မော်ရိုကိုနှင့် တူနီးရှားအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်၊ ဒိန်းမတ်နှင့် အိုင်ယာလန် သရေကျ

(Reuters)

 ၂၀၁၈ ကမ္ဘာ့ဖလား အာဖရိကဇုန် အုပ်စု(C)တွင် အနီး ကပ်ဆုံးပြိုင်ဘက် အိုင်ဗရီကို့စ်ကို အဝေးကွင်း၌ ၂-၀ ဂိုးဖြင့် အနိုင်ရပြီးနောက် မော်ရိုကိုသည် ၁၉၉၈ နောက်ပိုင်း ပထမအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင် ခဲ့သည်။

အုပ်စု(A)မှ တူနီးရှားက လစ်ဗျားနှင့် ဂိုးမရှိ သရေကျပြီး နောက် ၂၀၀၆ နောက်ပိုင်း ပထမ ဆုံး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင် မြင်ခဲ့သည်။

အနီးကပ်ဆုံးပြိုင်ဘက် ကွန် ဂိုသည် ဂီနီကို ၃-၁ ဂိုးဖြင့် အနိုင် ရသော်လည်း တူနီးရှားအောက် တစ်မှတ်လျော့ကာ ခြေစစ်ပွဲ အောင်မြင်ခွင့်နှင့် လွဲချော်ခဲ့သည်။


၂၀၁၈ ကမ္ဘာ့ဖလားတွင် အာဖရိကတိုက်ကိုယ်စားပြု အ သင်းငါးသင်း ယှဉ်ပြိုင်ခွင့်ရမည် ဖြစ်ပြီး ယခုအခါ နိုင်ဂျီးရီးယား၊ အီဂျစ်၊ ဆီနီဂေါ၊ တူနီးရှားနှင့်မော်ရိုကိုတို့ ခြေစစ်ပွဲအောင်သ ဖြင့် ယင်းငါးနေရာပြည့်ပြီဖြစ် သည်။

ထိုအတောအတွင်း ၂၀၁၈ ကမ္ဘာ့ဖလား ဝင်ခွင့်အတွက် ဥရောပဇုန်မှ အုပ်စုဒုတိယရသော အသင်းများ၏ ပထမအကျော့ ရှုံးထွက်ပွဲစဉ်များတွင် နောက်ဆုံး ကစားခဲ့သည့် ဒိန်းမတ်နှင့် အိုင် ယာလန်ပွဲ၌ ဂိုးမရှိ သရေကျခဲ့ သည်။

သရေရလဒ် ထွက်ပေါ်ပြီး နောက် ဒုတိယအကျော့အဖြစ် အိုင်ယာလန်တွင် ကစားသည့်အ ခါ ၎င်း၏အသင်းအနေဖြင့် မီး ကုန်ယမ်းကုန် ကစားရမည်ဖြစ် ကြောင်း အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်က ပြောသည်။

အိုင်ယာလန်သည် ဘောလုံးပိုင်ဆိုင်မှု ၂၈ ရာခိုင်နှုန်းသာ ရှိခဲ့ သော်လည်း စုဖွဲ့မှုအားကောင်း ကောင်းနှင့် နည်းစနစ်တကျ က စားနိုင်ပြီး အိမ်ရှင်ဒိန်းမတ်ကို အ ခက်တွေ့စေခဲ့သည်။

ဒိန်းမတ်သည် အခွင့်အရေး များ ရရှိခဲ့သော်လည်း အဆုံးသတ် ညံ့ဖျင်းခြင်းနှင့် အိုင်ယာလန်ဂိုး သမား ဒါရန်းရမ်ဒေါ့ဖ် လက်စွမ်း ပြနိုင်ခြင်းတို့ကြောင့် သရေပွဲကြုံ ခဲ့ရခြင်းဖြစ်သည်။

အိုင်ယာလန်သည် တောင် ကိုရီးယားနှင့် ဂျပန် ပူးတွဲအိမ်ရှင် အဖြစ် လက်ခံကျင်းပသည့် ၂၀၀၂ကမ္ဘာ့ဖလားနောက်ပိုင်း ပထမ ဆုံး ခြေစစ်ပွဲအောင်မြင်ရန် ရည် မှန်းနေပြီး နိုဝင်ဘာ ၁၄ ရက်တွင်ရှုံးထွက် ဒုတိယအကျော့အဖြစ် ဒိန်းမတ်ကို အိမ်ကွင်း၌ လက်ခံ ကစားမည်ဖြစ်သည်။

—Ref: Goal/BBC

Top News