အချင်းမများကြနှင့်

၂၀၁၇ နိုဝင်ဘာသို့ ရောက်ပြီ။ ပြည်ပရှိ လူပုဂ္ဂိုလ်အသီးသီးက သူမအပေါ် ဝေဖန်မှုအမျိုးမျိုး ရှိနေပါသည်။

အတိုက်အခံ နိုင်ငံရေးသမားဘဝကမူ နိုင်ငံတကာအသိုင်းအ ဝိုင်းက သူမကို အထူးဦးစားပေး မြှောက်စားခဲ့ပါသည်။ ချီးမွမ်း ထောမနာများလည်း ပြုခဲ့ကြ သည်။

ရခိုင်အရေး ပေါ်ပေါက်လာ ပြီးနောက် ထိုနိုင်ငံတကာက ပုဂ္ဂိုလ်များကပင် သူမကို ဝေဖန် လာကြသည်။ အပြစ်မြင်၊ အပြစ် တင် လာကြသည်။ အားလုံးတော့ လည်း မဟုတ်ပါ။ သူမကို ကြည် လင်စွာ မြင်သူများလည်း ရှိသည်။

ကျွန်တော်တို့ နိုင်ငံ၏ လက် ရှိအနေအထား၊ နိုင်ငံ့အပေါ် စီမံ အုပ်ချုပ်ခွင့်ရမှုတွင် သူမ၏ လုပ် ပိုင်ခွင့်အာဏာ။ ထိုအချက်နှင့် ပတ်သက်၍ သူမကို စာနာနား လည်ပေးနိုင်သူများလည်း ရှိနေပါ သည်။ သူတို့ကတော့ တစ်ဖက် စောင်းနင်း မပြောဆိုကြပါ။ သူမ ဘက်က ရပ်တည်ပေးကြပါသည်။ Humanitarian Crisis in Myan-mar ဆောင်းပါးများကိုမူ တွေ့နေ ရဆဲပင်။

ပြည်တွင်းမှာတော့ သူမကို ထောက်ခံပွဲများ ပြုလုပ်နေကြ သည်။ ထို့အပြင် ညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံ ဆုတောင်းပွဲများလည်း ပြုလုပ်နေကြပါသည်။

ထောက်ခံပွဲများမှာ အဘယ် ကြောင့် ဤမျှ အားကောင်းစွာ ပေါ်ပေါက်လာပါသနည်း။

‘‘လက်သန်းလေးတွေ မင်အ စွန်းခံပြီး တစ်နိုင်ငံလုံးက ပုံအော မဲပေးခဲ့ကြပြီးပြီ မဟုတ်လား။ တိုင်းပြည်အုပ်ချုပ်ခွင့် ရနေပြီပဲ၊ တိုင်းပြည်ရဲ့ စီးပွားရေး၊ ပညာ ရေး အစစတိုးတက်အောင် ဉာဏ်ပညာနဲ့၊ လုံ့လနဲ့ စိုက်ထုတ်လုပ် ကိုင်ကြပါလား။ အဲဒီလို အင်တိုက်အားတိုက် လုပ်ရမယ့် အချိန်တွေ မှာ ထောက်ခံပွဲတွေနဲ့ ငွေကုန်မခံ ပါနဲ့။ အချိန်ကုန် မခံပါနဲ့။ လူ့အင် အား၊ လူ့စွမ်းရည်ကို မလိုတဲ့နေ ရာမှာ ဘာလုပ်လာသုံးမှာလဲ။ ဒီ အချိန်မှာ ထုတ်လုပ်မှုတွေ တိုး တက်အောင် လုပ်မနေသင့်ဘူး လား’’ဟု မေးခွန်းများ ထုတ်လာ သူ လူတော်တော်များများကို လည်း ကျွန်တော် တွေ့ရပါသည်။

‘‘ထောက်ခံပွဲတွေ လုပ်ပြနေ တာက ပြည်ပက မထောက်ခံသူ တွေသိအောင် ရည်ရွယ်ပြီး၊ ပြည်ပကို အရွဲ့တိုက်ပြီး ပြည်တွင်းကနေ ထောက်ခံပြနေကြတာ လား’’ဟု မေးခွန်းထုတ်လာသူ များကို ကျွန်တော် တွေ့ရသည်။

‘‘ကျွန်တော်ဟာ NLD ရဲ့ အမာခံ ပါတီဝင်တစ်ဦးပါ။ ကျွန် တော်နေတဲ့ မြို့နယ်အတွက် NLD အောင်နိုင်ရေးကို ဦးဆောင်လုပ်ခဲ့ သူတစ်ဦးပါ။ ဒါပေမဲ့ ဒီထောက်ခံ ပွဲတွေဟာ မလိုအပ်ဘူးလို့ ကျွန် တော်ထင်ပါတယ်။ ထောက်ခံပွဲ တစ်ခုလုပ်တယ်ဆိုရင် ကုန်တဲ့ငွေ ကလည်း အတော့်ကို များပါ တယ်။ အဲဒီငွေတွေကို လူငယ် များရဲ့ ပညာရေးအတွက် အသုံး ပြုလိုက်မယ်ဆိုရင် လူငယ်တွေအ တွက်လည်း အတော်ကို ထိ ရောက်တယ်။ အကျိုးကျေးဇူးရှိပါ တယ်။ ထောက်ခံပွဲတွေဟာ မရောင်ရာဆီလူးနေတယ်လို့ ကျွန်တော်မြင်ပါတယ်’’

ရန်ကုန်ရှိ NLD အမာခံပါတီ ဝင်တစ်ဦးက ပြောပြသည်။

‘‘ဆုတောင်းပွဲတွေလုပ်တိုင်း ကားတွေကတော့ အကြီးအကျယ် ပိတ်ကုန်တော့တာပါပဲ’’

ရန်ကုန်မြို့နေ ရွှေဆိုင်လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

မည်သို့ပင်ဖြစ်စေ သူမ ကိုယ်တိုင်မှာ အတွေးအခေါ်အားကောင်းပြည့်စုံလွန်းသူတစ်ဦးဖြစ် ပါသည်။

သူမသည် ဆင်ခြင်သုံးသပ်မှု ဉာဏ်အရာမှာလည်း ပြည့်ဝလွန်း သူတစ်ဦးဖြစ်ပါသည်။

‘‘သူမရဲ့ အဖွဲ့ထဲမှာက တိုင်း ပြည်အတွက်၊ ပြည်သူအတွက် လုပ်သင့်တာကို ကိုယ့်ရာထူးအရ လုပ်ပိုင်ခွင့်အပြည့်နဲ့မလုပ်ဘဲ သူမကြိုက်နိုင်မယ်ထင်တာတွေပဲ လိုက်လုပ်နေကြတာတွေ ရှိတယ်။ ပြည်သူနဲ့အတူ၊ ပြည်သူ့အတွက် ဆိုတာမျိုးမဟုတ်ဘဲ သူမ အတွက်၊ သူမရှေ့မှာ မျက်နှာပန်းရ အောင် လုပ်နေကြတာတွေ အများကြီးရှိတယ်။ အဲဒါက ဟိုအရင် ခေတ်က အပြုအမူတွေ ဖြစ်ပါ တယ်’’ဟု ဝေဖန်သုံးသပ်သူများ လည်း ရှိလာပါသည်။

သူမကိုယ်တိုင်ကမူ လမ်းကို သွက်သွက်လျှောက်သည်။ မြန် မြန်လျှောက်သည်။

တိုင်းပြည်အတွက် လုပ် ဖွယ်အမှုဟူသမျှကို မြန်မြန်လုပ် ဆောင်သည်။ လက်တွေ့ကျကျ လုပ်ဆောင်သည်။ စနစ်တကျ လုပ်ဆောင်သည်။

နိုင်ငံတကာနှင့် ဆက်ဆံရေး မှာလည်း သူမက လုပ်မြဲပင်ဆက် လုပ်သည်။ နိုင်ငံတကာနှင့် အ ဆက်အဆံမရှိဘဲ မိမိကိုယ်တိုင် သီးသန့်ရပ်တည်လျှင် အထီးကျန် ဖြစ်သွားမည်။ ယနေ့ခေတ်သည် နိုင်ငံတကာနှင့် ဆက်ဆံပေါင်း သင်းပြီး မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက် အောင်၊ ကမ္ဘာကြီးသာယာငြိမ်း ချမ်းအောင် လုပ်ဆောင်ရသော ခေတ်ဖြစ်ကြာင်း အကြိမ်ကြိမ် ပြောခဲ့သည်။

သူမသည် ယခင်ကလည်း ထိုသို့ ပြောခဲ့သည်။ ယခုလည်း ထိုအတိုင်းပင် ပြောသည်။ သူမ ၏ မူအတိုင်းပင် နေထိုင်၏။

သို့သော် မိမိနိုင်ငံ၏ အနေ အထားကိုမူ မိမိနိုင်ငံထဲက လူ ပုဂ္ဂိုလ်ကသာလျှင် နိုင်ငံပြင်ပကလူထက် ပိုမိုနားလည်နိုင်ပါမည် ဟု သူမက ပြောခဲ့သည်။

‘‘No One Can Fully Un-derstand the Situation of our country the way we do’’ ဟု အင်တာဗျူးတစ်ခုတွင် သူမ ဖြေ ကြားခဲ့သည်။ ဤကာလအတွင်း မှာပဲ ဖြစ်သည်။

သူမ၏ ရပ်တည်မှုသည် မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ကြောင်းလည်း အင်တာ ဗျူးတွင် သူမက ဖြေကြားခဲ့၏။

ရခိုင်အရေးနှင့်ပတ်သက်၍ မည်သူတွေက မည်သို့ပင် ဝေဖန် ပါစေ။

သူမသည် လုပ်သင့်တာကို လုပ်ခဲ့သည်။ ရခိုင်ပြည်နယ်အ တွင်း လူသားချင်း စာနာမှု၊ အကူ အညီထောက်ပံ့ရေး၊ ပြန်လည်နေ ရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ၏ ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် သူမ က တာဝန်ယူသည်။ ထိုအဖွဲ့တွင် ဒေသခံများပါဝင်လှုပ်ရှားလာရန်၊ စိတ်ရင်းဖြူစင်သော လူငယ်လေး များ ပါဝင်ဆောင်ရွက်လာရန် သူမက ဆော်ဩခဲ့သည်။

၂၀၁၇ နိုဝင်ဘာ ၂။

သူမကိုယ်တိုင် ရခိုင်အရေး ဖြစ်ပွားခဲ့ရာဒေသသို့ တပ်မတော် သုံး ရဟတ်ယာဉ်ဖြင့် သွားခဲ့သည်။ သူမနှင့်အတူ စစ်ဘက်ပုဂ္ဂိုလ်များ နှင့် စီးပွားရေးလုပ်ငန်းရှင်အချို့ လည်း ပါဝင်သွားခဲ့သည်။ ထို ဒေသ ပြန်လည်ရှင်သန်ကြီးထွား အောင် မည်သည့်လုပ်ငန်း၊ မည် သည့်စက်ရုံ တည်ဆောက်ရမည် ကို လုပ်ငန်းရှင်များက လက်တွေ့ ကျကျ သိမည်။ ဖွံ့ဖြိုးရေး၊ သံ တမန်ရေး၊ နိုင်ငံရေး၊ အရေးကြီး လှ၏။ ဆွေးနွေး၏။

မောင်တောမြို့ ဝေသာလီ ကျေးရွာသို့ သူမနှင့် အဖွဲ့ရောက် သည်။ ပန်းတော်ပြင်ကျေးရွာသို့ ရောက်သည်။ ထိုကျေးရွာတွင် နေထိုင်သူများနှင့် သူမသည် တွေ့ဆုံစကားပြော၏။ လိုအပ်ချက်ကို မေးမြန်း၏။ ခုံတိုင်၊ တောင်ပြို လက်ဝဲ။ သူမ ရောက်သည်။ တွေ့ ဆုံစကားပြောသည်။ ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင် ရောက်လာသူများကို စည်းကမ်းနှင့် ညီညွတ်စွာ လက်ခံမည်။ သူမက မှာကြားခဲ့ ၏။ ရဲဝန်ထမ်းများရှိရာ ကျီးကန်း ပြင်ရွာသို့ ရောက်၏။ ရဲဟူသည် ပြည်သူ၏ ယုံကြည်မှုရအောင် လုပ်ရမည်။ ခြုံရလျှင် ဝန်ထမ်း၊ ပြည်သူငြိမ်းချမ်းကြပါစေ။ ရခိုင်ဒေသမှ ဒုက္ခရောက်ခဲ့ရသူများ၏ လိုအပ်ချက်များကို အစိုးရဘက်က တတ်အားသမျှ ဖြည့်ဆည်းပေးပါမည်။ တစ်ဦးနှင့်တစ်ဦး ရန်မဖြစ်ကြပါနှင့်။

သူမက မှာကြားခဲ့ပါသည်။

Not to quarrel.

ခိုက်ရန်မဖြစ်ကြရန် သူမက မှာကြားခဲ့ပါသည်။

မသင့်မမြတ် မဖြစ်ကြရန် သူမက မှာကြားခဲ့ပါသည်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News