မိုးညှင်းမြို့နယ်၌ အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ်သုံးထောင် ဖမ်းမိ

အမိုနီယမ်နိုက်ထရိတ်ထည့်ထားသော စက္ကူပုံးများကို တွေ့ရစဉ် (ဓာတ်ပုံ − Ministry of Home Affairs, Myanmar)

တရုတ်စာတန်းပါ တရားမဝင် အမိုနီယမ်နိုက်ထရိတ် ကီလိုဂရမ်သုံးထောင်ခန့် သယ်ဆောင်လာသောကားကို နယ်မြေခံတပ်က ကချင်ပြည်နယ်မိုးညှင်း၌  နိုဝင်ဘာ ၁၁ ရက်ညက ဖမ်းဆီးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

၁၀ ဘီးကားဖြင့် သယ်လာ သော ကုန်ပစ္စည်းများအောက် တွင် စက္ကူဖာများဖြင့် ဝှက်ထား သည့် အမိုနီယမ်နိုက်ထရိတ်များ ကို မိုးညှင်းမြို့နယ် တောင်ဘက် ၅ မိုင်ခန့်အကွာ၌ မစခ (၉၀၄)မှ တပ်မတော်သားများက ယာဉ်များ စစ်ဆေးစဉ် ဖမ်းမိခဲ့သည်။

အမိုနီယမ်နိုက်ထရိတ်များ ကို မန္တလေးမှ ဖားကန့်သို့ တရား မဝင်ရောင်းချရန် သိုဝှက်သယ် ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိကြောင်း  ပြည်ထဲရေးဝန်ကြီး ဌာနက ထုတ်ပြန်သည်။

ထီးချိုင့်မြို့နယ်နေ ယာဉ် မောင်းအောင်မျိုးထွေးနှင့် ပြည် ကြီးတံခွန်မြို့နယ်နေ ယာဉ်နောက်လိုက် ဇော်မိုးအောင်တို့ကို ဓာတု နှင့် ဆက်စပ်ပစ္စည်းများ အန္တ ရာယ်တားဆီးကာကွယ်ရေးပုဒ်မ ၃၇/၃၈ ဖြင့် မိုးညှင်းမြို့မရဲစခန်း က အမှုဖွင့်စစ်ဆေးနေသည်။

Top News