ဂိမ်းပေါင်း ၂၀၀ ကျော်ပါဝင်သည့် အက်ပလီကေးရှင်းအသစ်မိတ်ဆက်

ဂိမ်း ၂၀၀ ကျော် ပါဝင်သည့် မိုဘိုင်းဂိမ်းအက်ပလီကေးရှင်းအသစ် APPBOX ကိုစတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း MPT က နိုဝင်ဘာ ၉ ရက်တွင် မိတ်ဆက် ကြေညာသည်။

အဆိုပါ အက်ပလီကေးရှင်း အသုံးပြုမှုသည် တစ်ရက်လျှင် ကုန်သွယ်ခွန်ပါဝင်ပြီး ၂၅၀ ကျပ် ကျသင့်မည်ဖြစ်ပြီး စတင်အသုံး ပြုသည့်ရက်ကစ၍ ခုနစ်ရက်တိတိ အခမဲ့အသုံးပြုနိုင်သည်။

အက်ပလီကေးရှင်းတွင် Cutthe Rope 2, Tag the frog, 3D Tower Box, Snakes.io အစ ရှိသည့် နာမည်ကြီးဂိမ်းများပါဝင် ပြီး ဂိမ်းအသစ်များကို လစဉ်ထပ်မံ ထည့်သွင်းမည်ဖြစ်ကြောင်း MPT၏ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုဌာန မန်နေဂျာကိုအောင်ဇော်သက်က ပြောသည်။

‘‘တချို့ဂိမ်းတွေက တခြားနေရာတွေမှာ အခမဲ့ရနိုင်တယ်ဆိုပေမယ့် အက်ပလီကေးရှင်းကတစ်ဆင့် ဆော့ရတဲ့အားသာချက်အဖြစ် ဂိမ်းဆော့နေတုန်းကြော်ငြာတွေ မ၀င်ပါဘူး။ နောက်ပြီး ဂိမ်း ဒေါင်းလုတ်လုပ်ရင်းက တစ်ဆင့် ဗိုင်းရပ်စ် အကူးခံရတဲ့ ဖြစ်စဉ်မျိုးတွေဖြစ်မှာ မဟုတ်ပါဘူး’’ ဟု ကိုအောင်ဇော်သက်က ပြောသည်။ တစ်ရက်တာ အက်ပလီ ကေးရှင်းအသုံးပြုခကို ဖုန်းဘီလ် မှနေ့စဉ်ဖြတ်ယူမည်ဖြစ်ပြီး ဖုန်း ဘီလ်မလုံလောက်ပါကဂိမ်းဆော့၍ရမည်မဟုတ်ဘဲ ယင်းနေ့တွက် ဖုန်းဘီလ်ဖြတ်ယူမှုမရှိ ဟု၎င်းကဆိုသည်။ အက်ပလီကေးရှင်းကို မြန်မာ-အင်္ဂလိပ်နှစ်သာဘာဖြင့်အသုံးပြုနိုင်ပြီး Google Play St-ore နှင့် http;//xrink.me/BOEoiတွင်လည်း ဒေါင်းလုတ်ပြုလုပ်ရယူနိုင်သည်။ အက်ပလီကေးရှင်းကိုဒေါင်းလုတ်ပြုလုပ်ပြီးနောက်အသုံးပြုနိုင်ရန် 8980 သို့ APP ဟု မက်ဆေ့ခ်ျပေးပို့ အသုံးပြုနိုင်သည်။