အိန္ဒိယတွင် မြန်မာဘောလုံးအသင်းတည်းခိုသည့်ဟိုတယ် အဆင်မပြေသော်လည်း ပွဲနီးကပ်နေသဖြင့် မပြောင်းဖြစ်

အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရန် အိန္ဒိယနိုင်ငံသို့ ရောက် ရှိနေသည့် မြန်မာအသင်းသည် တည်းခိုသည့် ဟိုတယ် အဆင်မပြေသော်လည်း ပွဲနီးကပ်နေသ ဖြင့် မပြောင်းရွှေ့ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင် ဇော်က ပြောသည်။ 


မြန်မာ့လက်ရွေးစင်ဘော လုံးအသင်းသည် နိုဝင်ဘာ ၁၁ ရက် နံနက်က အိန္ဒိယနိုင်ငံ ဂိုအာ မြို့သို့ ရောက်ရှိပြီး ဘန်ဘိုလင် ကမ်းခြေဟိုတယ်တွင် တည်းခိုရန် အိန္ဒိယဘောလုံးအဖွဲ့ချုပ်က စီစဉ်ခဲ့သည်။ မြန်မာအသင်း ယင်းဟိုတယ်တွင် တည်းခိုရာ၌ အစားအသောက်၊ ရေချိုးခန်းနှင့် သန့်ရှင်းမှုများ အဆင်မပြေသဖြင့် အိန္ဒိယ ဘောလုံးအဖွဲ့ချုပ်ထံသို့ တောင်း ဆိုကာ အခြားဟိုတယ်သို့ ပြောင်း ရွှေ့ရန် စီစဉ်ခဲ့သည်။ 

သို့သော် အခြားဟိုတယ်ရရှိ ရန် ခက်ခဲခြင်းနှင့် ပွဲကစားရန် ရက်နီးကပ်နေခြင်းကြောင့် မပြောင်းရွှေ့ဖြစ်ကြောင်း ဦးဘုန်းနိုင်ဇော် ကပြောသည်။ 

‘‘ပြိုင်ပွဲက ကစားရတော့မှာ ဖြစ်တဲ့အတွက် ပွဲနီးလို့ မပြောင်း ဖြစ်တော့တဲ့ သဘောပါပဲ။ ပွဲနီးမှ ရွှေ့ပြောင်းနေရင် ကစားသမား တွေ အနှောင့်အယှက်ဖြစ်မှာစိုး လို့ပါ။ ဟိုတယ်ဘက်ကလည်း တတ်နိုင်သလောက် ပြန်ပြင်ဆင် ပေးပါတယ်’’ဟု ၎င်းက ပြော သည်။ 

ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ခဲ့ သည့် ခြေစစ်ပွဲပထမအကျော့၌ အိန္ဒိယအသင်းကို ယခုထက် ကောင်းမွန်စွာ စီစဉ်ပေးခဲ့ကြောင်း မြန်မာအသင်းနည်းပြ ဂတ်ဖရိုင်း ဒရစ်က နိုဝင်ဘာ ၁၃ ရက်တွင် ပြု လုပ်သည့် ပွဲကြိုသတင်းစာရှင်း လင်းပွဲ၌ ပြောကြားခဲ့ကြောင်း မြန်မာအသင်း မီဒီယာတာဝန်ခံ ကိုအောင်ဟိန်းမာန်က ပြော သည်။ 

‘‘ဟိုတယ်က ရောက်ရောက် ချင်းနေ့မှာတော့ တော်တော်အ ဆင်မပြေခဲ့ဘူး။ အရင်လူမနေတဲ့ ပုံစံ။ သန့်ရှင်းမှု အားနည်းနေ တယ်။ အစားအသောက်ဆိုလည်း  အိန္ဒိယအစားအစာကလွဲရင် ကျန်တာမရဘူး။ ရေချိုးခန်းမှာလည်း အခန်းတချို့က ရေပန်းမလာဘူး။ ဒါကြောင့် ပြောင်းဖို့ အိန္ဒိယအဖွဲ့ချုပ်ကို တောင်းဆိုဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ကျန်တဲ့ ဟိုတယ်တွေက လည်း အခန်းတွေ ပြည့်နေတာ ရော၊ ဟိုတယ်ဘက်က အခုအကုန်လုံးကို လိုက်ပြင်ဆင်ပေးခဲ့တဲ့ အတွက်ရောကြောင့် မပြောင်းဖြစ်တော့ပါဘူး’’ဟု ၎င်းက ပြော ကြားသည်။

အာရှဖလားခြေစစ်ပွဲအုပ်စု (က)ပွဲစဉ်အဖြစ် အိန္ဒိယနှင့် မြန်မာအသင်းတို့၏ပွဲစဉ်ကို နိုဝင်ဘာ ၁၄ ရက်(ယနေ့)မြန်မာစံတော်ချိန် ည ၉ နာရီတွင် အိန္ဒိယနိုင်ငံ ဂိုအာ မြို့ရှိ ဂျဝါဟလာနေရူးကွင်း၌ ယှဉ်ပြိုင်မည်ဖြစ်သည်။ အိန္ဒိယ နှင့် မြန်မာအသင်းတို့ပွဲစဉ်ကို ပြည်တွင်းအခမဲ့ ရုပ်သံလိုင်းဖြစ် သည့် မြန်မာ့အသံနှင့် ရုပ်မြင်သံ ကြား (MRTV)နှင့် For Sports ရုပ်သံလိုင်းတို့က တိုက်ရိုက်ထုတ် လွှင့်ပြသမည်ဖြစ်သည်။ 

Top News