မြန်မာလိဂ်-၁ သို့ စီးတီးရန်ကုန်အသင်းအစား မြဝတီအသင်း တန်းတက်မည်

 အသင်းဖျက်သိမ်းသည့် ၂၀၁၇ မြန်မာလိဂ်-၂ ချန်ပီယံ စီးတီးရန်ကုန်အသင်းအစား မြဝတီအသင်းကို လိဂ်-၁ သို့ တန်းတက်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာ လိဂ်တာဝန်ရှိသူက ပြောသည်။

ယခင်က ဟော်ရီဇုန်အသင်းအမည်ဖြင့် မြန်မာလိဂ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် စီးတီးရန်ကုန်အသင်းသည် ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အသင်းပိုင်ရှင်များက ဆက်လက်မလုပ်ကိုင်တော့သဖြင့် အသင်းဖျက်သိမ်းရန် စီစဉ်ခြင်းဖြစ်သည်။


မြန်မာလိဂ်-၁ သို့ တန်းတက်ခွင့်ရရှိထားသည့် စီးတီးရန် ကုန်အသင်း နုတ်ထွက်၍ လိဂ်-၂ မှ တတိယနေရာရရှိသည့် မြဝတီအသင်း တန်းတက်ရခြင်းဖြစ် သည်။

 ‘‘စီးတီးရန်ကုန်အသင်းက လာမယ့်နှစ် ပြိုင်ပွဲဆက်မဝင်ဖြစ် တော့ဘူး။ ဒီအတွက်ကြောင့် လိဂ်-၁ ကို တန်းတက်ဖို့ သူ့အ စား အဆင့်(၃)နေရာက မြဝတီ အသင်းကို အစားထိုးသွားမှာပါ။ အရင် အဆင့်(၂)ရထားတဲ့ မဟာယူနိုက်တက်နဲ့ မြဝတီအသင်းတို့ လာမယ့်နှစ် လိဂ်-၁ မှာ ယှဉ်ပြိုင် ခွင့်ရမှာပါ။ လာမယ့်လိဂ်ကော် မတီ အစည်းအဝေးပြီးရင်တော့ အားလုံးအတည်ဖြစ်ပါပြီ’’ ဟု မြန်မာလိဂ်တာဝန်ရှိသူကပြောသည်။

 မြဝတီဘောလုံးအသင်း သည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီတွင် လိဂ်- ၂ ပြိုင်ပွဲ၌ ရမှတ် ၃၅ မှတ်ဖြင့် အဆင့် (၃) နေရာ ရပ်တည်နိုင်ခဲ့သည်။

 ‘‘စီးတီးရန်ကုန်အသင်းအ စား ကျွန်တော်တို့အသင်း တန်း တက်ခွင့်ရမယ်လို့တော့ ကြားပါ တယ်။ တကယ်လို့ လိဂ်-၁ ကို တန်းတက်ခဲ့မယ်ဆိုရင်တော့ အ သင်းကို ဒီထက်ကောင်းအောင် ပြင်ဆင်သွားမှာပါ။ ဒါပေမဲ့ အ သင်းရဲ့ စည်းကမ်းအတိုင်း နိုင်ငံ ခြားသားကစားသမား ခေါ်တာမျိုးတော့ မလုပ်ပါဘူး။ အသင်းနဲ့ အဆင်ပြေနိုင်မယ့် ကစားသမား ကောင်းတွေတော့ ရှာဖွေသွားမှာ ပါ’’ဟု မြဝတီအသင်းအုပ်ချုပ်သူ ဦးမြတ်စိုးကပြောသည်။

၂၀၁၇ ဘောလုံးရာသီအပြီး တွင် မြန်မာလိဂ်-၁ မှ GFA နှင့် နေပြည်တော်အသင်းတို့ တန်း ဆင်းရပြီး လိဂ်-၂ မှ မဟာယူနိုက် တက်နှင့် မြဝတီအသင်းတို့ တန်း တက်ခွင့်ရရှိထားသည်။

Top News