ကျန်းမာရေးမကောင်းတဲ့ကလေး ပျော်ရွှင်စေဖို့ သွားရောက်တွေ့ဆုံခဲ့တဲ့ နေတိုး

ရခိုင်ဒေသမှ ဆေးကုသရန် ဒေါ်အောင်ဆန်းစုကြည် ခေါ် ဆောင်လာသည်ဆိုသော  (၁၅)နှစ်အရွယ်ကလေးကို သရုပ်ဆောင်နေတိုးက  ကလေး၏ဆန္ဒဖြည့် ဆည်းသည့်အနေဖြင့် နိုဝင်ဘာ ၁၃ ရက် ညနေက ရန်ကင်း ကလေးဆေးရုံတွင်  သွားရောက်တွေ့ဆုံ သည်။

‘‘ဒီကလေးလေးက ကျွန် တော့်ရဲ့ ပရိသတ်တစ်ယောက်  လည်းဖြစ်တယ်။ ရန်ကုန်ရောက် တဲ့အချိန်မှာ ကျွန်တော်နဲ့တွေ့ချင် တယ်ဆိုတာကြောင့်  ပက်ပက် စက်စက်ညှို့ရုပ်ရှင်အတွက်  ပ ရက်ရှိုးလာတဲ့အချိန်နဲ့လည်း အ ဆင်ပြေသွားတယ်။  စိတ်ထဲမှာ တော့ အနုပညာရှင်တစ်ယောက် က  ကိုယ့်ရဲ့ဝေဒနာရှင်ပရိသတ် တစ်ယောက်ကို လာတွေ့တဲ့ပုံစံ မျိုးမဟုတ်ဘဲ  ကိုယ့်ရဲ့ဆွေမျိုး သားချင်းတစ်ယောက်ကို  လာ အားပေးတဲ့ပုံစံနဲ့  လာရောက်တာ ဖြစ်ပါတယ်’’ဟု ကလေးငယ်နှင့် တွေ့ဆုံရသည့်အပေါ် ခံစားချက် ကို ပြောသည်။ 

ယင်းသို့ သွားရောက်တွေ့ ဆုံရာတွင် နေတိုးက ၎င်းအကယ် ဒမီရရှိခဲ့သော ‘နက္ခတ်မှားတဲ့ တိုက်ပွဲ’ ရုပ်ရှင်ဇာတ်ကားတွင် ၀တ် ဆင်ခဲ့သည့် ဂျာကင်အင်္ကျီတစ် ထည်အပါအ၀င် ၎င်း၏ဓာတ်ပုံ မှတ်တမ်းစာအုပ်၊ မကြာမီရုံတင် တော့မည့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကား ဓာတ်ပုံနှင့် ၎င်း ၏ ဇာတ်ကားဒီဗီဒီတို့ကို အမှတ် တရ ပေးအပ်ခဲ့သည်။

အဆိုပါ ကလေးငယ်သည် မောင်တောဒေသတွင် တာဝန် ထမ်းဆောင်နေသော ရဲတပ်ကြပ် ကြီးတစ်ဦး၏သားဖြစ်ပြီး အကြော နှင့် ကြွက်သားအားနည်းသည့် ဝေဒနာခံစားနေရသည်။ နိုဝင်ဘာ ၂ ရက်က ရခိုင်ပြည်နယ် မောင်တောဒေသသို့သွားရောက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်တွင် ဆေးဝါးကုသရန် ၎င်းကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။

ကလေးငယ် ပျော်ရွှင်စေရန် ၎င်းအဖြစ်ချင်ဆုံး​ဆန္ဒကို မေးမြန်းရာ နေတိုးကို တွေ့ချင်သည် ဆို သောကြောင့် ဧရာဝတီဖောင်ဒေး ရှင်းက Media 7 ကုမ္ပဏီမှတစ်ဆင့် နေတိုးထံ ဆက်သွယ်ခဲ့သည်။ 

Top News