AA ကို လက်ခံမဆွေးနွေးနိုင်ကြောင်း မြန်မာအစိုးရသဘောထားကို တရုတ်အထူးကိုယ်စားလှယ် ပြောကြားခဲ့ဟု TNLA ဆို

 ရခိုင်လက်နက်ကိုင်အ ဖွဲ့ (AA)အား လက်ခံမဆွေးနွေး နိုင်ကြောင်း အစိုးရဘက်က သ ဘောထားကို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် မစ္စတာဆွန်ကော် ရှန်းက ပြောကြားကြောင်း တရုတ် ကိုယ်စားလှယ်နှင့်တွေ့ဆုံခဲ့သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ တာ့ ဘုန်းကျော်က ပြောကြားသည်။

 မစ္စတာဆွန်ကော်ရှန်းနှင့် မြောက်ပိုင်းလက်နက်ကိုင် ခုနစ် ဖွဲ့သည် နိုဝင်ဘာ ၉ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။


 တရုတ်ကိုယ်စားလှယ်မှ တစ်ဆင့် သိရသည့် အစိုးရနှင့် တပ်မတော်၏သဘောထားသည်  မြောက်ပိုင်းခုနစ်ဖွဲ့ကို တစ်ပြိုင် တည်း လက်ခံတွေ့ဆုံမည်မဟုတ် ဆိုသည့်အချက် ပါဝင်ကြောင်း၊ ကျန်အဖွဲ့များကိုလည်း ခွဲ၍တွေ့ဆုံဆွေးနွေးမည်ဆိုသည့်သဘော ထားဖြစ်ကြောင်း တာ့ဘုန်းကျော် ကပြောသည်။

 ‘‘ကျွန်တော်တို့ သုံးဖွဲ့ (TNLA, MNDAA နှင့် AA)တောင် မှ မစ္စတာဆွန်ကော်ရှန်း ရှင်းပြ ချက်အရဆိုရင် မြန်မာ့တပ်မတော်ရဲ့ သဘောထားက တစ်ဖွဲ့ (ကိုးကန့်အဖွဲ့-MNDAA)က အ ချုပ်အခြာအာဏာထိပါးတဲ့ အဖွဲ့ ဖြစ်တယ်။ AA က နောက်မှ ပေါ် တဲ့အဖွဲ့ဖြစ်တယ်။ ဘင်္ဂါလီအ ကြမ်းဖက်ကိစ္စတွေ ဖြစ်တဲ့အချိန် မှာ မြန်မာ့တပ်မတော်က ဘင်္ဂါလီ နဲ့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ AA နဲ့ လည်း တိုက်ပွဲဖြစ်တော့ AA က အကြမ်းဖက်အဖွဲ့နဲ့ သူက တန်းညှိလိုက်တယ်။ ဒါကြောင့်မို့ AA ကို တော့ လုံးဝမဆွေးနွေးနိုင်ဘူး စသဖြင့် အဲဒီလိုပြောလာတယ်’’ဟု တာ့ဘုန်းကျော်က ပြောသည်။

ငြိမ်းချမ်းရေးရရှိရေးတွေ့ဆုံ ဆွေးနွေးနိုင်ရန် လိုအပ်ပြီး ဆွေး နွေးပွဲမတိုင်မီ ကြိုတင်ကန့်သတ် ချက်များက တွေ့ဆုံပွဲအတွက် အ ကျပ်အတည်းဖြစ်စေကြောင်း ၎င်းက ဆိုသည်။ တွေ့ဆုံဆွေးနွေး ဖြေရှင်းမှုကသာ နိုင်ငံရေးပြဿ နာပြေလည်မှုရရှိရေး အကောင်း ဆုံးနည်းလမ်းဖြစ်ကြောင်း တာ့ ဘုန်းကျော်က ပြောသည်။

တပ်မတော်နှင့် AA တို့သည် ယခုနိုဝင်ဘာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်၌ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများတွင် တပ်မတော် ဘက်က ထိခိုက်သေဆုံးမှုများရှိခဲ့ ပြီး အရပ်သားများ သေဆုံးဒဏ်ရာ ရရှိသည်။ AA အဖွဲ့၏ ပစ်ခတ် မှုကြောင့် ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်က စက်မှုလက်မှုသိပ္ပံကျောင်း သားတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိကြောင်း တပ်မတော် က ထုတ်ပြန်သည်။

AA သတင်းနှင့်ပြန်ကြားရေး ဌာန တာဝန်ခံ ခိုင်သုခက နိုင်ငံ ရေးပြဿနာ ပြေလည်မှုမရှိ၍ လက်နက်ကိုင် တိုက်ခိုက်နေ ကြောင်း ဆိုသည်။

တပ်မတော်နှင့် AA တို့သည် ပြီးခဲ့သည့် သြဂုတ်လကုန်က ပလက်ဝမြို့နယ်၌ တိုက်ပွဲဖြစ်ပွား ခဲ့သည်။ ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်က အရာရှိနှင့် စစ်သည်အချို့ ကျဆုံးခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။ တပ်မတော်က ရခိုင်ပြည် နယ် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေး ကြိုးပမ်းဆောင်ရွက်နေ ချိန်တွင် AA အဖွဲ့က တပ်မတော် စစ်ကြောင်းတစ်ခုကို ၂၀၁၇ သြ ဂုတ် ၃၁ ရက်တွင် အလစ်အ ငိုက်ရယူ၍ ချောင်းမြောင်းတိုက် ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။

ရခိုင်ပြည်နယ် အရေးကိစ္စ ကို အစိုးရ၊ တပ်မတော်နှင့် တိုင်း ရင်းသားများအားလုံးက အမျိုး သားရေးအသိစိတ်ဓာတ်ဖြင့် နိုင်ငံ တော်၏ အနောက်ဘက်တံတိုင်း စည်းရိုးကျိုးပေါက်မှု မရှိစေရေး အစွမ်းကုန် ဆောင်ရွက်နေချိန် တွင် မလုပ်သင့်၊ မလုပ်ထိုက်သည့်ကိစ္စကို ဆောင်ရွက်ခဲ့သည့် AA အဖွဲ့ကို ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည့်အပြင် ထိရောက်စွာ လက်တုံ့ပြန် တိုက်ခိုက်ချေမှုန်း မည်ဟု တပ်မတော်က ထုတ်ပြန် သည်။

Top News