ဆိုင်ကယ်လိုင်စင်ပြုလုပ်ခ လျှော့ချရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်

ကုန်လမ်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန)က ပြုလုပ်ပေးနေသည့် ဆိုင်ကယ် လိုင်စင် ဈေးနှုန်းများ အလွန်မြင့် မားနေ၍ လိုင်စင်ဈေးထက်ဝက် ခန့်လျှော့ချရန် ကျောက်ဖြူမြို့ရှိ ဘေးတွဲဆိုင်ကယ်သမားနှင့် ဆိုင် ကယ်စီးသူ ၁၀၀ ကျော်က နိုဝင် ဘာ ၁၁ ရက်တွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံထုတ် ဆိုင်ကယ် တစ်စီး၏ လိုင်စင်ပြုလုပ်ခသည် အနိမ့်ဆုံး ကျပ်ကိုးသောင်းကျော် မှ သုံးသိန်းကျော်အထိ ပေးဆောင်နေရ၍ ထက်ဝက်ခန့် လျှော့ချရန် ပြည်နယ် အစိုးရအဖွဲ့ကို ဆန္ဒထုတ်ဖော်တောင်းဆိုကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဦးဆောင်သူ ဦးတင်တင်မောင်က ပြောသည်။

 ‘‘ဆန္ဒဖော်ထုတ်ရတဲ့ အ ကြောင်းရင်းက အခုအစိုးရအနေ နဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းက တစ်ဝက်ခန့်ကျဆင်းသွားမယ်ဆို လို့ရှိရင် လိုင်စင်လုပ်မယ့်သူတွေ က အများကြီး ဖြစ်သွားပါမယ်။ သူတို့ဌာန (ကညန)ကလည်း ကျွန်တော်တို့တွေအတွက် တစ်ဝက် ကျလောက် လျှော့ချပေးစေချင်ပါ တယ်’’ဟု ဦးတင်တင်မောင်က ဆိုသည်။

ကညနသည် ရခိုင်ပြည်နယ် ရှိလိုင်စင်မဲ့ယာဉ်များကို ကွင်းဆင်း၍ လိုင်စင်ထုတ်ပေးနေသည်။

ဆိုင်ကယ်လိုင်စင်ကြေးများ အလွန် မြင့်မားနေခြင်းကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ အများစု လိုင်စင်မပြုလုပ်နိုင်ဖြစ် နေကြောင်း ရက္ခိတရင်ခွင် ဘေး တွဲဆိုင်ကယ် သာရေးနာရေးအ သင်းဥက္ကဋ္ဌ ဦးဇော်ဝိတ်က ပြော သည်။