အောင်လံတွင် စည်ပင်ခွန်ရရှိမှုနည်းနေ၍ ကြပ်မတ်ဆောင်ရွက်ရန် တိုင်းစည်ပင်ဝန်ကြီး ညွှန်ကြား

 အောင်လံမြို့နယ် သည် မကွေးတိုင်းရှိ အခြားအဆင့် တူမြို့နယ်များနှင့် နှိုင်းယှဉ်ပါက စည်ပင်သာယာရေးဆိုင်ရာ အခွန်ငွေရရှိမှု နည်းပါးသဖြင့် ယခင် ထက် ပိုမိုကြပ်မတ်ဆောင်ရွက်ရန် မကွေးတိုင်းဒေသကြီး အစိုးရအ ဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက အောင်လံ စည်ပင်တာဝန်ရှိ သူများအားညွှန်ကြားသည်။ 


နိုဝင်ဘာ ၁၁ ရက် ညနေက မကွေးတိုင်း အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ပြုလုပ်သော ဝန်ကြီးနှင့်ဒေသဝန် ထမ်းများ တွေ့ဆုံပွဲတွင် အထက် ပါအတိုင်း ညွှန်ကြားခဲ့သည်။ 

‘‘အောင်လံက မကွေးတိုင်း မှာ ‘က’ ကြီးအဆင့်ရှိတဲ့ မြို့ဖြစ် တယ်။ အခြား ‘က’ အဆင့်ရှိတဲ့ မြို့တွေနဲ့ယှဉ်ရင် စည်ပင်သာယာ ရေးဆိုင်ရာ လိုင်စင် စတဲ့အခွန်ငွေ ရရှိမှုနည်းတာ တွေ့ရတယ်။ ဒါ့ ကြောင့် ဝန်ထမ်းများအနေနဲ့ အ ရင်ထက် ပိုပြီး ကြပ်ကြပ်မတ်မတ် လေး ဆောင်ရွက်ကြဖို့ တိုက်တွန်း ချင်ပါတယ်’’ဟု​ ၎င်းက ပြော သည်။ 

မကွေးတိုင်းတွင် ‘က’အ ဆင့်ရှိ မြို့နယ်များဖြစ်သော ရေနံချောင်း၊ ချောက်၊ မင်းဘူးနှင့် တောင်တွင်းကြီး မြို့နယ်တို့၌ နှစ်စဉ် စည်ပင်သာယာရေးဆိုင် ရာ အခွန်ငွေရရှိမှုသည် ပျမ်းမျှ တစ်နှစ်လျှင်ကျပ်သိန်းခြောက် ထောင်ဝန်းကျင်ရှိနေပြီး အောင် လံမြို့နယ်က ကျပ်သိန်းငါးထောင် ခန့်သာရရှိကြောင်း ဝန်ကြီးက နှိုင်းယှဉ်ပြောသည်။ 

မကွေးတိုင်း ပခုက္ကူမြို့နယ်သည် စည်ပင်သာယာရေးဆိုင်ရာ အရပ်ရပ် အခွန်ငွေရရှိမှု အများ ဆုံးဖြစ်ပြီး တစ်နှစ်လျှင် ကျပ်သိန်း တစ်သောင်းကျော် ရရှိကြောင်း ဝန်ကြီးက ဆိုသည်။ 

အောင်လံမြို့နယ်၏ အခွန် ငွေရရှိမှုမှာ ၂၀၁၀ ခန့်က စတင် နည်းပါးခဲ့ပြီး ယင်းနှစ်များက သားသတ်လိုင်စင်လုပ်ငန်းများ တွင် လုပ်ငန်းရှင်များက လေလံ ဈေးမြင့်မားနေသည်ဟု ဆိုကာ လေလံဆွဲဝယ်ခြင်း မရှိတော့သ ဖြင့် မြို့နယ်အတွင်း အခွန်ငွေ လျော့ပါးမှုမရှိစေရန် ညှိနှိုင်းဈေး များ ပြန်လည်ပြင်ဆင်သတ်မှတ် ခဲ့ရကြောင်း၊ ထို့ကြောင့် အခြား မြို့များထက် အခွန်ရရှိမှုနည်းပါး ရကြောင်း အောင်လံမြို့နယ် စည် ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမောင်မောင်အေးက ပြောသည်။