မွန်ပြည်နယ်၌ မိုးစပါးရိတ်သိမ်းချိန် မိုးဖျက်သဖြင့် စပါးဈေးတက်

 မွန်ပြည်နယ်တွင် ယခုနှစ်မိုးစပါး ရိတ်သိမ်းချိန်၌ မိုးရွာ၍ စပါးဈေးမြင့်တက်နေ ကြောင်း စပါးကုန်သည်များက ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် စပါးဈေးသည် ယခင်နှစ်ဈေးနှင့် နှိုင်းယှဉ်ပါက စပါးတင်း ၁၀၀ လျှင်ကျပ်တစ်သိန်းခန့် ကွာဟနေ သည်ဟု မွန်ပြည်နယ်ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်း ရှင်များအသင်း တွဲဖက်အတွင်း ရေးမှူး ကိုခိုင်ဦးက ပြောသည်။

‘‘စပါးဈေး ကမောက်ကမ ဖြစ်သွားရတဲ့ အကြောင်းရင်း ကတော့ မိုးကြောင့်ပါ။ စပါးရိတ် သိမ်းချိန်မှာ မိုးရွာတယ်။ မိုးရွာ တော့ ရိတ်ဖို့က အခက်အခဲရှိ တယ်။ စပါးအဟောင်းကလည်း ပြတ်နေတယ်။ ဒီလိုအခြေအနေ မျိုးမှာ အပြိုင်အဆိုင်ဝယ်ယူနေ ကြတော့ စပါးဈေးတက်သွား တာ’’ ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်၌ စပါးကြမ်း အုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်း၊ စပါးချောအုပ်စု ၀င် စပါးတင်း ၁၀၀ လျှင် ကျပ် ရှစ်သိန်းကျော် ပေါက်ဈေးရှိနေပြီး ယမန်နှစ်က စပါးကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ်ခြောက်သိန်း၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ်ခုနစ်သိန်း ပေါက်ဈေးရှိသည်။

‘‘စပါးဈေးတက်တော့ ဆန် ဈေးလည်း တက်သွားတယ်။ အဓိကက မိုးကြောင့်ပေါ့လေ။ အခုက စပါးတွေစရိတ်တဲ့အချိန် ဖြစ်တယ်။ မိုးကဖျက်တော့ စပါး ကောင်းကောင်း မထွက်ဘူး။ စပါးအဟောင်းကလည်း ကုန်နေပြီး ကြားကာလဖြစ်သွားတာပေါ့’’ဟု မော်လမြိုင်မြို့ အိမ်ရှင်မဆန် ရောင်းဝယ်ရေးမှ မမီးမီးက ပြော ကြားသည်။

ရာသီဥတုအခြေအနေပုံမှန် ဖြစ်ပြီး မိုးစပါးအထွက် ပုံမှန်ဖြစ် လာချိန်တွင် စပါးဈေးပြန်ကျမည့် အနေအထားရှိကြောင်း မွန်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ခန့်မှန်းသည်။

မွန်ပြည်နယ်တွင် ရော်ဘာပြီး လျှင် စပါးစိုက်ပျိုးခြင်းသည် ပြည် နယ်၏ အဓိကစီးပွားရေးလုပ်ငန်း ဖြစ်ပြီး မိုးစပါးကို အဓိကထားစိုက် ပျိုးသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၇ တွင် မိုးစပါးစိုက်ဧက ခုနစ်သိန်း ခန့်ရှိပြီး စပါးကြမ်းအုပ်စုဝင် စပါး စိုက်ပျိုးမှု ၄၀ ရာခိုင်နှုန်းရှိကာ စပါး ချောအုပ်စုဝင် ၆၀ ရာခိုင်နှုန်းရှိ သည်ဟု မွန်ပြည်နယ် စပါးကုန်သည်များအသင်း စာရင်းတွင် ဖော်ပြသည်။