ဘာစီလိုနာသို့ ပြောင်းရွှေ့မည့် သတင်းများကို ကော်တင်ဟို ငြင်းဆို

လန်ဒန်- လီဗာပူးမှ ဘရာဇီးတိုက်စစ်မှူး ကော်တင်ဟိုက ဘာစီလို နာသို့ ပြောင်းရွှေ့မည်ဆိုသော သတင်းများကို ပယ်ချပြီး လက်ရှိ တွင် အန်ဖီးလ်၌ ပျော်ရွှင်နေသည်ဟု ပြောကြားသည်။

၎င်းအနေဖြင့် လက်ရှိ ကမ္ဘာ့အကြီးကျယ်ဆုံး လိဂ်များအနက် တစ်ခုတွင် ကစားနေသဖြင့် လီဗာပူးမှ ထွက်ခွာရန် ဆန္ဒမရှိဟု ကော်တင်ဟိုက ပြောသည်။

ကော်တင်ဟိုသည် ပြီးခဲ့သည့် ဩဂုတ်က ဘာစီလိုနာသို့ ပြောင်းရွှေ့တော့မည်ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လီဗာပူးအသင်း တာဝန်ရှိသူများက ထွက်ခွာခွင့်မပြုပေ။

ဘာစီလိုနာက ကော်တင်ဟိုကိုခေါ်ယူရန် ထပ်မံကြိုးပမ်းမည် ဟုသတင်းထွက်နေသော်လည်း ၎င်းက လီဗာပူးတွင် ပျော်ရွှင်နေ ကြောင်း သတင်းထောက်များအား ပြောကြားသည်။

ကော်တင်ဟိုသည် ယခုရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် အချို့ကို ကျောဒဏ်ရာကြောင့် လွဲချော်ခဲ့သော်လည်း နောက်ပိုင်းတွင် ပရီးမီးယားလိဂ်ငါးပွဲ၌ နှစ်ဂိုးသွင်းယူပြီး ချန်ပီယံလိဂ်တွင် ခြေစွမ်းပြနေသည်။

ဘာစီလိုနာသည် ပီအက်စ်ဂျီသို့ ထွက်သွားသော နေမာ၏ နေရာတွင် အစားထိုးရန် ဒမ်ဘီလီကို ခေါ်ယူခဲ့သော်လည်း ဒမ်ဘီလီ သည် ဒဏ်ရာကြောင့် ပါဝင်မကစားနိုင်သည်မှာ ကြာပြီဖြစ်သည်။

—Ref:Reuters/Goal

Top News