ခရီးသည်အမျိုးသမီးကို တင်ပါးကိုင်၍ ကားပေါ်မှဆွဲချသည့် YBS ယာဉ်နောက်လိုက်အား ရာသက်ပန်ထုတ်ပယ်

ခရီးသည်အမျိုးသမီးကို တင်ပါးကိုင်၍ကားပေါ်မှ ဆွဲချခဲ့သည့် YBS  (၃၁) ယာဉ်နောက်လိုက်တစ်ဦးအား  ရာသက်ပန်ထုတ်ပယ်ကြောင်း  ကုန်းဘောင်ရန်ကုန်အများနှင့် သက်ဆိုင်သော  ကုမ္ပဏီဒါရိုက်တာ  ဦးသန့်စင်ကြည်က ပြောသည်။

YBS  (၃၁) ယာဉ်လိုင်းသည် ကုန်းဘောင်ရန်ကုန် အများနှင့် သက်ဆိုင်သော   ကုမ္ပဏီလက် အောက်၌ ပြေးဆွဲနေသော ယာဉ် လိုင်းဖြစ်သည်။  

အဆိုပါ YBS (၃၁) ယာဉ်သည် နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီကျော်က လမ်း  ၅၀ မှတ်တိုင်တွင် ခရီးသည်အတင်အချပြုလုပ်စဉ် အသက်(၂၅)နှစ် အရွယ် ယာဉ်နောက်လိုက်က ခရီးသည်အမျိုးသမီးတစ်ဦး၏ တင်ပါးကိုကိုင်ကာ  ကားပေါ်မှဆွဲချခဲ့ကြောင်း တိုင်ကြားသဖြင့်  စစ်ဆေးအရေးယူခဲ့ကြောင်း ၎င်းက ပြောသည်။

တင်ပါးအကိုင်ခံရသူ ခရီး သည်အမျိုးသမီးသည် နိုဝင်ဘာ ၉ ရက်က YRTA နှင့် ကုန်းဘောင် ရန်ကုန်  အများနှင့်သက်ဆိုင် သော ကုမ္ပဏီသို့ အွန်လိုင်းမှတစ် ဆင့်တိုင်ကြားစာများ   ပေးပို့ခဲ့ သည်။

‘‘သူ့ကိုစစ်ဆေးတဲ့အခါမှာ လည်း ခရီးသည်အမျိုးသမီးကို အဲဒီလို လုပ်မိတယ်လို့ ပြောတယ်။ ရည်ရွယ်ချက်ရှိလို့ လုပ်တာ မဟုတ်ပေမယ့် သူကထိမိသွား တုန်း ခရီးသည်အမျိုးသမီးကို ပြုံး ပြလိုက်မိတယ်ပြောပါတယ်။ ဒီ အတွက် စည်းကမ်းအတိုင်း ရာ သက်ပန်အလုပ်ထုတ်လိုက်တာ ပါ။ ပြစ်ဒဏ် ၁၃၈ ချက်ထဲက အပိုဒ် ၄၆ အရ ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်လိုက်တာ ပါ’’ဟု ဦးသန့်စင်ကြည်က ပြော ကြားသည်။

ကုန်းဘောင်ရန်ကုန်အများ နှင့် သက်ဆိုင်သော ကုမ္ပဏီသည် (၃၁)ယာဉ်လိုင်းအပါအ၀င် ယာဉ် လိုင်းသုံးခုကို အစီးရေ ၂၀၀ ခန့်ဖြင့် ပြေးဆွဲနေကြောင်း ဦးသန့်စင်ကြည်က ပြောသည်။

‘‘နောက်ပိုင်းကားတွေမှာ ယာဉ်နောက်လိုက် မပါတော့ဘူး။ ဒီအတွက် အလုပ်ထုတ်ခံရတဲ့ ယာဉ်နောက်လိုက်အတွက် အ ခက်အခဲ အနည်းငယ်တော့ ရှိ လိမ့်မယ်’’ ဟု ၎င်းကပြောသည်။ 

YBS ယာဉ်လိုင်းစီး ခရီးသည်များသည် အဆင်မပြေမှုများကို နေ့ရက်၊ အချိန်၊ နေရာ၊ ကားနံ ပါတ်များနှင့်အတူဖြစ်စဉ် အကျဉ်းရေးသားပြီး လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာနှင့် (Yangon Bus Service) YBS Page  မှ တစ်ဆင့် တိုင်ကြားနိုင်သည်။