ရုပ်ရှင်အကြိုခံစားခြင်း

ပက်ပက်စက်စက်ညှို့

-ဒီနေ့ရဲ့ ရုပ်ရှင်အညွှန်းကဏ္ဍမှာတော့ အချစ်ဒရာမာဇာတ်ကား လေးကို ညွှန်းလိုက်ပါတယ်။

ပိုင်စိုးနိုင်က နိုင်ငံခြားမှာ ဒေါက်တာဘွဲ့ရထားပြီး စင်ကာပူ နိုင်ငံမှာ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်လာတဲ့အချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ်ပြန်လာခဲ့ပါ တယ်။ အဲဒီမှာ မြန်မာနိုင်ငံက အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကလည်း ပိုင်စိုးနိုင်ကို မြန်မာနိုင်ငံမှာပဲ အခြေချဖို့ တိုက် တွန်းခဲ့ပါတယ်။ အဲဒီလိုနဲ့ ပိုင် စိုးနိုင် သူ့သူငယ်ချင်းတစ်ယောက်နဲ့ ပြန်ဆုံခဲ့ပါတယ်။ သူ့သူငယ်ချင်းက နာမည်ကြီးဒါရိုက်တာ တစ်ယောက်ပါ။

စီးပွားရေး လုပ်ငန်းတွေထဲ ကိုပဲ နစ်နေတဲ့ ပိုင်စိုးနိုင်ကို သူ့သူငယ်ချင်းက အပန်းဖြေစေလိုတဲ့သဘောနဲ့ ဘားတစ်ခုကိုခေါ်သွား ခဲ့ပါတယ်။ အဲဒီဘားမှာ ပိုင်စိုးနိုင် လူငယ်တစ်ယောက်ကို သတိထား မိခဲ့ပါတယ်။ဖြစ်ချင်တော့ အဲဒီလူငယ်က သူမြန်မာပြည်ကိုပြန် ရောက်တဲ့နေ့ လေယာဉ်ကွင်းမှာ ဆုံဖူးခဲ့တာကြောင့် သတိထားမိခဲ့တာပါ။ သူ့သူငယ်ချင်းကို အဲဒီလူငယ်က ဘယ်သူလဲလို့ မေးတဲ့ အချိန်မှာ သူ့သူငယ်ချင်းက မျက် နှာပျက်သွားပြီးပြန်ဖို့ ပြောခဲ့ပါ တယ်။

ဒါပေမဲ့ ပိုင်စိုင်းနိုင်က သူ့သူငယ်ချင်းမူမမှန်တာကိုရိပ်မိပြီးမရရအောင် မေးခဲ့ပါတယ်။ တကယ်တော့ အဲဒီလူငယ်က ပိုင်စိုးနိုင်ငယ်ဘဝမှာ နာကြည်းခဲ့ ရတဲ့ မိသားစုရဲ့ မျိုးဆက်တစ်ယောက်ပါ။ နာမည်က ရာဇဘွား ပါ။ ရာဇဘွားက လူငယ်ပီပီအ ပျော်အပါးမက်သလို သူ့ဘဝက လိုချင်တာ တတိုင်းရနေတဲ့အနေအထားဖြစ်တာကြောင့် နည်းနည်းတော့ဆိုးပါတယ်။

အဲဒီလိုနဲ့ ပိုင်စိုးနိုင်နဲ့ သူ့ သူငယ်ချင်း ရုပ်ရှင်သွားရိုက် မယ့်ပြင်ဦးလွင်ကို လိုက်လာခဲ့ပါ တယ်။ လမ်းမှာ သူတို့ပန်းဆိုင် တစ်ဆိုင်ကို ဝင်ခဲ့ပါတယ်။အဲဒီမှာ နှင်းပွင့်ဆိုတဲ့ကောင်မလေး တစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ နှင်းပွင့်က အရမ်းသွက်သွက်လက်လက် ရှိသလို သူ့ရဲ့ပုံစံကလည်း ဆွဲ ဆောင်မှုရှိတာကြောင့် ပိုင်စိုးနိုင်သတိထားမိခဲ့ပါတယ်။

အဲဒီလိုနဲ့ ပြင်ဦးလွင် ရောက်တဲ့အချိန်မှာတော့ မင်းသမီးက မတော်တဆမှုဖြစ်တာကြောင့် မလာနိုင်တော့ကြောင်း ပြောခဲ့ပါတယ်။ အဲဒီမှာ ပိုင်စိုးနိုင်က တခြားမင်းသမီးတစ်ယောက်ပြောင်းလိုက်ဖို့ ပြောပေမယ့် အဲဒီလောက်မလွယ်ကြောင်း သူ့ သူငယ်ချင်းက ပြောခဲ့ပါတယ်။ အဲဒီမှာ ပိုင်စိုးနိုင်က သူတို့ပန်းဆိုင်မှာ တွေ့ခဲ့တဲ့ကောင်မလေးက မင်းသမီးဖြစ်နိုင်တဲ့ ရုပ်ရည်ရှိတယ်လို့ ပြောခဲ့ပါတယ်။ဒါပေမဲ့ သူ့သူငယ်ချင်း ဒါရိုက်တာကြီးကတော့ လက်မခံပါဘူး။ အဲဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်အလျှော့မပေးဘဲ ပိုင်စိုးနိုင်က အဲဒီကောင်မလေးကို မင်း သမီးဖြစ်အောင် လုပ်မယ်လို့ပြောခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအကြောင်းကို သွားပြောတဲ့အချိန်မှာတော့ နှင်းပွင့်က သူတို့ကို လူပွဲစားတွေဆိုပြီး စွပ်စွဲခဲ့ပါတယ်။ နောက်ရက်ရိုက်ကွင်းကို လာကြည့်တဲ့အချိန်မှသာ ယုံကြည်သွားခဲ့တာပါ။ နောက်ပြီး ပိုင်စိုးနိုင်ပြောတာကိုလည်း နှင်းပွင့်ကလက်ခံခဲ့ပါတယ်။ အဲဒါကြောင့် ပိုင်စိုးနိုင်က နှင်းပွင့်ကို သူပြောထားတဲ့အတိုင်း ပြင်ဆင်ဖို့ ခေါ်လာခဲ့ပါတယ်။

တကယ်ပဲ နှင်းပွင့်ကို ပိုင်စိုးနိုင်က  မင်းသမီးတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးနိုင်မှာလား။ ပိုင်စိုးနိုင်နဲ့ရာဇဘွားတို့ မိသားစုကြားထဲက အငြိုးအတေးတွေက ဘာတွေလဲ။ သူတို့အားလုံးဆုံ တွေ့ကြမယ့်အချိန်မှာကော ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ နိုဝင်ဘာ ၁၇ ရက်ကနေစတင်ပြီး ရန်ကုန်၊ မန္တလေး အပါအဝင် နယ်မြို့က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ့် ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ပိုင်စိုးနိုင်အဖြစ် နေတိုး၊ ရာဇဘွားအဖြစ် ရွှေထူး၊ နှင်းပွင့်အဖြစ် မိုးစက်ဝိုင်တို့က ပါဝင်သရုပ်ဆောင်ထားပြီး မိုးနီလွင်ရဲ့ ဇာတ်လမ်းဇာတ်ညွှန်းကို ဒါရိုက်တာ သားညီက ရိုက်ကူးပုံဖော်ထားပါတယ်။

Top News