စစ်တွေကယ်ဆယ်ရေးစခန်းရှိ ဟိန္ဒူမိသားစုဝင်များ နေရပ်မပြန်နိုင်သေး

စစ်တွေမြို့ ကယ် ဆယ်ရေးစခန်း၌ ခိုလှုံနေရသော ဟိန္ဒူဘာသာဝင်များသည် နေရပ် ပြန်လိုသော်လည်း နေထိုင်ရန် အိမ်များ မဆောက်ရသေးသဖြင့် ပြန်ရန် အခက်အခဲဖြစ်နေကြောင်း ဟိန္ဒူမိသားစုဝင်များက ပြော သည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက် က မောင်တောခရိုင်ရှိ နယ်ခြား စောင့်ရဲစခန်း ၃၀ ကျော်နှင့် တပ် စခန်းတစ်ခုကို ARSA အကြမ်း ဖက်အဖွဲ့က စီးနင်းတိုက်ခိုက်ခဲ့ ပြီးနောက် သောင်းချီသော ရခိုင် နှင့် ဟိန္ဒူဘာသာဝင်များသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်း ရှောင်ခဲ့ရသည်။

ယင်းသို့ ထွက်ပြေးတိမ်း ရှောင်ပြီးနောက် တစ်လခန့် အကြာတွင် ရခိုင်မိသားစုအများစု နေရပ်ပြန်သော်လည်း ဟိန္ဒူ ဘာသာဝင်များ၏ နေအိမ်အများ စုသည် မီးလောင်ဆုံးရှုံးခဲ့သဖြင့် နေထိုင်စရာ နေအိမ်မရှိ ဖြစ်နေ ကြောင်း ဟိန္ဒူလူမှုကူညီရေးအဖွဲ့ ခေါင်းဆောင် ဦးနီမောလ်က ပြောသည်။

‘‘စစ်တွေကိုရောက်နေတဲ့ ဟိန္ဒူမိသားစုဝင်တွေကို တစု တစည်းတည်း ရွာတည်ပြီးတော့ နေရာချပေးဖို့ တောင်းဆိုချင်ပါ တယ်။ အဲဒီလို လုပ်ပေးရင်တော့ ကျွန်တော်တို့တွေ ပြန်ကြမှာပါ’’ ဟု ဦးနီမောလ်က ဆိုသည်။

ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ အဖွဲ့သည် အကြမ်းဖက်မှုနောက်ပိုင်း မီး လောင် ဆုံးရှုံးခဲ့သည့် ကျေးရွာများ ဖြစ်သည့် ခုံတိုင်(မြို)ရွာ၊ ကိုင်း ကြီး(မြို)ရွာ၊ အိုးထိန်း(ဟိန္ဒူ)ရွာ နှင့် နံသာတောင်ရွာတို့တွင် နေ အိမ်များ ပြန်လည်တည်ဆောက် ပေးရန် စီစဉ်နေသည်။

အချို့ကျေးရွာများသည် မီး လောင်ခဲ့သဖြင့် ပြန်လည်နေထိုင် ၍ မရသောကြောင့် ပြန်လည် နေရာချထားရေးကိစ္စများ ဆောင် ရွက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည် နယ်ဝန်ကြီးချုပ် ဦးညီပုက နိုဝင် ဘာ ၁၀ ရက်တွင် ပြောကြား သည်။

လက်ရှိတွင် စစ်တွေမြို့ ဒုက္ခသည်စခန်း၌ နေထိုင်လျက်ရှိ သော ဟိန္ဒူဘာသာဝင်မိသားစု ငါးရာကျော် ကျန်သေးသည်။