ပုစွန်ဆိတ် ပဲသီးစပ်ချဉ်ချက်

ဒီတစ်ပတ်တော့ ပဲသီးအစပ် ချက်လေးနဲ့ ထမင်းစားမြိန်စေဖို့ ဖော်ပြလိုက်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

၁။အရင်ဆုံး ပုစွန်ဆိတ်တွေကို ရေစင်အောင်ဆေးပြီး အရသာမှုန့်၊ ဆားတို့နဲ့ နယ်ထားပါ။

၂။ပဲသီးကို အရွယ်တော်လေးတွေလှီးပြီး ရေဆေးကာစစ်ထားပါ။

၃။ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးကိုပါးပါးလှီးပြီး ကြက်သွန်ဖြူ၊ ချင်း တို့ကို ဓားပြားရိုက်ထားပါ။

၎။ဒယ်အိုးထဲမှာ ဆီထည့်ပြီးပူလာရင် ကြက်သွန်နီထည့်ပြီး ဆီသတ် ပါ။

၅။ကြက်သွန်နီနွမ်းလာရင် ငရုတ်သီးခွဲကြမ်းမှုန့်၊ ကြက်သွန်ဖြူနဲ့ချင်း တို့ကို ထည့်မွှေပေးပါ။

၆။အနံ့မွှေးလာရင် ခရမ်းချဉ်သီးထည့်ပြီးကျေအောင်မွှေပြီးတော့ ပုစွန်ငါးပိထည့်ချေပေးပါ။

၇။ပြီးရင် ပုစွန်ထည့်ပြီး အရောင်ရဲလာသည်အထိ ကြော်ပေးပါ။

၈။ပုစွန်အရောင်ရဲလာရင် ပဲသီး၊ အရသာမှုန့်၊ ဆားအနည်းငယ်ကို ထည့်ပြီး မွှေပေးပါ။

၉။ပဲသီးနွမ်းပြီး အနှစ်ခြောက်လာရင် အရသာစိတ်ကြိုက်မြည်းပြီး တော့ မီးပိတ်လို့ ရပါပြီ။

ပါဝင်ပစ္စည်းများ

ပုစွန်ဆိတ်          (၂၀)ကျပ်သား

ပဲသီး                  (၁) စည်း

ပုစွန်ငါးပိ              လက်ဖက်ရည်ဇွန်း (၁)ဇွန်း

ခရမ်းချဉ်သီး        ၁ လုံး

ကြက်သွန်နီ         ၁ လုံး

ကြက်သွန်ဖြူ        ၃ မြွှာ

ချင်း                  အနည်းငယ်

ငရုတ်သီးခွဲကြမ်းမှုန့်စားပွဲတင်ဇွန်း (၁)ဇွန်း

ဆီ             စားပွဲတင်ဇွန်း (၃)ဇွန်း

Ei’s Cooking Diary က ပံ့ပိုးကူညီပါသည်။