အစိုးရနှင့် NCA ညှိနှိုင်းမှု ပြန်လည်သုံးသပ်မည့် UNFC ထိပ်သီးအစည်းအဝေး ကျင်းပမည်

NCA လက်မှတ်ရေးထိုး နိုင်ရန် အစိုးရနှင့် ညှိနှိုင်းခဲ့မှုများ နှင့်ပတ်သက်၍ သုံးသပ်ဆွေးနွေး မည့် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ပြုလုပ် မည်ဟု UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောသည်။


ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒရယ်ကောင် စီ (UNFC) ဗဟိုအလုပ်အမှုဆောင် များ၊ UNFC အဖွဲ့ဝင် လက်နက် ကိုင်အဖွဲ့များမှ ထိပ်သီးခေါင်း ဆောင်များတွေ့ဆုံပြီး အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေး စာချုပ် (NCA) လက်မှတ်ထိုး နိုင်ရေး ညှိနှိုင်းမှုများကို ပြန်လည် အစီရင်ခံကာ လမ်းညွှန်မှု ရယူ မည်ဟု ၎င်းကဆိုသည်။

‘‘ဘာတွေ တစ်ဆို့မှုဖြစ်သလဲ၊ အစိုးရတင်ပြတဲ့ စကားလုံးကို ကျွန်တော်တို့ လက်ခံနိုင်ခြေမရှိ ပေါ့။ အဲဒီလို အစီအစဉ်တွေကို လာမယ့်နှစ်ရက်၊ သုံးရက်မှာ ပြန် ပြီးတော့ တွေ့ဆုံကြပြီးတော့ ပြောကြမှာပေါ့’’ဟု နိုင်အောင် မငေးက ပြောသည်။

ယင်း အစည်းအဝေးသို့ UNFC အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့များဖြစ်သော မွန်ပြည်သစ် ပါတီ (NMSP)၊ ကရင်နီအမျိုး သားတိုးတက်ရေးပါတီ (KNPP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SS PP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့မှ ခေါင်း ဆောင်များအား ဖိတ်ကြားထား ကြောင်း ၎င်းကဆိုသည်။

အစိုးရ ငြိမ်းချမ်းရေးကော် မရှင်နှင့် UNFC  နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ်အဖွဲ့ (DPN) တို့သည် နိုဝင် ဘာ ၈ ရက်နှင့် ၉ ရက်တွင် NCA လက်မှတ်ရေးထိုးနိုင်ရေး ညှိနှိုင်း ရာ အပြီးသတ် သဘောတူညီမှု ရရန် နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်သာလိုတော့ ကြောင်း အစိုးရနှင့် UNFC ကိုယ် စားလှယ်များက ပြောသည်။

‘‘ကျွန်တော်တို့က NCA ထိုး ဖို့တော့ ဆန္ဒအပြည့်ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အလုပ် အဖွဲ့ဆိုတော့ နှစ်ဦးနှစ်ဖက်ရဲ့ ခေါင်းဆောင်တွေရဲ့ ညွှန်ကြား ချက်အရ သွားတယ်ဆိုတော့ သေချာအောင်တော့ တအားကြိုး စားပြီး အပြောင်းအလဲ အလျှော့ အတင်းလုပ်ရတာပေါ့’’ဟု နိုင် အောင်မငေးက ပြောသည်။

နိုင်ငံရေးဆွေးနွေးပွဲများ ပြု လုပ်ရာတွင် တိုင်းရင်းသားများ အကြား အသံတစ်ခုတည်း ထွက် ပေါ်လာရေး NCA လက်မှတ်ထိုး ထားသည့်အဖွဲ့၊ မထိုးရသေး သည့်အဖွဲ့ဟူ၍ ကွဲပြားမှုမရှိစေ လိုကြောင်း ၎င်းကဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ NCA လက်မှတ်ထိုးနိုင် ရေး အပြီးသတ်ညှိနိုင်းရန် နိုဝင် ဘာ ၁၆ ရက်တွင် ပြန်လည်တွေ့ ဆုံမည်ဟု နှစ်ဖက်သဘောတူ ခဲ့သည်။

NCA တွင် ပါဝင်လက်မှတ် ရေးထိုးရေး အစိုးရနှင့် UNFCတို့ ညှိနှိုင်းလာသည်မှာ တစ်နှစ်ခွဲခန့် ရှိပြီဖြစ်သည်။

Top News