မွန်ပြည်နယ်တွင် ငါးဖမ်းမိမှုနည်းပါးလာဟုဆို

- မွန်ပြည်နယ်အတွင်း ယခုနှစ် ငါးဖမ်းရာသီအစတွင် ပုံမှန်မဟုတ်သည့် ရာသီဥတုအ ခြေအနေကြောင့် ငါးဖမ်းမိမှု နည်း ပါးလာကြောင်း မွန်ပြည်နယ် ငါး လုပ်ငန်းဦးစီးဌာနနှင့် ငါးလုပ်ငန်း လုပ်ကိုင်သူများကပြောသည်။

ငါးဖမ်းရာသီအစဖြစ်သည့် စက်တင်ဘာမှ နိုဝင်ဘာ ပထမ ပတ်ထိ မိုးရွာသွန်းမှုရှိပြီး ပုံမှန်မ ဟုတ်သည့် ရာသီဥတုအခြေအနေ ကြောင့် ငါးရမိမှုနည်းပါးကြောင်းသံလွင်မြစ်ကြောင်း တစ်လျှောက် ငါးလုပ်ငန်းလုပ် ကိုင်နေသူများကပြောသည်။

ငါးမျိုးစိတ်နည်းပါးလာခြင်း ကြောင့် ငါးဖမ်းရမိမှု တစ်နှစ်ထက် တစ်နှစ်နည်းပါးလာပြီး ယခုနှစ် တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ငါးဖမ်းမိမှု ယခင်နှစ်များထက် ပိုနည်းကြောင်း ပြည်နယ်ငါးလုပ် ငန်းဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးအောင်သိန်းထွန်းက ပြောသည်။

မွန်ပြည်နယ်တွင် ငါးဖမ်းရာ သီကို စက်တင်ဘာမှ မေလအထိ သတ်မှတ်ထားပြီး အဆိုပါငါးဖမ်း ရာသီတွင် ငါးပြက်၊ ငါးသလောက်စသည့် ငါးများအမိဆုံးဖြစ်သည် ဟု ငါးဖမ်းလုပ်သားများက ဆိုသည်။  ယခုနှစ် ငါးဖမ်းရာသီအစ တွင် ငါးသုံးပုံတစ်ပုံခန့်သာ ရရှိ ကြောင်း မော်လမြိုင်ရှိ ‘လင်း ရောင်နီ’ အအေးခန်းမန်နေဂျာ ဦးစိုးဝင်းက ဆိုသည်။

‘‘ကျွန်တော်တို့က ငါးဖမ်း သမားတွေကို ပိုက်ဆံကြိုထုတ် ပေးထားတယ်။ ဒီလိုငါးဖမ်းရာသီ ရောက်ရင် ငါးလာသွင်းကြတာ ပေါ့။ ဒီနှစ်က ငါးအရနည်းကြ တယ်။ ရာသီဥတုမတည်ငြိမ်နေ တော့ ငါးမရကြဘူး။ မနှစ်ကဆိုရင် လေး၊ ငါးရက်လောက်ဆို ကားတစ်စီးစာ ထွက်နိုင်တယ်။ အခုကမထွက်နိုင်ဘူး’’ဟု ၎င်းကပြောသည်။  ယခင်နှစ် ငါးဖမ်းရာသီအစ ဖြစ်သည့် စက်တင်ဘာတွင် ကမ်း နီး၊ ကမ်းဝေးမှ ငါး၊ ပုစွန်ပိဿာ ၁၃,၀၀၀ ကျော်ရရှိကြောင်း၊ ယခုနှစ်ကာလတူတွင် ငါး၊ ပုစွန်ပိဿာ၁၂,၀၀၀ ခန့်သာရရှိကြောင်း ပြည် နယ်ငါးလုပ်ငန်းဦးစီးဌာနရှိ စာရင်းအရ သိရသည်။

မွန်ပြည်နယ်တွင် ငါးဖမ်း လုပ်ငန်းများကို ကမ်းနီးအဖြစ် သံလွင်မြစ်၊ အတ္တရံမြစ်ကြောင်း တစ်လျှောက်တွင် လုပ်ကိုင်နေပြီး ကျိုက္ခမီ၊ ရေး၊ လမိုင်၊ အစင် စသည့် ကမ်းရိုးတန်းနှင့် နီးစပ် သည့်ဒေသတို့တွင် ကမ်းဝေးငါး ဖမ်းလုပ်ငန်းများ လုပ်ကိုင်ကြ သည်။ မွန်ပြည်နယ်အတွင်း ကမ်း နီး၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းများမှ ငါးများကို မော်လမြိုင်မြို့ရှိ ငါး အဝယ်ဒိုင်ကြီးများထံသို့ တင်သွင်း ပြီး ထိုမှတစ်ဆင့် မွန်ပြည်နယ် ၁၀ မြို့နယ်သို့ ဖြန့်ဖြူးရောင်းချနေသည့်အပြင် ရန်ကုန်သို့လည်း တင်ပို့ရောင်းချနေကြောင်း ငါး အဝယ်ဒိုင်များက ပြောသည်။

မွန်ပြည်နယ် မော်လမြိုင်မြို့ တွင် ငါးအဝယ်ဒိုင်ကြီး ၁၅ ဒိုင်ခန့် ရှိပြီး ၎င်းတို့သည် ငါးလုပ်ငန်းဦး စီးဌာနတွင် တရားဝင်လိုင်စင်ဖြင့် ပြည်တွင်းငါးရောင်းဝယ်ခြင်းလုပ် ငန်း လုပ်ကိုင်နေသည်။