ဖိလစ်ပိုင်နိုင်ငံတွင် ညီလာခံမကျင်းပမီ ဒေါ်နယ်ထရန့်ကို ဆန္ဒပြ

အမေရိကန်သမ္မတထရန့်၏ ဖိလစ်ပိုင်ခရီးစဉ်ကို ဆန့်ကျင်ဆန္ဒပြမှုအတွင်း ရဲတပ်ဖွဲ့ဝင်များအား ပြန်လည်တွန်းထုတ်နေသော ဆန္ဒပြသူများကို တွေ့ရစဉ် (Athit Perawongmetha/reuters)

 အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ အာရှခရီးစဉ် နောက်ဆုံးအကျော့တွင် ဖိလစ် ပိုင်နိုင်ငံ၌ ကျင်းပမည့် ဒေသဆိုင် ရာ ညီလာခံတက်ရန်နှင့် ၎င်း ရောက်မလာမီ နာရီပိုင်းအလိုတွင် နိုဝင်ဘာ ၁၂ ရက်က မနီလာမြို့ အမေရိကန်သံရုံးသို့ ချီတက်လာ သော ဆန္ဒပြသူ ရာပေါင်းများစွာ ကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မီးသတ်ပိုက်များသုံး၍ ဖြို ခွင်းတားဆီးခဲ့သည်။

ဒေါ်နယ်ထရန့်ကို ရှုတ်ချ ဆန္ဒပြသော လက်ဝဲယိမ်းဆန္ဒပြ သူများကို အဓိကရုဏ်းနှိမ်နင်း ရေး ရဲတပ်ဖွဲ့က တားဆီးပြီး မီး သတ်ကားတစ်စီးဖြင့် မီးသတ်ပိုက်သုံးကာ ဖြိုခွင်းခဲ့သည်။


ထရန့်သည် အမေရိကန်နှင့် ဖိလစ်ပိုင်ကြား မမျှတသော သဘောတူညီမှုများအတွက် တွန်း အားပေးရန် ရောက်လာကြောင်း ဆန္ဒပြသူအချို့က ပြောသည်။

ထရန့်သည် အာဆီယံခေါင်း ဆောင်များနှင့် အခြားအရှေ့အာရှ နိုင်ငံ့ခေါင်းဆောင်များနှင့်ဆွေးနွေးရန် ဖိလစ်ပိုင်သို့ ရောက် လာခြင်းဖြစ်သည်။

တနင်္ဂနွေနေ့က ဟနွိုင်းမြို့ တွင် ထရန့်က ၎င်းအနေဖြင့် တောင်တရုတ်ပင်လယ်၌ ပိုင်ဆိုင် ခွင့်များကြား ဖြေရှင်းရန် ပြင်ဆင် ထားသည်ဟု ပြောကြားသည်။

တောင်တရုတ်ပင်လယ်တွင် အာဆီယံအဖွဲ့ဝင် လေးနိုင်ငံနှင့် တိုင်ပေတို့က တရုတ်နှင့်အပြိုင် ဒေသအသီးသီးကို ပိုင်ဆိုင် ကြောင်း ပြောဆိုထားသည်။

ဩဂုတ်က အရှေ့တောင် အာရှနှင့် တရုတ်နိုင်ငံတို့မှ နိုင်ငံ ခြားရေးဝန်ကြီးများက တောင် တရုတ်ပင်လယ်အတွင်း လိုက် နာရန် သတ်မှတ်မူဘောင်တစ်ရပ် ညှိနှိုင်းရန် သဘောတူခဲ့ကြသည်။

ယင်းမူဘောင်ကို အာဆီယံ ၁၀ နိုင်ငံနှင့် တရုတ်နိုင်ငံတို့က တနင်္လာနေ့တွင် မနီလာမြို့၌ အ တည်ပြုမည်ဟု အာဆီယံအဖွဲ့ ၏ သံတမန်တစ်ဦးက ပြောကြား သည်။

—Ref: Reuters

Top News