ဒဏ်ရာအခြေအနေကြောင့် မာနေးကို ဆီနီဂေါအသင်း ပြန်လွှတ်

လက်ရွေးစင်အသင်းနှင့် ကစားစဉ် မပြင်းထန်သော တံ ကောက်ကြောဒဏ်ရာအကြောင်း ပြောကြားပြီးနောက် လီဗာပူးနှင့် ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာ နေးကို အသင်းမှ စောစီးစွာ ထွက်ခွာခွင့်ပေးကာ လီဗာပူးသို့ ပြန်ခွင့် ပေးခဲ့သည်ဟု ဆီနီဂေါ လက်ရွေးစင်အသင်းက ပြောကြားသည်။


မာနေးသည် သောကြာနေ့ က တောင်အာဖရိကကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိသော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ပါဝင်ကစားခဲ့သည်။ ယင်းရလဒ်နှင့်အတူ ဆီနီဂေါ ကမ္ဘာ့ဖလား အောင်မြင်ခဲ့သည်။

မာနေးသည် ကာလရှည် ဒဏ်ရာဖြင့် နားနေရပြီး နိုဝင်ဘာ ၄ ရက်က ဝက်စ်ဟမ်းကို ၄-၁ ဂိုးဖြင့် နိုင်သောပွဲတွင် ပါဝင် ကစားခဲ့သည်။ ယင်းနောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် လက်ရွေးစင်အသင်းသို့ ဆင့်ခေါ် 

ခံရသည်။

တောင်အာဖရိကနှင့် ဆီနီ ဂေါပွဲအပြီးတွင် မာနေးသည် ဒဏ်ရာဟောင်းအနည်းငယ်နာ ကျင်နေသည်ဟု ခံစားရကြောင်း၊ လီဗာပူးနှင့် ဆီနီဂေါအသင်း ဆေးကုသရေးအဖွဲ့များနှင့် တိုင် ပင်ပြီးနောက် လီဗာပူးတွင် ကုသ မှု အပြည့်အဝ ပြန်လည်ခံယူနိုင် ရေး နှစ်ဖက်သဘောတူဆုံးဖြတ် ခဲ့ကြောင်း ဆီနီဂေါဘောလုံးအဖွဲ့ ချုပ်က ပြောကြားသည်။

လီဗာပူးသည် ပရီးမီးယား လိဂ်တွင် နံပါတ် (၅)နေရာ ရောက်ရှိနေပြီး စနေနေ့၌ မာနေး၏ အသင်းဟောင်း ဆောက်သမ် တန်ကို ဧည့်ခံကစားမည်ဖြစ် သည်။

—Ref:Goal

Top News