မင်္ဂလာရက်မြတ် လက်ထပ်မယ့်သူတွေ

ဝါကျွတ်ပြီဆိုတာနဲ့ မင်္ဂလာဆောင် ဖိတ်စာတွေက ဝင်လာမစဲ တသဲသဲနဲ့ ဝင်လာကြတယ်။ ခင် မင်ရင်းနှီးကျွမ်းဝင်သူတွေရဲ့ မင်္ဂ လာဖိတ်စာတွေပါသလို သိပ် မရင်းနှီးလှတဲ့ ဖိတ်စာတွေလည်း ပါတာပါပဲ။ မင်္ဂလာပွဲကျင်းပ တယ်ဆိုတာ ကျွန်တော်၊ ကျွန်မ တို့သည် အကြင်လင်မယား အဖြစ်  ပေါင်းဖက်ကြပါတော့မယ်လို့ မိတ်ဆွေသင်္ဂဟတွေကို အသိပေး လိုက်တာ ဖြစ်ပါတယ်။ လောက အလယ်မှာ တူနှစ်ကိုယ် ဂဟေ ဆက်လို့ ရွှေလက်တွဲပြီး ရင်ဆိုင် ကြမယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။

ဒီနေ့ခေတ်မှာ မင်္ဂလာပွဲတစ် ပွဲ ကျင်းပရတာ ကုန်ကျစရိတ်ကြီး မားလွန်းလှတယ်။ ဖိတ်စာ၊ ဧည့် ခံကျွေးမွေးရေး၊ အဝတ်အစား အသုံးအဆောင်၊ ခန်းမစရိတ်၊ ဓာတ်ပုံဗီဒီယိုမှတ်တမ်းတင် စတာတွေက မကုန်မဖြစ် မဟုတ်လား။ မြို့မှာ ဆောင်သည်ဖြစ်စေ၊ ကျေး လက်ဒေသမှာ ဆောင်သည်ဖြစ် စေ သူ့အတိုင်းအတာနဲ့သူ ကုန်ကျစရိတ်တွေက ရှိတာချည်းပါပဲ။ မင်္ဂလာဦးမောင်နှံအတွက် ကြွေး မြီကင်းကင်းနဲ့ သင့်တင့်လျောက် ပတ်စွာ မင်္ဂလာပွဲကျင်းပနိုင်ခဲ့ရင် အကောင်းဆုံးပါပဲ။

 ကျွန်တော့် မိတ်ဆွေတစ် ယောက်ကတော့ သူ့မင်္ဂလာပွဲမှာ ဖိတ်စာငါးမျိုး ရိုက်ခဲ့ရပါသတဲ့။ နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေ ကျေနပ်သဘောတူလို့ မင်္ဂလာဆောင်မယ်ဆိုတော့ သတို့သား လောင်းနဲ့ သတို့သမီးလောင်းတို့ ခေါင်းချင်းဆိုင်ကြပါတယ်။ နှစ်ဖက်ဆွေမျိုး အသိုင်းအဝိုင်း မထည့်ကြဘဲ သတို့သား၊ သတို့ သမီးရဲ့ မိဘနှစ်ပါးကိုသာထည့်ဖို့ နှစ်ဦးသဘောတူခဲ့ကြပြီး ဖိတ်စာရိုက်လိုက်ကြပါတယ်။ ဖိတ်စာထွက်လာတဲ့အခါ သတို့သားအမေဖြစ်သူက သူ့ရဲ့ဆွေမျိုးသား ချင်းတွေ ဖိတ်စာမှာ ထည့်မရိုက် ရင် ဖိတ်မပေးဘူးလို့ ရာဇသံပေးလာတာကြောင့် သတို့သားအမေ ဘက်က အမျိုးတွေ ထည့်ပေးခဲ့ရ ပါတယ်။ အဲဒီ ဖိတ်စာရလာတော့ သတို့သားအဖေက သူ့အမျိုးတွေကို ဖိတ်စာမှာ အမှူးထားအဖြစ်ထည့်ပေးဖို့ တောင်းဆိုပြန်ပါ တယ်။ သတို့သားလည်း အဖေ့အမျိုးတွေကို စီကာပတ်ကုံး မကျန်ရစ်အောင် ထည့်ပေးရပြန်သတဲ့။ ဖိတ်စာမလောက်ငလို့ အပြေးအ လွှားရိုက်ရတဲ့အခါ အဖေ့ဘက်က အမျိုးတွေရော အမေ့ဘက်က အမျိုးတွေပါ ပါဝင်တဲ့ ဖိတ်စာ လက်ပူတိုက်ရိုက်ရပြန်ပါတယ်။ နယ်ဝေးက အမျိုးသမီးနဲ့ လက် ထပ်တာဖြစ်လို့ သတို့သမီးရဲ့ နေ ရပ်မှာ မင်္ဂလာဆောင်တဲ့အခါ ဖိတ်စာတစ်မျိုး လုပ်ခဲ့ရပါသေး တယ်။ အဲဒီမိတ်ဆွေက သူ့လိုဖိတ် စာငါးမျိုးလုပ်ပြီး ဆောင်ခဲ့ရတဲ့ သတို့သားရှိနိုင်မယ်မထင်ဘူးလို့ ရယ်ကာမောကာ ပြောပြဖူးပါ တယ်။

ကျွန်တော်နဲ့ လူမှုကွန်ရက် မှာ ခင်မင်ရတဲ့ မိတ်ဆွေတစ် ယောက်က သူ့မင်္ဂလာပွဲကို အွန် လိုင်းက ဖိတ်ကြားပါတယ်။ သူက ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အသားကျနေတဲ့ ဖိတ်ကြားမှုအ စဉ်အလာကို သဘောမကျတဲ့သူ ဖြစ်တယ်။ မင်္ဂလာဆောင်ဆိုတာ သာရေး၊ ဖိတ်စာရမှ သွားကြရ တယ်။ နာရေးကတော့ ဖိတ်ဖိတ်၊ မဖိတ်ဖိတ် သိရင်သွားရတယ်ဆို တဲ့ လူမှုဓလေ့ကို လက်မခံနိုင် ဘူး။ သူကိုယ်တိုင်ကလည်း ဖိတ် စာရသည့်တိုင် သွားဖြစ်တဲ့အခါ လည်းရှိ၊ လွဲချော်ခဲ့တဲ့ မင်္ဂလာပွဲ တွေလည်း ရှိခဲ့ပါသတဲ့။ မဖိတ် ပေမယ့်လည်း သွားရောက်ခဲ့တဲ့ မင်္ဂလာဆောင်တွေလည်း ရှိခဲ့ တယ်လို့ဆိုတယ်။ လက်ဖွဲ့တို့၊ အကူငွေတို့နဲ့ပတ်သက်ပြီး သူမြင် ပုံက ရှင်းလင်းတိကျလှတယ်။ ကိုယ်တိုင်အဆင်ပြေမှ အလျဉ်း သင့်မှသာ ကူညီဖို့ အဆင်ပြေ တာ။ ကျွန်တော်ကိုယ်တိုင် အကူ လက်ဖွဲ့ငွေနဲ့ပတ်သက်ပြီး သောင်မတင်ရေမကျ ကာလတစ်ခုရှိခဲ့ ဖူးတယ်။ ကိုယ်ဆောင်ခဲ့တုန်းက ဘာတွေဖွဲ့ခဲ့တာဆိုတာမျိုးပေါ့။ ကိုယ့်လက်ဖွဲ့ခဲ့သူ တစ်ယောက် ယောက်ရဲ့ ဆွေမျိုးသားချင်း မင်္ဂ လာဆောင်တဲ့အခါ ငယ်စာရင်း တွေ ပြန်စဉ်းစားရတာ အမော။ အခုတော့ အဲဒီလိုမဟုတ်တော့ ပြီ။ ကိုယ့်တုန်းကထက် ပိုပြီးအကူ လက်ဖွဲ့ပေးဖို့ လိုအပ်တယ်ထင် ရင် ပိုဖွဲ့လိုက်တယ်။ ကိုယ့်တုန်း က ဖွဲ့ခဲ့တဲ့ ပမာဏထက် လျော့ ဖွဲ့ခဲ့တာတွေလည်း ရှိတာပဲ။ တိုင်းတိုင်းတိတိ အဲဒီလောက်ထိ လုပ်စရာမလိုဘူးလို့ ဆုံးဖြတ် လိုက်ပြီ။

မင်္ဂလာမောင်နှံတွေအနေနဲ့ လက်ဖွဲ့ဖလားကိစ္စ မဆောင်မီက ကြိုတင်ညှိနှိုင်းထားတာ အ ကောင်းဆုံးပါပဲ။ ကြိုတင်ညှိနှိုင်း မှုမရှိခဲ့လို့ မင်္ဂလာပွဲအချို့မှာ ခန်းမထဲက မထွက်ခင်မှာပဲ ပြဿနာ ကြီးငယ်တွေ တက်ခဲ့ရတဲ့ ဖလား လုပွဲတွေရှိတယ်။ မင်္ဂလာကုန်ကျ စရိတ်အချို့ နုတ်ယူပြီး မင်္ဂလာ မောင်နှံကို မင်္ဂလာလက်ဖွဲ့အဖြစ် ဖလားအပ်နိုင်ခဲ့ရင် အကောင်းဆုံး ပါပဲ။

မင်္ဂလာဆောင်တာ ကြွေးမြီ အနည်းဆုံးဖြစ်ရင် ကောင်းပါ တယ်။ ဖြစ်နိုင်ရင် အကြွေးမတင် အောင် သတိထားဖို့လိုပါတယ်။ သတို့သမီးနဲ့ သတို့သား နှစ် ယောက်စလုံး ကိုယ့်ဝင်ငွေကို အ သိဆုံးဖြစ်ကြမှာပါ။ တချို့က ဘာရယ်မဟုတ်ဘူး။ တစ်သက်မှာတစ်ခါသာ ဆောင်ရတာမို့ အကောင်းဆုံးစံကိုက်တွေချည်း သုံးချင်ကြတယ်။ လူတိုင်း အကောင်းကြိုက် တဲ့သူတွေသာဖြစ် ကြပါတယ်။ ဒါပေမဲ့ ဘယ်အရာတွေက မကုန်မဖြစ်လဲ၊ ဘယ်ကိစ္စတွေကိုတော့ ခြိုးခြံချွေတာလို့ရသလဲ ကိုယ့်ဘာသာဆုံးဖြတ်တာ အကောင်းဆုံးပါပဲ။ တချို့ကသူများပါးစပ်ဖျား မှာ လမ်းဆုံးနေကြသူတွေဖြစ် တယ်။ မြှောက်ပင့်ပေးသမျှ အ ဟုတ်မှတ်ပြီး လိုက်လုပ်ကြသူ တွေလည်း ရှိတယ်။ မလိုအပ်ဘဲ ပုံကြီးချဲ့နေရင် ကြွေးတင်ဝန်ပိဖြစ် သွားမှာပါပဲ။ ကြွေးတင်ရှင်ဘုရင် ဆပ်ဆိုတာ ပုံပြင်တွေထဲမှာပဲရှိ တယ်။ လက်တွေ့ဘဝမှာတော့ အကြွေးတင်ရင် ကိုယ့်ဘာသာ ကိုယ်ပဲ ဆပ်ကြရစမြဲ။

ငွေကြေးပြည့်စုံကြွယ်ဝခဲ့ရင် တစ်ကိုယ်လုံးကို စိန်စီပြီး မင်္ဂလာ ဆောင်နိုင်ပေမယ့် တိုင်းကာထွာ ကာ ဆောင်ရသူတွေအနေနဲ့ မကုန်သင့်တာ မကုန်အောင် စနစ်တကျ တွက်ချက်ပြီးမှသာ ဆောင် ကြစေလိုပါတယ်။ ဘဝဆိုတာ ကိုယ်တိုင်ပဲ တည်ဆောက်ကြရ တာပါ။ ဘယ်သူမှ မြှင့်တင်ပေးလို့ မရသလို ဘယ်သူမှ ဆွဲချလို့ မရ နိုင်ဘူး။ မင်္ဂလာဆောင်တယ်ဆို တာ ကိုယ်တိုင် လမ်းသစ်ဖောက် တာဖြစ်တယ်။ ကိုယ်ဖောက်ခဲ့တဲ့ လမ်း ကိုယ့်ဘာသာပဲ ဆုံးအောင် လျှောက်ကြရမှာ ဖြစ်တယ်။

 မင်္ဂလာ ဆောင်ကြတော့ မယ့် မင်္ဂလာမောင်နှံတို့ကို အထူး မှာကြားလိုတာရှိပါတယ်။ မင်္ဂလာသက်တမ်း ရင့်လာတာနဲ့အမျှ သဘောမကျနိုင်တဲ့ ကိစ္စတွေ၊ မနှစ်သက်နိုင်တဲ့ ဓလေ့တွေ ရှိလာနိုင်ပါတယ်။ ပြဿနာအသေးအ မွှားမှသည် အကြီးအမားအထိရ အောင် ညှိနှိုင်းကျော်ဖြတ်ကြရမှာ ပါ။ လင်ရယ်၊ မယားရယ်လို့ ဖြစ် လာခဲ့ရင် ရံဖန်ရံခါ အော်ကြီးဟစ် ကျယ် စကားများရန်ဖြစ်တာတွေ လည်း ရှိနိုင်တာပါပဲ။ ရန်ဖြစ်ပြီး ပြန်ချစ်နိုင်ဖို့လိုပါတယ်။ အိမ်ရာ ထူထောင်တယ်ဆိုတာ ချစ်တာ တစ်ခုတည်းနဲ့ မပြည့်စုံနိုင်ဘူး။ ချစ်ခြင်းအပြင် ကူညီခြင်း၊ ဖေးမ ခြင်း၊ စာနာခြင်းတွေနဲ့ ရောယှက် ထားနိုင်မှ သာယာခိုင်မြဲတဲ့ ပျော် ရွှင်စရာမိသားစုဘဝ ဖြစ်ရမှာပါ။ အဲဒီလိုဖြစ်ဖို့ဆိုရင် အတ္တတွေ ကိုယ်စီလျှော့ချခြင်းကလွဲလို့ အ ခြားမရှိနိုင်ပါဘူး။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News