အမေရိကန်အမျိုးသမီးတစ်ဦး သုံးကြိမ်ဆက်တိုက် ထီပေါက်

 အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင် ထီထိုးသော အမျိုးသမီးတစ်ဦးသည် သုံးကြိမ်အထိ ကံထူးခဲ့ပြီး ပထမ အကြိမ်တွင် ဒေါ်လာ ၅,၀၀၀၊ ဒု တိယအကြိမ်တွင် ဒေါ်လာ ၅၀၀ နှင့် နောက်ဆုံးအကြိမ်တွင် ဒေါ် လာငါးသန်း ပေါက်ခဲ့သည်။

 ဘရန်ဒါဂန်ထရီသည် Virginia Lottery Scratcher ထီ ထိုးရာတွင် လွန်ခဲ့သော သီတင်း ပတ်အနည်းငယ်က ပထမဆုံး ဒေါ်လာ ၅,၀၀၀ ထီပေါက်ပြီး နောက် မကြာမီ နောက်တစ်ကြိမ် ထပ်မံထီထိုးရာ ဒေါ်လာ ၅၀၀ ကံထူးခဲ့သည်။


 ထို့ကြောင့် ယခုလတွင် လည်း ထပ်မံထီထိုးခဲ့ရာ အမြင့် ဆုံးဆု ဒေါ်လာငါးသန်း ကံထူးခဲ့ ကြောင်း ၎င်းကပြောသည်။

 သုံးကြိမ်တိတိ ကံထူးခဲ့သော ဂန်ထရီက ထိုများစွာသော ဆုငွေများကို မည်သို့သုံးရမည် မသိကြောင်း ပြောကြားသည်။

‘‘ဒီလိုငွေတွေ အများကြီးရ လာတာ ကျွန်မအတွက် နည်းနည်းတော့ ဝန်လေးမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မက ကျွန်မရဲ့ လက်ရှိဘဝကို မပြောင်းလဲပစ်ချင်ဘူးလေ’’ဟု ဂန်ထရီက ပြော သည်။

—Ref: Reuters