ဟွန်ဒူးရပ်စ်ကို ရင်ဆိုင်ရန် အသင့်ရှိဟု သြစတြေးလျ ဝါရင့်ကစားသမား တင်မ်ကာဟေးလ်ပြော

ပထမအကျော့က ဂိုးမရှိ သရေကျသည့်ပွဲတွင် ခြေ ချင်းဝတ်ဒဏ်ရာကြောင့် အနား ပေးခံရသူ ဩစတြေးလျ ဝါရင့် ကစားသမား တင်မ်ကာဟေးလ် (၃၇)နှစ်က ယနေ့ညကစားမည့် ကမ္ဘာ့ဖလားဝင်ရောက်ခွင့် အဆုံး အဖြတ်ပေးမည့် ဟွန်ဒူးရပ်စ်နှင့်ပွဲ ၌ ဝင်ရောက်ကစားရန် ကြံ့ခိုင်မှု ပြည့်ဝနေကြောင်း ပြောကြား သည်။


ပြီးခဲ့သည့်လက ဆီးရီးယား နှင့် တွေ့ဆုံသည့် အာရှအဆင့် ရှုံးထွက်ပွဲစဉ် ဒုတိယအကျော့ တွင် အချိန်ပိုအနိုင်ဂိုးအပါအဝင် နှစ်ဂိုးသွင်းယူခဲ့သော တင်မ်ကာ ဟေးလ်သည် ဟွန်ဒူးရပ်စ်နှင့် ပထမအကျော့၌ ကစားခွင့်မရခဲ့ သည့် အရန်ကစားသမားဖြစ် သည်။

ဩစတြေးလျသည် ပထမ အကျော့က အဖိုးတန် အဝေးဂိုး ရရှိရန် မစွမ်းဆောင်နိုင်ခဲ့ဘဲ အ ခွင့်အရေးများ ဖြုန်းတီးခဲ့သည်။

ဆစ်ဒနီမြို့ရှိ အိုလံပစ် အားကစားကွင်းတွင် ဟွန်ဒူးရပ်စ် ကို လက်ခံမယှဉ်ပြိုင်မီ ၎င်းသည် အသင်း လေ့ကျင့်ရေးအစီအစဉ် များတွင် အပြည့်အဝပါဝင် ကစားရန် မျှော်လင့်ထားပြီး နည်း ပြပိုစတီကော့ဂ်လူ ရွေးချယ်ပါက ပါဝင်ကစားရန် အသင့်ရှိနေမည် ဟု ဆိုသည်။

‘‘ဟွန်ဒူးရပ်စ်နဲ့ပွဲမှာ ကစား ခွင့်ရရင် အသင်းအတွက် သေချာ ပေါက် အထောက်အကူပေးမှာ ပါ’’ဟု နိုင်ငံအတွက် ၁၀၃ ပွဲ ကစားပြီး ဂိုး ၅၀ သွင်းယူထား သည့် ကာဟေးလ်က ပြောကြား သည်။

—Ref:Reuters

Top News