ရခိုင်အရေးသည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ကြောင်းဒီချုပ်ပါတီ အမျိုးသားအောင်ပွဲနေ့ကြေညာချက် ထုတ်ပြန်

လက်ရှိအချိန်တွင် ပြည် တွင်းငြိမ်းချမ်းရေးရရှိရန် အရေး ကြီးဆုံးဖြစ်ပြီး အကြီးမားဆုံး စိန်ခေါ်မှုသည် ရခိုင်ပြည်နယ် မြောက် ပိုင်းတွင် ငြိမ်းချမ်းရေး၊ ပြန်လည် ထူထောင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဖြစ်စဉ်များ ပုံမှန် ပေါ် ထွန်းရေးဖြစ်ကြောင်း (၉၇)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ထုတ်ပြန်သည်။ 


ထို့အပြင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်သည် ပြည်သူလူထု ၏တာဝန်ပေးမှုဖြင့် ဒီမိုကရေစီ နိုင်ငံသစ်ကို ထူထောင်အကောင် အထည်ဖော်နေပြီး အကြမ်းဖက် ဝါဒအပေါ် မစေ့စပ်စတမ်း ချေမှုန်း ရေး၊ အမျိုးသားဂုဏ်သိက္ခာနှင့် အချုပ်အခြာအာဏာ ကာကွယ် ရေးအတွက် တိုက်ပွဲဝင်လျက်ရှိ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

ထို့ကြောင့် ယနေ့ရင်ဆိုင်ကြုံ တွေ့လျက်ရှိသော ဖိအားနှင့် စိန် ခေါ်မှုများကို အမျိုးသားရေးတာ ဝန်တစ်ရပ်အဖြစ်ခံယူကာ ပြည် သူနှင့်အတူ တစ်သွေးတည်း တစ် သားတည်း စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချမ်းသာကြွယ်ဝ၍ ဂုဏ်သိက္ခာနှင့်ပြည့်စုံသော၊ နိုင်ငံတကာအလယ်တွင် ဝင့်ကြွားဦးမော့နိုင်သော ဒီမိုကရေစီအမျိုးသားနိုင်ငံတော်သစ်ထူ ထောင်နိုင်ရေးအတွက် မဆုတ် မနစ် ကြိုးပမ်းဆောင်ရွက်ကြရန် ကြေညာချက်တွင် တိုက်တွန်း ထားသည်။ 

‘‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးကို အခြေခံတဲ့လူသား ချင်းစာနာမှု၊ ပြန်လည်နေရာချ ထားမှုနဲ့ ဒေသတိုးတက်မှု စတဲ့ လုပ်ငန်းတွေကို သံတမန်ရေးနည်း လမ်း၊ ဖွံ့ဖြိုးမှုတည်ဆောက်ရေး နည်းလမ်းနဲ့ တရားဥပဒေစိုးမိုးရေး နည်းလမ်း စတဲ့ ဗျူဟာကို လမ်း ညွှန်ပြု ဆောင်ရွက်လျက် ရှိပါ တယ်။ ထို့အတူပဲ ကမ္ဘာ့နိုင်ငံတ ချို့ရဲ့ သတင်းမီဒီယာလိမ်ညာ လှည့်ဖြားမှုနဲ့ နိုင်ငံရေးလုပ်ကြံမှု များကိုလည်း အမြော်အမြင် တရားနဲ့ ခုခံလျက်ရှိပါတယ်’’ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က အခမ်းအ နားတွင် သဘာပတိမိန့်ခွန်းအဖြစ် ထည့်သွင်းပြောကြားသည်။ 

(၉၇)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ ဒီချုပ်ဗဟိုဌာန ချုပ်ရုံးတွင် နိုဝင်ဘာ ၁၃ ရက်ကပြုလုပ်ရာ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပါတီဝင်များ တက် ရောက်ခဲ့သည်။ 

အမျိုးသားနေ့ အထိမ်းအ မှတ်စာပေဟောပြောပွဲ ကျင်းပရာ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)၊ ဆရာမစမ်းစမ်းနွဲ့ (သာယာ ဝတီ)တို့က ဟောပြောခဲ့သည်။