မြန်မာပြည်သိန်းတန်နဲ့ ထန်ပါးပရိသတ်တွေကို မေတ္တာရပ်ခံလိုက်တဲ့ ခင်လှိုင်

ထန်ပါးစတိုင်ဖြင့် သရုပ်ဆောင်နေသည့် ခင်လှိုင်

 ‘ဖေ့စ်ဘုတ်ဘုရင်မ’ ဇာတ်ကားတွင် မြန်မာပြည်သိန်း တန်နှင့် ချင်းအဆိုတော် ထန်ပါး တို့၏ ပုံစံကို တုပ၍ သရုပ်ဆောင် ထားသည့်အပေါ် ကာယကံရှင် များနှင့် ၎င်းတို့၏ ပရိသတ်များက နားလည်ပေးရန်  ခင်လှိုင်က မေတ္တာရပ်ခံသည်။

‘‘ဦးသိန်းတန်ဆိုတာ ကျွန် တော်တို့လေးစားရတဲ့ ကျွန်တော့် ရဲ့ အိုင်ဒေါပါ။ ကားရိုက်လည်း ဆုံဖူးပါတယ်။ အင်မတန်သဘော ကောင်းပြီး ဘဝကို ရိုးရှင်းစွာနေ ထိုင်တဲ့ အနုပညာရှင်တစ်ဦးပါ။ အခုလုပ်တာကလည်း စော်ကား ပြီး လှောင်ပြောင်သရော်တာမျိုး မဟုတ်ပါဘူး။ လာကြည့်ရင် သိ မှာပါ။ ဖေ့စ်ဘွတ်ခ်ဆယ်လီဖြစ် ချင်တဲ့အတွက် အောင်မြင်တဲ့ အနုပညာရှင်တွေကို အားကျပြီးလုပ် တာပါ’’ဟု ဖေ့စ်ဘုတ်ဘုရင်မ ဇာတ်ကားတွင်  ပါဝင်သရုပ် ဆောင်ရသည့် ဇာတ်ရုပ်နှင့်ပတ် သက်၍ ခင်လှိုင်က ပြောသည်။

ထို့အပြင် ယင်းဇာတ်ကား တွင် ထန်ပါး၏ ပုံစံကိုလည်း သရုပ်ဆောင်ထားပြီး လှောင်ပြောင် သရော်ထားသည့် ပုံစံမဟုတ်ဘဲ ထန်ပါး၏ ဖက်ရှင်ပုံစံအတိုင်း ဝတ်ဆင်၍ သရုပ်ဆောင်ထား ခြင်းသာဖြစ်သောကြောင့် ထန်ပါး နှင့် ထန်ပါး၏ ပရိသတ်များက နား လည်ပေးစေလိုကြောင်းလည်း ခင်လှိုင်က ဆက်လက်ပြောသည်။

‘‘အန်ကယ့် (မြန်မာပြည် သိန်းတန်)ရဲ့ Flow က ကျွန်တော် တင်မဟုတ်ဘူး။ တစ်နိုင်ငံလုံးက လူတွေက သိပြီးသားဖြစ်တဲ့အ တွက် သိပ်အများကြီးလုပ်စရာ မလိုဘူး။ နည်းနည်းခက်တာက ကိုထန်ပါး။ ကိုထန်ပါး သီချင်းက နားပဲထောင်ဖူးတယ်။ လိုက်မဆို ဖူးတော့ အဲဒီမှာမှ ချက်ချင်း ကောက်ကျက်ရတော့ ရောချတဲ့ ပုံစံပဲလုပ်ထားတယ်’’ဟု ယင်း ဇာတ်ကားတွင် သရုပ်ဆောင်ထား သည့် ဇာတ်ရုပ်နှင့်ပတ်သက်၍ ပြောသည်။

ထိုသို့ အခြားသူများ၏ ပုံစံ များကို သရုပ်ဆောင်ရသည့်အ ပေါ် ‘‘ဖိအားက မတူမှာ ကြောက် ရတယ်။ အရမ်းတူမှာလည်း ကြောက်ရတယ်။ သူက အားကျ ပြီး လိုက်လုပ်တာပဲရှိတာ။ Clone (ကိုယ်ပွား) မဟုတ်ဘူးလေ’’ဟု ၎င်းက ဆိုသည်။

‘ဖေ့စ်ဘုတ်ဘုရင်မ’ဇာတ် ကားတွင် လူမင်း၊ ကျော်ကျော်ဗို၊ ရွှေမှုံရတီ၊ ခင်လှိုင်၊ ဒိန်းဒေါင်နှင့် တက္ကသိုလ်ဂွမ်းပုံတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဖေ့စ်ဘွတ်ခ်ဆယ် လီဖြစ်ချင်သူများ အကြောင်းကို ဟာသပုံစံရိုက်ကူးထားကာ နိုဝင်ဘာ ၁၇ ရက်တွင် ရုံတင်ပြသမည် ဖြစ်သည်။

Top News