အသင်းနည်းပြကို အဲဗာတန်ချဉ်းကပ်မှု ဝက်ဖို့ဒ်ပယ်ချ

 ရလဒ်ကောင်းများ ရရှိ အောင် စွမ်းဆောင်ပေးထားသည့် ပေါ်တူဂီလူမျိုး နည်းပြမာကို ဆေးလ်ဗားအတွက် အဲဗာတန် အသင်း၏ ချဉ်းကပ်မှုကို ဝက်ဖို့ဒ် အသင်းက ပယ်ချသည်။

ပြီးခဲ့သည့် ဘောလုံးရာသီက ဟူးလ်စီးတီးအသင်း တန်းဆင်းခဲ့ပြီးနောက် မာကိုဆေးလ်ဗား (၄၀)နှစ် သည် ဝက်ဖို့ဒ်ကို ၁၁ ပွဲ ကိုင်တွယ်ခဲ့ရာ လေးပွဲနိုင်၊ သုံးပွဲသရေ၊ လေးပွဲရှုံး ရလဒ်ရရှိအောင်စွမ်းဆောင်ပေးထားပြီး ပရီး မီးယားလိဂ်  အမှတ်ဇယားတွင် အဆင့် (၉) ချိတ်အောင် လမ်းညွန်ပေးထားသည်။

ဘောလုံးရာသီ မစတင်မီက ငွေကြေးအလုံးအရင်းသုံးစွဲကာ ကစားသမားအမြောက်အမြား ခေါ်ယူအားဖြည့်ခဲ့သော်လည်း အဲဗာတန်သည် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် (၁၅) ၌ ရပ်တည်နေပြီး တန်း ဆင်းဇုန်ထိပ်ဆုံးရှိ ဝက်စ်ဟမ်းနှင့် နှစ်မှတ်သာ ကွာဟသည်။

ယင်းကဲ့သို့ ရလဒ်များ ဆိုး ရွားနေသောကြောင့် အဲဗာတန် သည် နည်းပြရော်နယ်ကိုးမန်းကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး  နည်းပြ တစ်ဦးဖြင့် အစားထိုးရန် စီစဉ်နေ သည်။

—Ref:bbc/foxsportsasia.com

Top News