ရုပ်ရှင် အကြိုခံစားခြင်း

ဖေ့စ်ဘုတ်ဘုရင်မ

ဒီနေ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဖြစ်လေ့ရှိတဲ့ အကြောင်းအရာတွေကို ဟာသဆန်ဆန် ရိုက်ကူးထား တဲ့ ဇာတ်ကားလေးတစ်ကားကို ညွှန်းလိုက်ပါတယ်။


လူမှန်က အခွေဆိုင်ဖွင့်ထားပြီး ခိုးကူးအလုပ်လည်းလုပ်ပါတယ်။ သူ့ညီမ အငယ်မကတော့ ဖေ့စ်ဘွတ်ခ်အရူးပါ။ ဖေ့စ်ဘွတ်ခ်မှာလည်း သူ့ကိုယ်သူ ဖေ့စ်ဘုတ်ဘုရင်မဆိုပြီး အကောင့်ဖွင့်ထားပါတယ်။ ဖေ့စ်ဘွတ်ခ်အရမ်းသုံးတာကိုမကြိုက်လို့ လူမှန်က ဆူရင်တောင် အငယ်မကတော့ အေးအေးဆေးဆေးပါပဲ။ လူမှန်ကလည်း သူ့ညီမကို မာန်နေပေမယ့် ညီမက ဖေ့စ်ဘွတ်ခ်ဆယ်လီဖြစ်နေတာဆိုတော့ သူဓာတ်ပုံတွဲရိုက်တိုင်း မချိပြုံးပြုံးနေရပါတယ်။ အဲဒီလိုဖေ့စ်ဘွတ်ခ်ကို ရူးကြတာပါ။

ဒါပေမဲ့ ဖေ့စ်ဘွတ်ခ်ကို ရူးကြတာက သူတို့မောင်နှမနှစ်ယောက် တည်းမဟုတ်ပါဘူး။ တစ်ဖက်မှာလည်းရှိပါတယ်။ အဲဒီသူတွေကတော့ ဂွမ်းအိတို့ မောင်နှမပါ။ ဂွမ်းအိကလည်း ဖေ့စ်ဘွတ်ခ်မှာ သူ့ကိုယ်သူ ဖေ့စ်ဘွတ်ခ်ဘုရင်မ ဆိုပြီး အကောင့်ဖွင့်ထားပါတယ်။ ဂွမ်းအိနဲ့ အငယ်မတို့က လုံးဝမတည့်ကြပါဘူး။ ဖေ့စ်ဘွတ်ခ်ဘုရင်မအစစ်က ဘယ်သူဆိုပြီး  တစ်ယောက်နဲ့တစ်ယောက် အဲဒီဂုဏ်ပုဒ်ကိုပဲလုရင်းနဲ့ မတည့်ဖြစ် နေကြတာပါ။

ဂွမ်းအိမှာ ခင်မောင်ကြီး ဆိုတဲ့ မောင်တစ်ယောက်ရှိပါ တယ်။ ခင်မောင်ကြီးက ဖေ့စ် ဘွတ်ခ် လုံးဝမသုံးပါဘူး။ ဒါပေမဲ့ခင်မောင်ကြီးက အငယ်မကိုကြိုက်နေတာပါ။ အငယ်မကတော့ သူ့ကိုမကြည်ပါဘူး။ ဂွမ်းအိကလည်း အငယ်မနဲ့ မတည့်ပေမယ့် လူမှန်ကို တစ်ဖက်သတ် ကြိုက်နေတာပါ။ လူမှန်ကတော့ ဂွမ်းအိကို တော်တော်လန့်ပါ တယ်။

ဖေ့စ်ဘွတ်ခ်ဘုရင်မဆိုတဲ့ ဂုဏ်ပုဒ်ကို လုဖို့ ဂွမ်းအိနဲ့ အ ငယ်မက အမြဲတမ်းပြဿနာ တက် လေ့ရှိပါတယ်။ နောက်ပြီး သူတို့က သတင်းဦးချင်တဲ့ ထုံးစံအတိုင်း တစ်ခါတလေကျရင်ဘာမှမဟုတ်တာတွေကိုလည်း သူတို့အမြင်နဲ့ ရေးပြီး တင်လေ့ရှိပါတယ်။ အဲဒီ လို ကိစ္စတွေကြောင့် ပြဿနာတွေ လည်း ခဏခဏတက်ကြပါ တယ်။

အဲဒီိလိုနဲ့ သူတို့ရပ်ကွက်ထဲ ကို ဖေ့စ်ဘွတ်ခ်မှာ နာမည်ကြီးတဲ့ ဂျပန်အရုပ်မ ရောက်လာခဲ့ပါ တယ်။ ရောက်လာတာကတော့ သူတို့ရပ်ကွက်ထဲက လက်ဖက်ရည်ဆိုင်ပိုင်ရှင် တရုတ်က ရောင်းတာပါ။ ဝယ်တဲ့သူကတော့ လူပျို ကြီးပါ။ အဲဒီအရုပ်မကြောင့် သူ တို့ရပ်ကွက်ထဲမှာ ပြဿနာတွေ ထပ်တက်ခဲ့ကြပါသေးတယ်။ ဖေ့စ်ဘွတ်ခ်ကို တကယ့်ဘဝလိုခံယူပြီး အသုံးပြုနေသူတွေအ တွက် ဆိုးကျိုးတွေ ဘာတွေရှိ တယ်ဆိုတဲ့အကြောင်းအပါအဝင်ဖေ့စ်ဘွတ်ခ်နဲ့ပတ်သက်ပြီး ဖြစ်တတ်တာတွေကို ဟာသဆန်ဆန် တင်ဆက်ပေးထားတဲ့ ‘ဖေ့စ် ဘုတ်ဘုရင်မ’ ဇာတ်ကားကို နိုဝင်ဘာ ၁၇ ရက်ကစပြီး ရန်ကုန်၊မန္တလေးအပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်တည်း ရုံတင်ပြသမှာပါ။

ဒီဇာတ်ကားမှာ လူမှန်အဖြစ်လူမင်း၊ခင်မောင်ကြီးအဖြစ် ကျော် ကျော်ဗို၊ အငယ်မအဖြစ် ရွှေမှုံ ရတီ၊ ဂွမ်းအိအဖြစ် တက္ကသိုလ်ဂွမ်းပုံတို့က အဓိကသရုပ်ဆောင် ထားပါတယ်။ မင်းတခေတ်ရဲ့ ဇာတ်လမ်းကို ခေတ်ပျိုဖြူ  ဇာတ် ညွှန်းရေးပြီး ဒါရိုက်တာပြည်ဟိန်း သီဟက ရိုက်ကူးပုံဖော်ထားပါ တယ်။

Top News