■ အားကစား သတင်းတိုများ

ဝက်စ်ဟမ်းအသင်းနည်းပြသစ် ဒေးဗစ်မိုယက်စ်က အလန်အာဗင်း နှင့် စတူအပီးယားစ်တို့ကို ၎င်း၏ လက်ထောက်နည်းပြများအဖြစ် ခန့်အပ်ပြီး ဆန်းဒါးလန်းယာယီနည်းပြ မက်ကင်လေးကိုလည်း ရှေ့ လာမည့်ရက်များတွင် ခန့်အပ်နိုင်ရေး မျှော်လင့်ထားသည်။
 


ထိုင်းအစိုးရထံ ပေါင် ၂၃၂ သန်း ကြွေးမြီပေးသွင်းရန် ကျန်ရှိနေ သော လက်စတာအသင်းပိုင်ရှင်၏ King Power ကုမ္ပဏီကို တရားစွဲ ဆိုထားသည်။ 

လက်စတာမန်နေဂျာသစ် ကလောက်ဒ်ပူအဲလ်သည် ကြီးမားသော အပြောင်းအလဲများမလုပ်ဘဲ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန် ရောက်စေခဲ့ကြောင်း လက်စတာတိုက်စစ်မှူး ဂျေမီဗာဒီက ထောက်ခံ ပြောကြားသည်။

ခြေထောက်ဒဏ်ရာမှ အပြည့်အဝပြန်လည်သက်သာပြီးနောက် စနေနေ့ အာဆင်နယ်နှင့်ပွဲတွင် နှစ်လအတွင်း ပထမဆုံးပြန်လည် ကစားနိုင်မည်ဟု မျှော်လင့်ကြောင်း စပါးမှ ဘယ်လ်ဂျီယံကွင်းလယ် လူ ပူဆာဒမ်ဘီလီက ပြောသည်။

ပြင်သစ်နှင့် အာဆင်နယ်တိုက်စစ်မှူး ဂျီရော့ဒ်သည် ပေါင်ဒဏ် ရာကြောင့် ယနေ့ကစားမည့် ဂျာမနီနှင့် ခြေစမ်းပွဲကို လွဲချော်မည်ဖြစ် ကာ ကုသမှုခံယူရန် အာဆင်နယ်သို့ ပြန်သွားကြောင်း ပြင်သစ်ဘော လုံးအဖွဲ့ချုပ်က ပြောသည်။

ပရီးမီးယားလိဂ် ဒုတိယအောက်ဆုံးနေရာရောက်နေသော ဆွမ်ဆီး အသင်းမှ တိုက်စစ်မှူးဘိုနီနှင့် ကွင်းလယ်လူ ရီနာတိုဆန်းချက်ဇ်တို့ သည် ယခုသီတင်းပတ်ကုန်တွင် ဘန်လေနှင့်ပွဲအတွက် ကြံ့ခိုင်မှုပြည့်ဝမည်ဟု မျှော်လင့်ကြောင်း နည်းပြပေါလ်ကလီးမန့်က ပြောကြား သည်။

မန်ယူဂန္ထဝင်ကစားသမား ရိုင်ယန်ဂစ်သည် ဗီယက်နမ်၏ နာမည် ကျော် ဘောလုံးအကယ်ဒမီတွင် ဒါရိုက်တာအဖြစ် ၂ နှစ်တာဝန်ထမ်း ဆောင်ရန် လက်မှတ်ရေးထိုးပြီး ပေါလ်စခိုးလည်း အကြံပေးအဖြစ် ရောက်လာဖွယ်ရှိသည်။