ဦးပါမောက္ခရုံးထုတ်တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ၀န်းရံသူများ ရုန်းရင်းဆန်ခတ်ဖြစ်

အာမခံပယ်ချခံရပြီး ဦးပါမောက္ခကိုယ်တိုင် ၀န်းရံသူများကို မေတ္တာရပ်ခံရ
ယမန်နေ့က ကမာရွတ်မြို့နယ်တရားရုံးသို့ ရုံးထုတ်လာသော ဦးပါမောက္ခကို တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)

နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ ၅၀၅(ခ)ဖြင့် လူဝတ်လဲ၍ ဖမ်းဆီးထားသော မကွေး ကျောင်းတိုက်ဆရာတော် ဦးပါမောက္ခကို နိုဝင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကမာရွတ်မြို့နယ်တရား ရုံး၌ ရုံးထုတ်ခဲ့သည်။

အဆိုပါရုံးချိန်းတွင် ဦးပါမောက္ခရှေ့နေက ပုဒ်မ ၅၀၅(ခ) အတွက် အာမခံလျှောက်ထားသော်လည်း တရားရုံးက ပယ်ချခဲ့သည်။

ဦးပါမောက္ခ(ခ)ဦးခင်မောင်တင့်သည် ၂၀၁၆ ဧပြီက အမေရိကန်သံရုံးကို ဆန္ဒပြသောကြောင့် ထိုစဉ်က ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲမှူးသိန်း ဟန်က ကမာရွတ်မြို့နယ်တရားရုံးတွင် ငြိမ်းစုစီပုဒ်မ ၁၉၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခဲ့သည်။

အဆိုပါရုံးထုတ်တွင် ဦးပါမောက္ခကို သံဃာ အချို့အပါအ၀င် အမျိုးသားရေးလှုပ်ရှားသူ ငါးဆယ်ခန့်က လာရောက်ဝန်းရံခဲ့ပြီး အော်ဟစ်ဆုတောင်း ခဲ့ကြသည်။

ရဲတပ်ဖွဲ့ဝင်များက ဦးပါမောက္ခကိုခေါ်ဆောင် လာစဉ် ၀န်းရံသူများနှင့် ရဲတပ်ဖွဲ့တို့ အပြန်အလှန်တွန်းထိုးရင်း ရုန်းရင်းဆန်ခတ်အခြေအနေ ဖြစ်ပွားခဲ့သည်။

ဝန်းရံသူများက‘‘ဆရာတော် ကို ဆရာတော်လို့သတ်မှတ်ပါ’’ဟု အော်ဟစ်ကာ တရားခွင်အတွင်း ထိ လိုက်ပါလာသောကြောင့် မြို့ နယ်တရားသူကြီးနှင့် ရဲတပ်ဖွဲ့ဝင် များက မိနစ်အတန်ကြာ ထိန်း သိမ်းခဲ့ရသည်။ ဦးပါမောက္ခကိုယ် တိုင် လာရောက်ဝန်းရံသူများကို ဆိတ်ဆိတ်နေပေးရန် မေတ္တာရပ် ခံခဲ့ရသည်။

ထို့နောက် ဦးပါမောက္ခ၏ ရှေ့နေဒေါ်မိုးမိုးအေးက စွဲဆိုခံ ထားရသည့် ပုဒ်မနှစ်ခုအတွက် အာမခံလျှောက်ထားရာ ကမာ ရွတ်မြို့နယ် တရားသူကြီးဒေါ်စိုး မာအေးက ပုဒ်မ ၁၉ အတွက် ကျပ် ၁၀ သိန်းတန် အာမခံသူ နှစ်ဦးထား၍ အာမခံပေးခဲ့သည်။

မြို့နယ်တရားသူကြီးက ဥ ပဒေအရ ပုဒ်မ ၁၉ အတွက် အာ မခံပေး၍ရသော်လည်း ပုဒ်မ ၅၀၅ အတွက် အာမခံပေး၍ မရ ကြောင်း၊ ချမှတ်သော အာမခံ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက  ခရိုင်၊ တိုင်းအဆင့်ဆင့်သို့ ဆက် လက်လျှောက်ထားနိုင်ကြောင်း တရားခွင်တွင် ပြောကြားသည်။

သို့သော် ဦးပါမောက္ခ၏ ရှေ့နေ ဒေါ်အေးအေးမာက အာ မခံအတွက် ခရိုင်တရားရုံးသို့ ထပ်မံလျှောက်ထားမည်ဟု ပြော သည်။ ဦးပါမောက္ခက တရားခွင် အတွင်း မိမိသည်ပုဒ်မ ၅၀၅(ခ)နိုင်ငံ တော်အကြည်ညိုပျက်စေမှုကို မကျူးလွန်ကြောင်း သစ္စာဆိုသည် ဟု ပြောကြားသည်။ ‘‘၅၀၅(ခ)ကို ဘုန်းကြီးအပြစ်ကျူးလွန်ခဲ့ မိပါက ဘုန်းကြီးသွားလေရာ လာလေရာ ကုန်းသွား ကုန်းဘေး၊ ရေသွား ရေဘေး၊ လေသွား လေဘေး သားစဉ်မြေးဆက် လူ့ဘ၀ များထိအောင် ဘုန်းကြီးခံစားရ ပါစေ။ အကယ်၍များ ဘုန်းကြီး ကို စေတနာဆိုးနဲ့ချတဲ့ ပုဂ္ဂိုလ် တွေလည်းပဲ အပြန်အလှန်အား ဖြင့် ခံစားရပါစေလို့ ဘုန်းကြီး ဒီနေရာကနေ သစ္စာတိုင်တည်ပါ တယ်’’ ဟု တရားခွင်အတွင်း ပြောဆိုသည်။

မြို့နယ် တရားသူကြီးက နောက်တစ်ကြိမ်ရုံးချိန်းကို နိုဝင် ဘာ ၂၁ ရက်သို့ ပြန်လည်ချိန်းဆို ခဲ့သည်။ ၀န်းရံသူများက ဦးပါမော က္ခအား တရားရုံးအတွင်း၌ပင် နေ့ ဆွမ်းကပ်ခဲ့သည်။

ဆရာတော် ဦးပါမောက္ခက ‘‘ဘုန်းကြီးအနေနဲ့ ရာနှုန်းပြည့် ပုဒ်မ ၅၀၅(ခ)နိုင်ငံတော်အကြည် ညိုပျက်အောင် မကျူးလွန်ဘူး။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ပုတ်ခတ်စော်ကားလာလို့ ဘုန်း ကြီးက ကာကွယ်ခဲ့တာ’’ဟု စွပ်စွဲ ခံရသည့် အမှုနှင့်ပတ်သက်၍ 7Day Daily သတင်းစာအား ဖြေကြားသည်။

ဦးပါမောက္ခသည် ၂၀၁၆ တွင်အမေရိကန်သံရုံးက ရိုဟင်ဂျာဟု စကားလုံးသုံးနှုန်းခဲ့၍ အမျိုးသား ရေးလှုပ်ရှားသူများနှင့်အတူ အ မေရိကန်သံရုံးရှေ့တွင် ဆန္ဒထုတ် ဖော်ခဲ့သည်။ ထို့နောက် ဆန္ဒပြ ဦးဆောင်သူများဖြစ်သည့် အမျိုး သားလေးဦးနှင့် ရဟန်းသုံးပါးကို အာဏာပိုင်များက ၂၀၁၆ မေလ တွင် တရားစွဲဆိုဖမ်းဆီးခဲ့ရာ ဦးပါမောက္ခနှင့် ရဟန်းသုံးပါးသည် လာရောက်  အဖမ်းမခံသဖြင့် တရားခံပြေးအဖြစ် ၀ရမ်းထုတ် ခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က မြောက်ဒဂုံမြို့နယ် ရဲစ ခန်းတွင် မြေယာကိစ္စဆန္ဒပြရန် ခွင့်ပြုချက်တောင်းခံသည့် ဦးပါ မောက္ခကို ယခင်ဝရမ်းဟောင်း ဖြင့် မြောက်ဒဂုံရဲတပ်ဖွဲ့က ဖမ်း ဆီးခဲ့သည်။ ထို့နောက် တိုင်းသံ ဃနာယကတွင် လူဝတ်လဲကာ ကမာရွတ်မြို့နယ်တရားရုံး၌ ညတွင်းချင်း ရမန်ယူခဲ့သည်။

Top News