ဘိုင်ယန်တွင် ကာလကြာရှည်နေမည်မဟုတ်ဟု နည်းပြဟိုင်းနက်စ်ပြော

(Reuters)

ဘိုင်ယန်မြူးနစ်ကို စတုတ္ထအကြိမ် ကိုင်တွယ်နေ သော နည်းပြဂျပ်ဟိုင်းနက်စ်က အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးနေသည်ဆိုခြင်း ကို ပယ်ချခဲ့သည်။

ဂျာမနီနိုင်ငံသား ဟိုင်းနက်စ် သည် ဘိုင်ယန်ကို ခုနစ်ပွဲတွင် ခုနစ်ပွဲစလုံး အနိုင်ရရှိအောင် စွမ်း ဆောင်ထားသည်။ အောက်တို ဘာလကုန်မှ ရာသီကုန်အထိ သက်တမ်းရှိသော စာချုပ်တစ် ရပ်ဖြင့် ဟိုင်းနက်စ်သည် အန် ဆယ်လော့တီ၏နေရာသို့ အစား ထိုး ဝင်ရောက်ခဲ့သည်။


ဘွန်ဒက်စ်လီဂါတွင် ပြိုင် ဘက် ဒေါ့မွန်ကို ၃-၁ ဂိုးဖြင့် အဝေးကွင်း၌ နိုင်ခဲ့သည့် ဘိုင်ယန်သည် လေးမှတ်ဖြတ်၍ ထိပ်ဆုံးမှ ဦးဆောင်နေကာ ချန်ပီယံလိဂ် တွင်လည်း နောက်ဆုံး (၁၆)သင်းအဆင့် သေချာနေပြီဖြစ်သည်။

သို့သော် ဘိုင်ယန်တွင် ရေ ရှည်နေနိုင်ခြေနှင့် ပတ်သက်၍ မေးမြန်းရာ ဟိုင်းနက်စ်က ‘‘ဟင့် အင်း အဲဒါ မဖြစ်နိုင်ပါဘူး’’ဟု ဖြေသည်။

သို့သော် ဘိုင်ယန်အတွက် ကစားသမား အပြောင်းအရွှေ့ ကာလအတွင်း အကြံဉာဏ်များ ကို ထုတ်ဖော်ပြောဆိုထားပြီး အသက်(၃၃)နှစ်ရှိပြီဖြစ်သော နယ်သာလန် တောင်ပံကစားသမား အာဂျန်ရော်ဘင်ကို စာချုပ်သက် တမ်းတိုးသင့်သည်ဟု ဟိုင်းနက်စ် က ပြောသည်။

ရော်ဘင်၏ စာချုပ်သည် ယခုရာသီကုန်တွင် သက်တမ်း ကုန်မည်ဖြစ်သည်။

 ဘိုင်ယန်အသင်း တာဝန်ရှိသူများအနေဖြင့် မိမိသဘော ထားကို တန်ဖိုးထားမည်ဟု ယုံကြည်ကြောင်း ဟိုင်းနက်စ်က ပြောသည်။

ရော်ဘင်သည် ငွေကြေးအ တွက် ဘောလုံးဆက်ကစားရန် မလိုအပ်တော့ဘဲ ၎င်းသည် ဘောလုံးကစားခြင်းကို ချစ်မြတ်နိုးသူဖြစ်ကြောင်း ဟိုင်းနက်စ်က ပြော သည်။

 ‘‘သူဟာ လူငယ်တွေအ တွက် စံနမူနာထားသင့်တဲ့ ဘော လုံးသမားတစ်ယောက် ဖြစ်ပါ တယ်’’ဟု ဟိုင်းနက်စ်က ပြော သည်။

—Ref: Goal

Top News