ပင်လယ်ကမ်းခြေရောက် နေရပ်စွန့်ခွာ ဘင်္ဂါလီ အချို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့သာ သွားရောက် နေထိုင်မည်ဟုဆို

 မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေအနီး နှင့် ဂေါ်ဒူသာရချောင်းဝစခန်းအ နီး ပင်လယ်ကမ်းခြေသို့ ရောက်ရှိ နေသည့် နေရပ်စွန့်ခွာဘင်္ဂါလီ များက နေရပ်မပြန်ဘဲ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့သာ ဆက်လက်ထွက် ခွာမည်ဟု ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ဦးဆောင်သော အဖွဲ့ ထံ တင်ပြခဲ့ကြောင်း နေရပ်စွန့်ခွာ ဘင်္ဂါလီအချို့က ပြောသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပြည်နယ်ဝန်ကြီး ချုပ် ဦးညီပုတို့သည် နိုဝင်ဘာ ၁၂ ရက်က မောင်တောနယ်စပ်ဒေသ သို့ သွားရောက်ကာ တိုင်းရင်းသားဒေသခံများနှင့် ပင်လယ်ကမ်းခြေ အနီးသို့ ရောက်ရှိနေသော ဘင်္ဂါ လီများကို တွေ့ဆုံခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဘင်္ဂါ လီများနေထိုင်ခဲ့သောနေရာများ သို့ ပြန်မည်ဆိုပါက အစိုးရအနေ ဖြင့် လိုအပ်သည်များ ပံ့ပိုးပေးမည်ဟု ပြောကြားခဲ့သည်။

 သို့သော် ဘင်္ဂါလီများသည် စားဝတ်နေရေး အခက်အခဲ၊ အလုပ်အကိုင်အခက်ခဲတို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့သာ ဆက်လက်ထွက်ခွာရန် ဆန္ဒရှိသည်ဟု ပြန်လည် တင်ပြခဲ့ကြောင်း ဘင်္ဂါလီအမျိုးသားတစ်ဦးကပြောသည်။

‘‘တခြားဘင်္ဂါလီတွေလည်း ကိုယ့်အလုပ်ကိုယ် လုပ်စားနေကြ တာပဲ။ တချို့ဆို အစိုးရအလုပ် တွေဖြစ်တဲ့ လမ်းလုပ်၊ ကျောက် ထုလုပ်ငန်းတွေမှာ ဝင်လုပ်နေ တာတွေ့ရပါတယ်။ သူတို့ရဲ့အ ခက်အခဲက တိုင်းရင်းသားတွေ လောက် အခက်အခဲမရှိနိုင်ပါဘူး’’ဟု မောင်တောမြို့ မြို့ခံတစ်ဦး က ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက် ခွာမည့် သူတစ်ဦးအတွက် လှေစီး ခအဖြစ်ေ ငွကျပ်ငါးသောင်းနှုန်း ပေးရသည်ဟု ဘင်္ဂါလီများက ဆိုသည်။

Top News