ကျေးလက်ဒေသ ပစ်မထားရ

လမ်းပန်းဆက်သွယ်မှုတွေလွယ်ကူမြန်ဆန်လာတာနဲ့အမျှ ကျေးလက် မြို့ပြအရင်ထက် ကူးလူးဆက်သွယ်မှု ပိုများလာတယ်။ အရင်က မြို့ကို တစ်ခါတစ်ခေါက် ရောက်ဖို့ မလွယ်ကူခဲ့ပေမယ့် အခုခေတ်မှာ မြို့ပြနဲ့ ကျေးလက်က ရေအိုးနဲ့ ရေမှုတ်လို ဖြစ်လာတယ်။တစ်ဝမ်းတစ်ခါးအတွက် မြို့ပြမှာ လာရောက် လုပ်ကိုင်ကြသူတွေတစ်နေ့တခြား များလာတယ်။ မြို့ပြမှာ ကျေးလက်ဒေသက လူတွေလာရောက်လုပ်ကိုင်ကြတာ ၀င်ငွေရပေါက်ရလမ်းများလွန်းလို့ မဟုတ်ဘဲ နေ့စဉ်စားဝတ်နေရေးအတွက် လာရောက်လုပ်ကိုင်ကြတာပါ။ ကျေးလက်က လူငယ်လူရွယ်တွေသာမက အရွယ်မရောက်သေးသူတွေရော အရွယ်ရောက်ပြီးသူတွေပါ ကျားမမရွေး မြို့ပေါ်တက်အလုပ်လုပ်ကိုင်လာကြတာ ဖြစ်ပါတယ်။

တချို့လည်း အလုပ်လုပ်ရုံမျှ သာ မဟုတ်တော့ဘဲ လယ်တွေ ယာတွေရောင်းချပြီး မြို့ပြမှာ အ ခြေချနေထိုင်ဖို့ အပြီးပြောင်းရွှေ့ လာကြတာလည်း ရှိတယ်။ လက် ရှိကျေးလက်ဒေသမျိုးဆက်က ကိုင်းကျွန်းလယ်ယာဘိုးဘွားအ မွေအနှစ်တွေကို အရင်လူတွေ လောက် မမက်မောဘူး။ လယ် ယာမြေအချို့ ဈေးကောင်းရလာ တဲ့ ခေတ်အခြေအနေမှာ ရှိစုမဲ့စု လယ်ယာမြေလေးရောင်းချပြီး ငွေထုပ်ပိုက်ကာ မြို့တက်လာ ကြသူတွေရှိတယ်။ မိုးလေ၀သ မျှော်ကိုးပြီး တစ်နှစ်ပတ်လုံးကုန်း ရုန်းလုပ်ပါမှ သစ်စေ့သစ်နှံလေးရ တဲ့ဘ၀ကို မခုံမင်တော့ဘူး။ လယ် သမား၊ ယာသမား၊ ကိုင်းသမား က တစ်နှစ်ထက်တစ်နှစ်ရှားပါး လာနေပြီ။ ရင့်မှည့်လို့ ရိတ်သိမ်း ချိန်ရောက်တာတောင် ရိတ်သိမ်း ပေးမယ့် တောင်သူစောင့်နေရလို့ အချိန်မီ တလင်းထဲမရောက်နိုင် ဘူး။

လူဆိုတာ ရေကြည်ရာ မြက် နုရာရွေးချယ်ကြစမြဲပဲ။ မြို့ပြက ရေကြည်နိုင်မယ်ထင်ရင် မြို့ပြကို တက်လာကြမှာပဲ။ ကျေးလက်က လူတွေ မြို့ပြကို တက်မလာကြနဲ့ ဆိုပြီး တားဆီးပိတ်ပင်လို့ မဖြစ် နိုင်ဘူး။ မြို့ပြမှာ အလုပ်အကိုင် အပြင် ပညာရေးအခွင့်အလမ်း တွေနဲ့ ကျန်းမာရေးစောင့်ရှောက် မှုတွေက ကျေးလက်ထက်သာနေ တယ်။ အဲဒါတွေနဲ့အတူ နေထိုင်မှု စရိတ်၊ ယစ်မူးတိမ်းမောစရာ ကာ မဂုဏ်အာရုံ၊ ဒုစရိုက်မှုတွေကလည်း ကျေးလက်ဒေသထက် မြို့ပြကပိုတယ်ဆိုတာ သတိပြုဖို့လိုပါတယ်။

မြန်မာနိုင်ငံမှာ ကျေးလက် ဒေသနေထိုင်သူဦးရေက နိုင်ငံလူ ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရှိ နေတယ်လို့ ၂၀၁၄ က ထုတ်ပြန် တဲ့ လူဦးရေစာရင်းမှာ ဖော်ပြထား တယ်။ မြန်မာနိုင်ငံက စိုက်ပျိုးရေး ကို အခြေခံစီးပွားရေးအဖြစ် လုပ် နေရတဲ့ နိုင်ငံသာ ဖြစ်တယ်။ စက် မှုလယ်ယာကို ကူးပြောင်းဖို့ ကြိုး စားနေဆဲအဆင့်သာ ရှိပါသေး တယ်။ ကျေးလက်ဒေသက လူတွေ ကျေးလက်မှာ ပျော်ရွှင်အောင် ဖန်တီးပေးကြရပါ့မယ်။ လယ်ယာစိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့နဲ့ အဆင့်မီ သွင်းအားစုတွေ ဈေးသက်သက် သာသာနဲ့ အလွယ်တကူဝယ်ယူ နိုင်အောင် ပြုလုပ်ပေးရပါမယ်။ စိုက်ပျိုးရေးနည်းပညာတွေ တောင်သူတွေဆီ ဖြန့်ဝေပေးနိုင်ဖို့ လိုအပ်ပါတယ်။ ထွက်ရှိလာတဲ့ သီးနှံတွေအတွက် အာမခံချက်ရှိတဲ့ ဈေး ကွက်ဖော်ဆောင်ပေးနိုင်ရင် တောင်သူတွေဘ၀ မြင့်မားတိုးတက်လာ မှာ ဖြစ်တယ်။

 ကျေးလက်က တောသူ တောင်သားတွေ ဇာတိရပ်ရွာမှာ လုပ်ကိုင်စားရတာ အဆင်မပြေ ကြဘူး။ မြို့ပြမှာလည်း ပျော်လှ တယ်မဟုတ်ပေမယ့် ၀မ်းရေးအ တွက်သွားရောက်လုပ်ကိုင်နေကြ ရတယ်။ ကျွန်တော်ရောက်ခဲ့တဲ့ ကျေးလက်ဒေသအချို့မှာ လက် ဖက်ရည်ဆိုင်ရှိဖို့ မသေချာပေ မယ့် အရက်ဆိုင်တွေက ပေါမှ ပေါ။ ကျွန်တော်ရောက်ခဲ့တဲ့ အ ညာဒေသက တိုက်နယ်အဆင့်ရှိ တဲ့ ရွာကြီးတစ်ရွာဆိုရင် အရက် ဆိုင်တွေစုနေတဲ့ ရွာလယ်လမ်းကိုဘားလမ်းအမည်တွင်ရအောင်အ ထိ အရက်ဆိုင်တွေက ပေါလှ တယ်။ အဲဒီရွာမှာ လျှပ်စစ်ဓာတ် အားလိုင်းမရှိသေးပေမယ့် မီးစက် အင်ဂျင်နဲ့ နှိုးပြီးရောင်းတဲ့ စည်ဘီ ယာဆိုင်ရှိနေတယ်ဆိုရင် မအံ့သြ ပါနဲ့။ အရက်သောက်သုံးမှုက လည်း စံချိန်တင်ပါပဲ။ စည်ဘီယာ ရောင်းကြေးငွေက နေ့စဉ်ဂဏန်း ခြောက်လုံး (သိန်း)အထက်မှာရှိ နေပါသတဲ့။

ကျေးလက်မှာ အခုဖြစ်နေ တာက လယ်ယာလုပ်သားရှားပါး လာတယ်။ အရက်သောက်သုံးမှု က မြင့်တက်နေတယ်။ တောအ ရက်ဆိုင်၊ ထန်းရည်ဆိုင်တွေအ ပြင် တံဆိပ်မျိုးစုံနဲ့ ပြည်တွင်းဖြစ် အရက်တွေက ရွာအိမ်ဆိုင်မှာ အလွယ်တကူဝယ်လို့ရနေပြီ။

ဖွံ့ဖြိုးရေးလို့ ပြောတိုင်း မြို့ ပြချည်းမြင်နေလို့မရဘူး။ ကျေး လက်ဒေသပါ မြို့ပြနဲ့အတူ အချိုး ညီညီဖွံ့ဖြိုးလာမှ ဖွံ့ဖြိုးရေးအစစ် အမှန်ဖြစ်မယ်။ တောသူတောင် သားအများစုက သူတို့ဒေသကို ချစ်ခင်တွယ်တာကြသူတွေများ တယ်။ မလွှဲသာလွန်းမှသာ နေရပ် စွန့်ခွာဖို့ ကြိုးစားကြတာ။ ဒါပေမဲ့ ဒီနေ့ခေတ်မှာတော့ တောသူ တောင်သားအချို့ ကိုယ့်နေရပ်ကို စွန့်ခွာကုန်ကြပြီ။ အကြောင်းအ မျိုးမျိုးကြောင့် ရွာမှာကျန်ခဲ့သူ တွေ ကိုယ်တိုင်က အရင်လိုမပျော် ရွှင်ကြတော့ဘူး။ ဒါဟာ ကျေးလက်ဒေသလူ့အဖွဲ့အစည်းရဲ့ ဒီ နေ့ရင်ဆိုင်နေရတဲ့ လူမှုပြဿနာ တစ်ခုဖြစ်တယ်။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

ကျေးလက်ဒေသအချို့မှာ ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာ အရင် ထက်တိုးတက်ဖွံ့ဖြိုးလာတယ်ဆို ပေမယ့် အစစ်အမှန်ဖွံ့ဖြိုးမှုရော ဟုတ်ရဲ့လား။ ညနေ နွားရိုင်းသွင်းချိန်မှ သောက်ရတဲ့ ထန်းရည်နေ ရာမှာ မီးစက်နှိုးပြီး ရောင်းတဲ့ စည် ဘီယာကို အချိန်မရွေးသောက်သုံး လာနိုင်တာ တိုးတက်တယ်လို့ ဆို နိုင်မှာလား။ လက်ထဲမှာ ဖုန်းတစ် လုံးထည့်ထားပြီး အချိန်ပြည့်ပွတ် နေတာ ဖွံ့ဖြိုးတိုးတက်တယ်လို့ ယူဆနိုင်မလား။ ဘိုးဘွားအမွေအ နှစ် လယ်ယာမြေဈေးကောင်းရ လို့ ကားဝယ်စီးတာ တကယ့်တိုး တက်မှုလား။ ယာထဲကိုင်းထဲက ဟင်းသီးဟင်းရွက်ခူးစားလို့မရ တော့ဘဲ အိမ်ဈေးဆိုင်မှာ ငွေပေး ၀ယ်စားလာရတာ ဖြစ်သင့်ရဲ့ လား။

လမ်းပန်းဆက်သွယ်ရေး တွေ မကောင်းခင် ပညာသင်ကြား ရေးအခွင့်အလမ်းတွေ နည်းပါး စဉ်က အသိပညာရှင်တွေ အတတ် ပညာရှင်တွေ ကျေးလက်ဒေသက ထွက်အောင် စွမ်းဆောင်နိုင်ခဲ့ကြ တယ်မဟုတ်လား။ ထင်ရှားတဲ့ အနုပညာရှင်အချို့နဲ့ နိုင်ငံရေးသ မားကြီးတွေဟာ တောသူတောင် သားတွေသာ ဖြစ်ကြပါတယ်။ ဒီနေ့ နယ်ပယ်အသီးသီးမှာ ထိပ် တန်းရောက်နေကြတဲ့ ပညာရပ် ဆိုင်ရာကျွမ်းကျင်ပညာရှင်ကြီး တွေဟာ ရွာသူရွာသားတွေဖြစ်ကြ တယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။

လက်ရှိအခြေအနေအတိုင်း သွားခဲ့ရင် နောင်တစ်ချိန်မှာရော ကျေးလက်ဒေသကလူတွေ အခု လိုစွမ်းဆောင်နိုင် ဦးမှာလား။ ကျေးလက်ဒေသဖွံ့ဖြိုးရေး အ တွက် စီမံကိန်းချလုပ်ဆောင်ကြ ရမယ့် အချိန်ရောက်ပါပြီ။ လူမှု ရေးပညာရှင်တွေ၊ ကျေးလက်က ခေတ်ပညာတတ်တွေ၊ ရွေးချယ်ခံ အမတ်တွေ၊ အစိုးရအဖွဲ့တာဝန်ရှိ  သူတွေ ခေါင်းချင်းဆိုင်ပြီး အဖြေ ထုတ်ပေးကြစေလိုပါတယ်။ ကျေး လက်ဒေသကို ပစ်မထားကြဖို့ မေတ္တာရပ်ခံပါတယ်။    ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

Top News