ရန်ကုန်မြို့တွင်း ၁၁​ မြို့နယ်တွင် ဆန္ဒပြခွင့်မပြုရန် ညွှန်ကြားချက်သည် လွတ်လပ်စွာဆန္ဒပြခွင့်ကို ငြင်းပယ်ခြင်း မဟုတ်ကြောင်း ဦးဉာဏ်ဝင်းပြော

ယမန်နေ့က ဒီချုပ်ပါတီရုံးချုပ်တွင် ပြုလုပ်သော သုံးပွင့်ဆိုင်တွေ့ဆုံပွဲသို့ ဦးဉာဏ်ဝင်းတက်ရောက်လာစဉ် (ဓာတ်ပုံ − စိုင်းဇော်)

ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်၌ ဆန္ဒပြခွင့်မပြုရန် ညွှန် ကြားချက်သည် လွတ်လပ်စွာဆန္ဒ ပြခွင့်ကို ငြင်းပယ်ခြင်းမဟုတ်ဘဲ အခြားသူများ အနှောင့်အယှက် မဖြစ်စေရန် နေရာပြောင်းလဲခွင့်ပြုမည်ဟု နားလည်ကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

‘‘ကျွန်တော်သိတာက ခွင့် မပြုတာမဟုတ်ဘူး။ ဒီနေရာတွေ မှာ ငြင်းပယ်တာမဟုတ်ဘူး။ တ ခြားနေရာကို ပြောင်းပြီးတော့ပေး မယ်။ ငြင်းပယ်တာမဟုတ်ဘူး။ အနှောင့်အယှက်မဖြစ်အောင် နေ ရာရှာပေးမယ့်သဘောပဲ။ ဒါက အားလုံးအကျိုးအတွက်လုပ်တာ ကိုး။ စာနဲ့ဘာနဲ့ အဲဒီလိုညွှန်ကြား ချက်လည်း မဟုတ်ပါဘူးတဲ့’’ ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာစုဝေး ခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့် လည်ခြင်းများပြုလုပ်ရန် အသိ ပေးတင်ပြလာပါက ခွင့်မပြုရန် ရန်ကုန်တိုင်းလုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင် စိုးမိုးက သက်ဆိုင်ရာမြို့နယ်ရဲ တပ်ဖွဲ့များထံသို့ နိုဝင်ဘာ ၇ ရက် စွဲဖြင့် အကြောင်းကြားစာပေးပို့ ထားကြောင်း ရန်ကုန်တိုင်းရဲတပ် ဖွဲ့တာဝန်ရှိသူတစ်ဦးက အတည် ပြုပြောကြားထားသည်။

ယင်း ၁၁ မြို့နယ်အတွင်း ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်း ချမ်းစွာစီတန်းလှည့်လည်ရန် အ သိပေးတင်ပြလာပါက အများ ပြည်သူခရီးသွားလာမှု အနှောင့် အယှက်ဖြစ်စေခြင်း၊ စိတ်ငြိုငြင် ခြင်း၊ အန္တရာယ်ရှိစေခြင်း၊ စိုးရိမ် ထိတ်လန့်စေခြင်းများ ဖြစ်ပေါ်စေ နိုင်သဖြင့် ခွင့်မပြုရန်နှင့်ပြုလုပ် ရန်နေရာကို တာမွေမြို့နယ်ရှိ ဟစ်တိုင်ကွင်းသို့ ပြောင်းလဲ လျှောက်ထားစေရန်  ညွှန်ကြား ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ဆန္ဒပြခွင့်တောင်းလာပါက ခွင့်မပြုရန်ညွှန်ကြားထားသည့် မြို့နယ်များသည် ကျောက်တံ တား၊ ပန်းဘဲတန်း၊ လသာ၊ လမ်း မတော်၊ ဗိုလ်တထောင်၊ ဗဟန်း၊ စမ်းချောင်း၊ ဒဂုံ၊ အလုံ၊ မင်္ဂလာ တောင်ညွန့်နှင့် ပုဇွန်တောင်မြို့ နယ်တို့ဖြစ်သည်။

ယင်း ညွှန်ကြားချက်နှင့် ပတ်သက်၍ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ဦးမြအေးက‘‘၁၁ မြို့နယ် ပိတ်လိုက်တဲ့ဟာအပေါ်မှာတော့ သိပ်သဘောမကျဘူး။ ဒါက ညွှန် ကြားချက်ဖြစ်တယ်။ ဥပဒေအရ လည်း မဟုတ်ဘူး။ ကျွန်တော်မြင် တာက ပြန်သုံးသပ်စေချင်တယ်။ အများစုဆန္ဒပြတဲ့နေရာက မဟာ ဗန္ဓုလပန်းခြံဗျာ။ အဲဒီရှေ့ပဲ။ အဲဒီ နေရာမျိုးတော့ ခြွင်းချက်အနေနဲ့ ခွင့်ပြုသင့်တယ်လို့ မြင်တယ်ဗျ’’ ဟု ပြောကြားသည်။

ယင်းသို့ရန်ကုန်မြို့တွင်း ၁၁ မြို့နယ်တွင် ဆန္ဒပြခွင့်မပြုရန် ညွှန်ကြားခြင်းနှင့် ပတ်သက်ပြီး ဒီမိုကရေစီအစိုးရ၏ပုံရိပ်ကို ထိ ခိုက်စေသည်ဟူသော ပြောကြား ချက်များကိုမူ ဦးမြအေးက လက် မခံပေ။

‘‘အစိုးရတစ်ခုလုံးရဲ့ပုံရိပ်ကို ထိခိုက်လားဆိုတာက သိပ်ကြီး မားတဲ့ စွပ်စွဲချက်ကြီးဖြစ်သွားပြီ။ အဲဒီလောက်ကြီးမဟုတ်ပါဘူး။ အစိုးရက မေတ္တာနဲ့အုပ်ချုပ်တယ် ဆိုတာ ကျွန်တော်ယုံကြည်ပါ တယ်။ ဆိုတော့ ပြည်သူလူထုရဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြသ ခွင့်ကို ကန့်သတ်ခြင်းမလုပ်ဘဲ အေးအေးဆေးဆေးသက်သောင့် သက်သာဆန္ဒပြုလို့ရမယ့် အခြေ အနေမျိုးကို ဖန်တီးပေးတာ ပို ကောင်းတယ်လို့မြင်ပါတယ်။ အ ထူးသဖြင့် မဟာဗန္ဓုလပန်းခြံရှေ့ ဆိုတာ မပိတ်သင့်တဲ့နေရာလို့ မြင်ပါတယ်’’ ဟု ၎င်းကဆိုသည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ပုဒ်မ ၁၉ အရစီတန်းလှည့်လည် ခြင်းမပြုလုပ်မီ  ၄၈ နာရီကြိုတင် ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့သို့ အ ကြောင်းကြားရမည်ဖြစ်သည်။

‘‘နေရာတိုင်းမှာ ဆန္ဒပြခွင့် ရတယ်။ နေရာတိုင်းမှာ ကြိုက်သ လိုပြလို့ရတယ်။ ဒီလိုသဘော တော့ ဥပဒေမှာ မပါဘူးလေ’’ ဟု ဦးဉာဏ်ဝင်းကဆိုသည်။

အသစ်ပြင်ဆင်လိုက်သော ငြိမ်းစုစီဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးစီတန်းလှည့်လည်လိုပါက ယခင်ကကဲ့သို့ ခွင့်ပြုချက်တောင်း စရာမလိုတော့သော်လည်း ရဲတပ် ဖွဲ့သို့ကြိုတင်အကြောင်းကြားရ သည်။

Top News