အိန္ဒိယ-မြန်မာ အာရှဖလားခြေစစ်ပွဲ မြန်မာ့ရုပ်သံမှ တိုက်ရိုက်ပြသမည်

သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် အာရှဖလားခြေစစ်ပွဲ ပထမအကျော့၌ မြန်မာနှင့်အိန္ဒိယအသင်း ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ−MFF)

အာရှဖလားခြေစစ်ပွဲ အိန္ဒိယနှင့် မြန်မာအသင်း ယှဉ် ပြိုင်မည့်ပွဲစဉ်ကို ပြည်တွင်းအခမဲ့ ရုပ်သံလိုင်းဖြစ်သည့် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား (MRTV)မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

အိန္ဒိယလက်ရွေးစင် ဘော လုံးအသင်းနှင့် မြန်မာ့လက်ရွေး စင်အသင်းတို့သည် ၂၀၁၉ အာရှ ဖလားခြေစစ်ပွဲ တတိယအဆင့် အုပ်စု(က) ပွဲစဉ်(၅)အဖြစ် နိုဝင် ဘာ ၁၄ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် အိန္ဒိယနိုင်ငံ ဂိုအာ မြို့ရှိ Jawaharlal Nehru ကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။


အဆိုပါပွဲကို ပြည်တွင်းရုပ် သံလိုင်းများဖြစ်သည့် မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) နှင့် For Sport ရုပ်သံလိုင်းတို့မှတိုက်ရိုက်ပြသမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကို ကိုသိန်းက ပြောသည်။

မြန်မာအသင်းသည် အာရှ ဖလား ခြေစစ်ပွဲသုံးပွဲ ကစားအပြီးတွင် ရမှတ်လေးမှတ်သာ ရရှိထား၍ အိန္ဒိယအသင်းနှင့်ပွဲစဉ်၌ ရလဒ်ကောင်းမှသာ ခြေစစ်ပွဲ အောင်မြင်ရန် မျှော်လင့်နိုင်မည် ဖြစ်သည်။ ရန်ကုန်မြို့ သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင်သည့် ခြေစစ် ပွဲ ပထမအကျော့တွင် မြန်မာအ သင်းက အိန္ဒိယအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသည်။

အာရှဖလားတတိယအဆင့် ခြေစစ်ပွဲ အုပ်စု(က)တွင် အိန္ဒိယ အသင်းက လေးပွဲကစား၊ လေးပွဲ နိုင် ရမှတ် ၁၂ မှတ်ဖြင့် လက်ကျန် နှစ်ပွဲ ကျန်ရှိသော်လည်း ခြေစစ် ပွဲ အောင်မြင်ပြီးဖြစ်သည်။ မြန် မာနှင့် ကာဂျစ္စတန်အသင်းတို့ သည် သုံးပွဲကစား ရမှတ်လေးမှတ် စီ တူညီနေသော်လည်း အဝေးဂိုး စည်းမျဉ်းအရ ကာဂျစ္စတန်က ဒု တိယ၊ မြန်မာက တတိယနေရာ ၌ ရပ်တည်နေသည်။

အိန္ဒိယအသင်းနှင့် အာရှ ဖလားခြေစစ်ပွဲမတိုင်မီ အကြိုခြေ စမ်းပွဲအဖြစ် မြန်မာအသင်းသည် နိုဝင်ဘာ ၉ ရက်က ကမ္ဘောဒီးယား အသင်းနှင့် ဖနွမ်းပင်မြို့၌ ခြေ စမ်းခဲ့ရာ မြန်မာအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရရှိထားသည်။ ခြေ စမ်းပွဲတွင် ကမ္ဘောဒီးယားအသင်း ကို အနိုင်ရရှိသောကြောင့် အိန္ဒိယအသင်းနှင့်ပွဲ၌ ရလဒ်ကောင်းရန် ယုံကြည်မှုပိုရှိလာကြောင်း မြန်မာအသင်းနည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောကြားထားသည်။

Top News