာဝင်များ၏ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ဦးညီပုက ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ယာယီကယ်ဆယ်ရေး စခန်းများမှ နေရပ်ပြန်သူများကို ၎င်းတို့၏မူလနေရပ်တွင် အဆင် ပြေချောမွေ့စွာ နေထိုင်နိုင်ရေး စီစဉ်ပေးနေကြောင်း၊ ပြန်လည် သွားရောက်မည်ဆိုပါက အကူအညီများပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်ဟု သတင်း ၌ ဖော်ပြသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍမှတစ်ဆင့် ဟိန္ဒူဘာ သာဝင်များ၏အခြေအနေများကို အများပြည်သူသိရှိအောင် ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း ပြော ကြားသည်။ 

ARSA အကြမ်းဖက်သမား များ၏ အကြမ်းဖက်တိုက်ခိုက်မှု များကြောင့် မောင်တောဒေသရှိ ခမောင်းဆိပ်ကျေးရွာ၊ ရဲဘော်ကျ ကျေးရွာနှင့် တမန်းသားကျေးရွာ တို့မှ ထွက်ပြေးတိမ်းရှောင်လာ သည့် ဟိန္ဒူဘာသာဝင်များသည် စစ်တွေမြို့ရှိ အားကစားကွင်း၌ ခိုလှုံနေရာ လက်ရှိတွင် အိမ် ထောင်စု ၁၅၅ စု လူဦးရေ ၅၃၉ ဦးရှိသည်။ 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ရခိုင်ပြည်နယ်ဝန် ကြီးချုပ်၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ပြည်နယ်အစိုး ရအဖွဲ့ရုံးတွင် တွေ့ဆုံ၍ ဘင်္ဂလားဒေ့ရှ်ဘက်မှ မြန်မာနိုင်ငံသို့ ပြန် လည်ဝင်ရောက်လာမည့် သူများ အား ယာယီလက်ခံမည့်နေရာ စီစဉ်ထားမှုအပါအဝင် ရခိုင်အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သတင်းဖော်ပြသည်။ 

သြဂုတ် ၂၅ ရက်က ဖြစ်ပွား ခဲ့သော  မောင်တောဒေသတိုက် ခိုက်ခံရမှုတွင် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့ နယ်တို့ရှိ ကျေးရွာ ၁၃ ရွာမှ ဟိန္ဒူဘာသာဝင်လေးထောင်ခန့် နေရပ်စွန့်ခွာရပြီး ငါးရာကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက် ပြေးခဲ့ရကြောင်း စစ်တွေမြို့မှ ဟိန္ဒူဘာသာရေးခေါင်းဆောင် ဦးနီမောင်က ပြောသည်။ 

ဘေးဒုက္ခခံစားရသော ဟိန္ဒူ ဘာသာဝင်များအတွက် ကယ်ဆယ်ရေးစခန်းသုံးခုကို စစ်တွေမြို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုအခါ စခန်းနှစ်ခုပိတ်သိမ်းပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

Top News