ဘင်္ဂလားဒေ့ရှ်ရှိ ဆိပ်ကမ်းတစ်ခုတည်း၌သာ ကုန်ချနေရ၍ နယ်စပ်ကုန်သွယ်လုပ်ငန်းရှင်များ အခက်တွေ့

စစ်တွေမြို့ ရွှေမင်းဂံဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောတစ်စီး ဆိုက်ကပ်ထားစဉ် (ဓာတ်ပုံ − မောင်ကံ)

 စစ်တွေ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းများ မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့ကုန်တင် ပို့နေသည့် သင်္ဘောများနှင့် စက်လှေများသည် တစ်ဖက်နိုင်ငံတွင် ဆိပ်ကမ်းတစ်ခုတည်း၌သာ ကုန်အတင်၊အချ ပြုလုပ်နေရသဖြင့် အခက်အခဲများ ဖြစ်ပေါ်နေ ကြောင်း ကုန်သွယ်လုပ်ငန်းရှင်များက ပြောသည်။


မြန်မာနိုင်ငံနှင့် နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘင်ဒရိုဘင်ဆိပ်ကမ်းရှိ တံတား နှစ်စင်းအနက် တစ်စင်းသည် ပြီး ခဲ့သည့် သြဂုတ်အတွင်းက ပြိုကျသဖြင့် လက်ရှိတွင် တံတားတစ်စင်းတည်း၌သာ ကုန်တင်ကုန်ချပြုလုပ်နေရကြောင်း ကုန်သွယ်လုပ်ငန်းရှင်များက ဆိုသည်။

‘‘ပို့ကုန် တစ်ခေါက်ချဖို့အ တွက် တန်းစီပြီးတော့ စောင့်ဆိုင်း နေရတယ်။ တစ်ကြိမ်ကို ဆယ် ရက်လောက်စောင့်နေရပါတယ်။ အဲဒီလို စောင့်နေရတော့ ကုန် သွယ်မှုလုပ်ငန်းနှောင့်နှေးသလို ကုန်သည်တွေမှာ အလုပ်သမား စရိတ်တွေ ရက်ရှည်ပေးရတာ တွေရှိနေပါတယ်’’ဟု စစ်တွေမြို့ ရှိ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ် တွေမြို့ရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် မောင်တောနယ်စပ်ဆိပ်ကမ်းမှ ရေထွက်ပစ္စည်း၊ လယ်ယာထွက် ကုန်ပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်းများ တင်ပို့နေသည်။

ယင်းသို့ ပို့ကုန်သမားများ အခက်အခဲဖြစ်ပေါ်နေခြင်းကို နှစ် ဖက်ကုန်သွယ်သူများအကြား ညှိ နှိုင်းဖြေရှင်းရန် လိုလားသည်ဟု ကုန်သွယ်လုပ်ငန်းရှင်များက ပြောသည်။

ကုန်သွယ်လုပ်ငန်းရှင်များ ၏ အခက်အခဲနှင့် ပတ်သက်၍ နှစ်ဖက်ကုန်သည်များအသင်း အချင်း ချင်းဆက်သွယ်ညှိနှိုင်းရန်စီစဉ်နေ သော်လည်း အကြမ်းဖက်မှုနောက်ပိုင်း အခြားကိစ္စများဖြင့် ရှုပ်ထွေး နေသဖြင့် ညှိနှိုင်းချိန်မရသေးကြောင်း မောင်တောနယ်စပ်ကုန်သည်များအသင်း ဒုဥက္ကဋ္ဌ ဦး အောင်စံသိန်းက ပြောသည်။

Top News