မန္တလေးတွင် စီးပွားရေး လုပ်ငန်းရှင်များနှင့် အမေရိကန် ICT ကောင်စီ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေး

မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းများကို ဒစ်ဂျစ် တယ်စနစ်သို့ အသွင်ကူးပြောင်း ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ICT ကောင်စီ က မန္တလေးတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အောက်တိုဘာ ၉ ရက်က ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ‘‘လက်ရှိ မန္တလေးက လုပ်ငန်းတွေအကုန်လုံးက မိရိုးဖလာလုပ်ငန်းတွေ ဖြစ်တယ်။ အဲဒါတွေ Cooperate အသွင်ကူးပြောင်းတဲ့ အခါ ICT (သတင်းအချက်အ လက်နှင့်ဆက်သွယ်ရေးနည်းပ ညာ)ကို ကိရိယာတစ်ခုအနေနဲ့ မသုံးဘူးဆိုရင် ဘယ်လိုမှ ကူး ပြောင်းလို့မရပါဘူး’’ဟု မန္တလေး တိုင်းကွန်ပျူတာလုပ်ငန်းရှင်အ သင်းဥက္ကဋ္ဌ ဒေါ်သီရိခေတ်က ပြောသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် ICT ကောင်စီတွင် ပါဝင်သည့် ကုမ္ပဏီများဖြစ် သည့် Google, Microsoft, Visa, Oracle နှင့် CISCO အစရှိသည့် ထိပ်တန်းနည်းပညာကုမ္ပဏီများ မှ နည်းပညာကျွမ်းကျင်သူများ တက်ရောက်ခဲ့ပြီး IT ကွန်ရက် ချိတ်ဆက်ခြင်း၊ အချက်အလက် စီမံခန့်ခွဲခြင်းနှင့်လုံခြုံမှု၊ ငွေပေး ချေမှုတို့အတွက် စီးပွားရေးလုပ် ငန်းသုံး ဆော့ဖ်ဝဲများကို ပြောင်း လဲခြင်း စသည်တို့ကို ဆွေးနွေးမျှဝေခဲ့သည်။

‘‘မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ် နည်းပညာနဲ့ပတ်သက်တဲ့ ကိစ္စ တွေက ကနဦးအခွင့်အလမ်းတွေ ပဲ ရှိသေးပါတယ်။ အဲဒီအတွက် မိုဘိုင်းနဲ့ နည်းပညာတွေကို ဈေး ကွက်ထိုးဖောက်မယ့် ကိရိယာ တစ်ခုလို့ မြင်ပြီး အသုံးချရမှာဖြစ် ပါတယ်’’ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ICT ကောင်စီအဖွဲ့ ဝင်ကုမ္ပဏီဖြစ်သော Google မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Jira-wat Poomsrikaew က ပြော သည်။  လက်ရှိတွင် မြန်မာနိုင်ငံ၌ အီလက်ထရွန်နစ်ငွေချေစနစ်နှင့် မိုဘိုင်းငွေချေစနစ်များ ပေါ်ပေါက်နေပြီဖြစ်သော်လည်း ဈေးဝယ်ရာ ၌ ငွေစက္ကူများကို တွင်ကျယ်စွာ အသုံးပြုနေဆဲ ဖြစ်ကြောင်း၊ Google Map ဖြင့် ယာဉ်ကြော ပိတ်ဆို့မှုနှင့် မီးပွိုင့်များကအစ ကြည့်ရှုနိုင်ပြီဖြစ်သော်လည်း ကား သမားများသည် လမ်းမသိပါက ကားမှန်ချကာ လမ်းဘေးရှိ ကွမ်း ယာဆိုင်ကို မေးနေဆဲဖြစ်ကြောင်း၎င်းက ပြောကြားသည်။

‘‘နည်းပညာတွေက ခေတ်နဲ့ အညီ ပြောင်းလဲလာပြီဖြစ်တဲ့အ တွက် ဘယ်လုပ်ငန်းမှာမဆို ICT ကို အသုံးချပြီးတော့ တိုးတက် အောင် ဘယ်လောက်ထိလုပ်နိုင် တယ်ဆိုတာတင်ပြသွားမှာဖြစ်ပါ တယ်။ ICTကို စီးပွားရေးကဏ္ဍ အားလုံးမှာ လုပ်လို့ရတယ်ဆိုတာ ကို လုပ်ငန်းရှင်တွေအနေနဲ့ လေ့ လာနိုင်အောင် ဒီပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်’’ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။