ဘီးလင်းမြို့နယ်တွင် ယာဉ်တိုက်မှုကြောင့် တပ်မတော်သားတစ်ဦး အပါအဝင် နှစ်ဦးသေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျောက်ရေ တွင်းကျေးရွာတွင် အိမ်စီးကားက အရှိန်လွန်၍ တပ်မတော်ယာဉ်တစ်စီးကိုဝင်တိုက်မိရာ တပ်မတော်သားတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး တပ်မတော်သားလေးဦး ဒဏ်ရာရရှိကြောင်း ဘီးလင်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၁ ရက်က ယာဉ် မောင်းအောင်မင်းစိန် မောင်းနှင် လာသော Super Custom ယာဉ် သည် မျက်နှာချင်းဆိုင်မှ တပ်မ တော်သား ဒုတပ်ကြပ် နိုင်လင်းဦး မောင်းနှင်လာသည့် ယာဉ်ကိုတိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းတွင် ရေးသားထားသည်။

‘‘အိမ်စီးကားက အရှိန်မထိန်း နိုင်ဘဲ တစ်ဖက်က မောင်းလာတဲ့ စစ်ကားကို တည့်တည့်ဝင်တိုက် တယ်။ အိမ်စီးကားက ကားဒရိုင် ဘာက အခင်းဖြစ်တဲ့နေရာမှာ ပွဲ ချင်းပြီးသေတယ်။ တပ်မတော် သားတစ်ဦးက ဆေးရုံရောက်မှ သေဆုံးတယ်။ ကျန်တဲ့ တပ်မ တော်သားလေးဦးက ဒဏ်ရာရလို့ ဘီးလင်းမြို့နယ် ဆေးရုံမှာ ဆေး ကုသမှုခံယူနေတယ်’’ဟု အထက် ပါ တာဝန်ရှိက ပြောသည်။

ယာဉ်တိုက်မှုကြောင့် တပ် မတော်ပိုင်ယာဉ် ဦးခေါင်းပိုင်း ကြေမွပျက်စီးးပြီး တပ်ကြပ်ကြီး ခင်မောင်ထွေး သေဆုံးကာ ဒုအရာခံဗိုလ် ခင်မောင်ညွန့်၊ ဒုတပ်ကြပ်နိုင်လင်းဦး၊ ဒုတပ် ကြပ်မျိုးသိမ်းဦးနှင့် ဒုတပ်ကြပ် ခင်မောင်ကြည်တို့ မစိုးရိမ်ရဒဏ်ရာဖြင့် ဆေးကုသနေကြောင်း ရဲမှတ်တမ်းတွင် ရေးသားထား သည်။

ယာဉ်တိုက်မှုကြောင့် အိမ်စီး ကားယာဉ်မောင်း အောင်မင်းစိန် ကို ယာဉ်မဆင်မခြင် မောင်းနှင် ပြီး လူသေဆုံးမှုပုဒ်မ ၃၀၄(က)၊ နာကျင်စေမှုပုဒ်မ ၃၃၇၊ အပြင်း အထန်နာကျင်စေမှု ပုဒ်မ ၃၃၈ တို့ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း အထက်ပါတာဝန်ရှိသူ က ဆိုသည်။