‘အမည်ပေါက်နှင့်ကျူး’ ဇာတ်ကားကို ပရိသတ်အားပေးမှုကြောင့် စိတ်လှုပ်ရှားတဲ့ အိချောပို

ဓာတ်ပုံ − စိုင်းဇော်

နိုဝင်ဘာ ၁၀ ရက်က ရုံတင်ပြသသည့် အမည်ပေါက် နှင့်ကျူးဇာတ်ကားအပေါ် ပရိ သတ်အားပေးမှုနှင့် ပတ်သက်၍ စိတ်လှုပ်ရှားမိကြောင်း သရုပ် ဆောင်အိချောပိုက ပြောသည်။

အဆိုပါဇာတ်ကားဖန်တီးသူ များနှင့် ပရိသတ်တွေ့ဆုံလက် မှတ်ထိုးပွဲကို  နိုဝင်ဘာ ၁၃ ရက်တွင် ရှေ့ဆောင်ရုပ်ရှင်ရုံ၌ ပြုလုပ်ခဲ့သည်။

‘‘ပရိသတ်တွေနဲ့တွေ့ရတဲ့ အတွက် အများကြီးလည်းရင်ခုန် တယ်။ ပျော်လည်းပျော်တယ်။ စိတ်လည်းလှုပ်ရှားတယ်။ ပရိ သတ်တွေကလည်း လက်မှတ်ထိုး ပွဲတိုင်း အမြဲလာတယ်။ အိချော ကားလေးတွေရုံတင်တိုင်း တစ် ကားနဲ့တစ်ကားကလည်း မတူ ဘူး။ ဇာတ်လမ်းကလည်း မတူတဲ့ အတွက် ပရိသတ်တွေကလည်း တင်သမျှကားတိုင်းလိုလိုအားပေး နေကြတာပါပဲ။ သူတို့က အိချော ပွဲတိုင်းလာတွေ့တယ်။ တချို့ဆို နယ်ကလာတဲ့သူတွေတောင် ရှိ ပါတယ်။ အဲဒီအတွက်ကျေးဇူး တင်ပါတယ်’’ ဟု ၎င်းက ပြော ကြားသည်။

ယင်းဇာတ်ကားသည် ဟာ သနှင့်ဒရာမာ ဇာတ်ကားဖြစ်ပြီး အိချောပိုသည် ကျူးကျော်ရပ် ကွက်နေ ပန်းသည်မလေးပတ္တမြား အဖြစ် သရုပ်ဆောင်ထားသည်။

‘‘ဒီကားလေးရိုက်တုန်းက ပျော်ဖို့လည်းကောင်းတယ်။ ကို မြင့်မြတ်နဲ့က ရယ်ရတယ်။ သူက နဂိုကတည်းက ရယ်ရတဲ့သူဖြစ် တဲ့အတွက် သူစကားပြောပုံလေး တွေကြည့်ပြီးရိုက်ရတာ ပျော်ဖို့ ကောင်းတယ်။ နေပူကျဲကျဲမှာ ရိုက်ရတဲ့အတွက် ပင်လည်းပင် ပန်းတယ်။ ကျူးကျော်ရပ်ကွက်မှာ ရှိတဲ့သူတွေက အရမ်းကူညီကြ တယ်။ ဖေးမကြတယ်။ အဲဒီအ တွက် အဆင်ပြေပြေနဲ့ ပြီးသွား တယ်။ ဒီကားလေးရိုက်တုန်းက ကြုံရတဲ့ခံစားချက်လေးပေါ့။ ရုံ တင်တဲ့အခါမှာလည်း ကြည့်ပြီး တော့ စိတ်ကျေနပ်ရတယ်’’ ဟု အိချောပိုက ပြောသည်။

၎င်းသည် လက်ရှိတွင်‘ဖွတ် ကျား’အမည်ရှိ ရုပ်ရှင်ဇာတ် ကားကို မြင့်မြတ်နှင့်အတူ ရိုက် ကူးထားပြီး ရုပ်ရှင်ကားများဆက် တိုက်ရိုက်ရန် ရှိသည်ဟုဆိုသည်။

‘‘ကလောမှာ ဖခင်ဆိုတဲ့ရုပ် ရှင်ကားကြီး သွားရိုက်ဖို့ရှိပါ တယ်။ ကိုလွင်မိုးပါမယ်။ ကိုမြင့် မြတ်ပါပါမယ်။ ဟာသကားလေး ပါပဲ။ အဲဒါပြီးရင် ပုပ္ပားမှာ ရုပ်ရှင် ကားတစ်ကားရှိမယ်။ ပြီးရင် ပြင် ဦးလွင်မှာလည်း ကားတစ်ကား ရှိပါမယ်။ ဗီဒီယိုကတော့ ကြား ထဲမှာ ရန်ကုန်ပြန်ရောက်လို့ အားတဲ့ရက်နဲ့ တိုက်တာနဲ့ ဗီဒီယို ကားလေးတွေရိုက်ဖြစ်ပါတယ်’’ ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အနုပညာအ လုပ်ကို အဓိကလုပ်ဖြစ်နေသလို အချစ်ရေးနဲ့ပတ်သက်ပြီး သေချာ သည်နှင့် ပရိသတ်ကြီးကို အရင်ဆုံးအသိပေးမည်ဟု အိချောပိုက ပြောသည်။

Top News