NCA တွင် ပါဝင်လက်မှတ်ရေးထိုးစေလိုကြောင်း အစိုးရ၏ တိုက်တွန်းချက်ကို UWSA တုံ့ပြန်

အစိုးရကိုယ်​စားလှယ်​အဖွဲ့မှ ဦးသိန်း​ဇော်​နှင့်​ Uwsa ဥက္ကဋ္ဌ ဦး​ပေါက်​ယူချန်း၊ ဒုဥက္ကဋ္ဌဦး​ရှောက်​မင်​လျန်​တို့ကို နိုဝင်​ဘာ ၁၁ရက်​က ​တွေ့ဆုံစဉ် (ဓာတ်ပုံ−Nyi Rang’ FB)

 အစိုးရကိုယ်စား လှယ်အဖွဲ့နှင့် ‘၀’လက်နက်ကိုင်အဖွဲ့ (UWSA) တို့ တွေ့ဆုံရာတွင် ပြည်ထောင်စုမြန်မာနိုင်ငံမှ မည်သည့်အခါမျှ ခွဲမထွက်ဟု ‘၀’လက်နက်ကိုင်အဖွဲ့က ကတိပြုခဲ့သော် လည်း တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးရန် အစိုးရ၏ တိုက်တွန်းချက်ကိုမူ မြောက် ပိုင်းခုနစ်ဖွဲ့၏ မူအတိုင်း ဆက်လက်ဆောင်ရွက်မည်ဟု တုံ့ပြန်ခဲ့ကြောင်း UWSA လားရှိုးမြို့ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦး ဆောင်သည့် အစိုးရ၊ တပ်မတော် နှင့် ငြိမ်းချမ်းရေးကော်မရှင် ကိုယ် စားလှယ်များပါဝင်သော အဖွဲ့နှင့် UWSA ကိုယ်စားလှယ်များသည် နိုဝင်ဘာ ၁၁ ရက်က ‘၀’တပ်ဖွဲ့၏ ဌာနချုပ်ပန်ဆန်း၌ တွေ့ဆုံဆွေး နွေးခဲ့သည်။ အဆိုပါဆွေးနွေးမှု အကြောင်းအရာများနှင့် ပတ် သက်၍ နိုဝင်ဘာ ၁၄ ရက် ညနေ က ဦးညီရန်း၏ ဖေ့စ်ဘွတ်ခ်၌ ဖော်ပြခဲ့ခြင်း ဖြစ်သည်။ UWSA အနေဖြင့် ၎င်းတို့၏ သဘောထား များကို ဦးညီရန်းမှတစ်ဆင့် သ တင်းထုတ်ပြန်လေ့ရှိသည်။

‘‘နိုင်ငံရေးဆွေးနွေးရာတွင် ငြိမ်းချမ်းရေးကော်မရှင်ကိုယ်စား လှယ်မှ UWSP/UWSA အဖွဲ့ NCAစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။ ယင်းကိစ္စနှင့် ပတ် သက်၍ FPNCC ကော်မတီ၏ ယခင်ထုတ်ပြန်ကြေညာထား သော နိုင်ငံရေးမူဘောင်များအ တိုင်း ဆက်လက်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြ သည်’’ဟု ဦးညီရန်းက ရေးသား သည်။

အစိုးရနှင့် UWSA တို့ တွေ့ ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့မှ UWSA ထံသို့ ချစ်ကြည်ရေးစကားကို အစိုးရ ကိုယ်စားလှယ်အဖွဲ့က ပြောကြား ပြီးနောက် ဒေသဖွံ့ဖြိုးရေးကိစ္စ များ အဓိကထားဆွေးနွေးခဲ့ကြောင်း ဦးညီရန်းက ဆိုသည်။

‘‘UWSA ဒုဥက္ကဋ္ဌ Tax Ngox Khuat (ဦးရှောက်မင်လျန်)မှ ‘၀’ပြည်နယ်သည် ပြည်ထောင်စုမြန် မာနိုင်ငံတော်မှ ဘယ်တော့အခါ မှ ခွဲထွက်ခြင်းမပြုပါဟူသော သဘောထားများပြောကြားခဲ့ သည်’’ဟု ဦးညီရန်းက ၎င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားသည်။

အစိုးရနှင့် UWSA တို့ ဆွေး နွေးမှုနှင့် ပတ်သက်၍ သမ္မတရုံး တာဝန်ရှိသူထံ ဆက်သွယ်ရာ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်များ ထံ   မေးမြန်းရန်   ပြန်လည်ဖြေကြားသည်။ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့တာဝန်ရှိသူများကို နိုဝင်ဘာ ၁၄ ရက်က အကြိမ်ကြိမ်ဆက်သွယ်ရာ ဖုန်းဖြေဆိုခြင်းမရှိပေ။

‘၀’နှင့် မိုင်းလားတို့ပါဝင် သည့် မြောက်ပိုင်းခုနစ်ဖွဲ့သည် NCA မထိုးဘဲ နိုင်ငံရေးဆွေးနွေး မည်ဆိုသည့်မူချမှတ်ထားရာ အစိုးရက ယင်းမြောက်ပိုင်းခုနစ် ဖွဲ့၏ စုဖွဲ့မှုနှင့် မူဝါဒများကို အသိအမှတ်ပြုလက်ခံခြင်းမရှိသေး ပေ။

Top News