ရပ်ထားသော ကုန်တင်ယာဉ်ကို ဝင်တိုက်သည့်ယာဉ်ပေါ်ပါ လူသုံးဦးသေဆုံး

ရပ်ထားသည့် ၂၂ ဘီး ကုန်တင်တွဲကားကို ကန်တာယာဉ်က နောက်မှ ဝင်တိုက်မိသဖြင့် အမျိုးသားသုံးဦးနေရာတွင် ပွဲချင်းပြီးသေဆုံးမှု ဥက္ကံမြို့ အုန်းကုန်း ကျေးရွာအနီး၌ နိုဝင်ဘာ ၁၂ ရက် နံနက်အစောပိုင်းက   ဖြစ်ပွားခဲ့သည်။ 

ယာဉ်တိုက်မှုကြောင့် ကန် တာယာဉ်မောင်း မြင့်ဇော်ဦးနှင့် အမျိုးသားနှစ်ဦးသည် အခင်းဖြစ် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ သည်။ ယာဉ်နောက်ခန်း၌ လိုက် ပါလာသူ ကိုကျော်စန်း၊ ကိုသန်း စိုး၊ မစန်းစန်းအေးနှင့် မသန္တာတို့ သည် တိုက်ကြီးဆေးရုံတွင် အ တွင်းလူနာများအဖြစ် ကုသနေ ကြောင်း ဥက္ကံရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။ 

ယာဉ်တိုက်မှုကြောင့် သေ ဆုံးသူများနှင့် ဒဏ်ရာရသူအချို့၏နေရပ်လိပ်စာကို မသိရသေးကြောင်း၊ အမှုစစ်ရဲအရာရှိက ဆေးရုံသို့သွားရောက်စစ်ဆေးနေကြောင်း အထက်ပါရဲအရာရှိက ပြောသည်။ 

တိုက်ကြီးမြို့နယ်နေ အမျိုးသားတစ်ဦးက အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ‘‘အဲဒီနေရာက လမ်းတွေကျဉ်းလို့ လမ်းချဲ့နေတာ။ ကန်တာပေါ်က သူတွေကတော့ မြဝတီမှာ အလုပ်သွားလုပ်မယ့် သူတွေလို့ ကြားတယ်။ အရှိန်တော့ အတော်လေးပြင်းတယ်ဗျ။ ကူညီကယ်ဆယ်ရေးတွေလည်း ဝိုင်းလုပ်ပေးကြပါတယ်’’ဟု  ပြောသည်။ 

ယာဉ်မောင်း မြင့်ဇော်ဦးကို လူသေဆုံးစေမှု၊  ယာဉ်မဆင် မခြင်မောင်းနှင်မှု ယာဉ်(ပ) ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/ ၃၃၈ တို့ဖြင့် ဥက္ကံရဲစခန်းတွင် အမှု ဖွင့်အရေးယူထားသည်။