နိုင်ငံတကာသတင်းတိုများ

အီရတ်စစ်ဘက်ပိုင် ရုရှားလုပ် Mi 17 ရဟတ်ယာဉ်တစ်စီးသည် ပုံမှန်ခရီးစဉ်တစ်ခု ပျံသန်းရင်း ကွတ်ပြည်နယ်တောင်ပိုင်းတွင် ပျက်ကျခဲ့ကြောင်းနှင့် ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသော ရဟတ်ယာဉ်မှူးနှစ်ဦးနှင့် အခြားစစ်တပ်အရာရှိငါးဦး သေဆုံး ခဲ့ကြောင်း အီရတ်စစ်ဘက်အရာရှိများက ပြောသည်။


တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်အပါအဝင် အခြားဒေသတွင်း ငါးနိုင်ငံ ပါဝင်ပတ်သက်နေသော တောင်တရုတ်ပင်လယ် အငြင်းပွားမှုကို မစွက်ဖက်ခြင်းသည် ပိုကောင်းသည်ဟု အရှေ့အာရှနှင့် အရှေ့ တောင်အာရှနိုင်ငံများ၏ ထိပ်သီးအစည်းအဝေးများမတိုင်မီ အိမ်ရှင်ဖိလစ်ပိုင်သမ္မတ ဒူတာတီက ပြောသည်။

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်တွင် နိုင်ငံတကာ အာကာသစခန်း (ICE)သို့ သွားရောက်မည့် ဒုံးပျံလွှတ်တင်အံ့ ဆဲဆဲ ရပ်တန့်ခဲ့သည်။ ဒုံးပျံလွှတ်တင်မည့် ကန့်သတ်ဧရိယာအ တွင်းသို့ လေယာဉ်ငယ်တစ်စီး ဝင်ရောက်လာသဖြင့် လွှတ် တင်မှု ဖျက်သိမ်းခဲ့ရသည်။