ဆွစ်ဇာလန်နှင့် ခရိုအေးရှားအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်

၂၀၁၈ ကမ္ဘာ့ဖလား ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ဥရောပဇုန်မှ ဒုတိယရသော အ သင်းများ၏ ဒုတိယအကျော့ရှုံး ထွက်ပွဲစဉ်များတွင် အစောဆုံး ကစားခဲ့သည့် ဆွစ်ဇာလန်နှင့် ခရို အေးရှားသည် ပြိုင်ဘက်များကို နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင် ယူကာ ခြေစစ်ပွဲအောင်မြင်ခဲ့ သည်။


ဒုတိယအကျော့တွင် ဂိုးမရှိ သရေကျပြီးနောက် ဆွစ်ဇာလန် သည် ပထမအကျော့က ရီကာဒို ရိုဒရီဂွက်ဇ်၏ တစ်လုံးတည်း သော အငြင်းပွားဖွယ်ပင်နယ်တီ ဂိုးဖြင့် မြောက်အိုင်ယာလန်ကို နှစ်ကျော့ပေါင်း ၁-၀ ဂိုးဖြင့် အ နိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့သည်။

နာကျင်အချိန်ပိုတွင် နောက် ခံလူဂျွန်နီအီဗန်၏ ခေါင်းတိုက်မှု ဂိုးဝင်လုနီးပါးဖြစ်သော်လည်း ဆွစ်ဇာလန်နောက်တန်းက ဖျက်ထုတ်နိုင်သဖြင့် မြောက်အိုင်ယာ လန်သည် အချိန်ပိုကစားခွင့်နှင့် လွဲချော်ခဲ့သည်။

ထို့ကြောင့် ၁၉၈၆ နောက် ပိုင်း ပထမဆုံးအကြိမ်နှင့် နိုင်ငံ သမိုင်းတစ်လျှောက် လေးကြိမ် မြောက် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ရေး မြောက်အိုင်ယာ လန်၏ မျှော်လင့်ချက် အဆုံး သတ်ခဲ့သည်။ ဆွစ်ဇာလန်သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို လေးကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။

‘‘ပထမအကျော့တုန်းက ဒိုင် လူကြီးက တော်တော်လေးညံ့ခဲ့ပြီး အနီကတ်နဲ့ပင်နယ်တီပြစ်ဒဏ်ကို မှားမှားယွင်းယွင်းပေးခဲ့ပါတယ်။ ဒါက ရှုံးနိမ့်စေဖို့ ဖြစ်လာတာပါ။ ကျွန်တော်တို့ အချိန်ပိုကစားခွင့် ရဖို့ ထိုက်တန်ခဲ့ပါတယ်’’ဟု မြောက်အိုင်ယာလန် နည်းပြမိုက် ကယ်အိုနေးလ်က ပြောသည်။

‘‘ကျွန်တော်တို့ သူတို့ကို ဒုက္ခအများကြီးပေးနိုင်ခဲ့ပါတယ်။ တကယ်လို့ ဂိုးရခဲ့ရင် သူတို့ဟာ စိတ်ပိုင်းဆိုင်ရာအရ နာလန်ပြန် ထဖို့ အခက်တွေ့ပါလိမ့်မယ်။ ကံမကောင်းစွာနဲ့ဘဲ အဲဒါက ဖြစ် မလာဘူးဗျာ’’ဟု မြောက်အိုင်ယာ လန်အသင်းခေါင်းဆောင် စတီ ဗင်ဒါးဗစ်က ပြောကြားသည်။

အခြားပွဲစဉ်တွင် ဂရိနှင့် ခရို အေးရှားတို့ ဂိုးမရှိသရေကျခဲ့ပြီး ပထမအကျော့က ၄-၁ ဂိုးဖြင့် အနိုင်ရထားသော ခရိုအေးရှားက ငါးကြိမ်မြောက် ကမ္ဘာ့ဖလားခြေ စစ်ပွဲ အောင်မြင်ခဲ့သည်။

—Ref:BBC

Top News