ဒုံးကျည်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းရေး ပြင်သစ်သမ္မတ တောင်းဆိုချက်ကို အီရန်ပယ်ချ

 အီရန်၏ ပဲ့ထိန်းဒုံးကျည် များနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိ နှိုင်းရန် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ကရွန်၏ တောင်းဆိုမှုကို အီရန်က ပယ်ချပြီး ယင်းမှာ ကာကွယ်ရေးအတွက် ဖြစ်ကြောင်းနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများ နှင့် သဘောတူညီထားသည့် နျူ ကလီးယား သဘောတူညီချက် နှင့် ပတ်သက်ဆက်စပ်မှုမရှိဟု ပြောကြားသည်။

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ သို့ ရောက်ရှိစဉ် မက်ကရွန်က အီရန်၏ ပဲ့ထိန်းဒုံးကျည်အစီအ စဉ်ကို အလွန်စိုးရိမ်မိကြောင်း ပြောကြားပြီး ယခုလအစောပိုင်း က ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက် သော ဒုံးကျည်တစ်စင်းကို ဆော်ဒီအာရေးဗီးယားက ကြားဖြတ်ပစ်ချဖျက်ဆီးခဲ့ရမှုအပေါ် ထောက်ပြပြောဆိုသည်။


အဆိုပါလုပ်ရပ်များနှင့်ပတ် သက်၍ အီရန်အပေါ် စီးပွားရေး အရ ပိတ်ဆို့အရေးယူရေး ဖြစ်နိုင် ခြေအလားအလာများကို မက်ကရွန်က တင်ပြခဲ့သည်။

‘‘အီရန်နဲ့ ပဲ့ထိန်းဒုံးကျည် တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မှာ စတင်ဖို့ လိုအပ်နေတဲ့ ဆွေး နွေးညှိနှိုင်းမှုတွေ ရှိနေပါတယ်’’ ဟု မက်ကရွန်က ပြောသည်။

သို့သော် အဆိုပါဖြစ်နိုင်ခြေ နှင့်စပ်လျဉ်း၍ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဘာရမ်ကွာဆီမီက ပယ်ချခဲ့ သည်။

‘‘အီရန်ရဲ့ ကာကွယ်ရေးကိစ္စ ရပ်တွေဟာ ဆွေးနွေးညှိနှိုင်းစရာ ကိစ္စမဟုတ်ဘူးဆိုတဲ့ ကျွန်တော် တို့နိုင်ငံရဲ့ ခိုင်မာတဲ့ သဘောထား ရပ်တည်ချက်ကို ပြင်သစ်က အ ပြည့်အဝ သတိပြုမိပါတယ်။ နျူ သဘောတူညီချက် ဆိုတာဟာ ဆွေးနွေးညှိနှိုင်းစရာ မဟုတ်ဘူး လို့ ပြင်သစ်တာဝန်ရှိသူတွေကို ကျွန်တော်တို့ အစဉ်တစိုက်ပြော ခဲ့ပြီး တခြားကိစ္စရပ်တွေကို ဒီကိစ္စ မှာ လာပေါင်းခွင့်ပြုမှာ မဟုတ်ပါ ဘူး’’ဟု ကွာဆီမီကပြောသည်။

အီရန်သည် ယီမင်ရှိ ဟိုသီ သူပုန်များကို လက်နက်များ ထောက်ပံ့ပေးနေကြောင်း အမေရိကန်က စွပ်စွဲပြီး ကုလသမဂ္ဂဆုံး ဖြတ်ချက်နှစ်ခုကို ချိုးဖောက်ခြင်း အတွက် အီရန်အနေဖြင့် တာဝန် ခံရန် ကုလသမဂ္ဂထံ တောင်းဆို ခဲ့သည်။        

—Ref: Reuters